Monday, October 7, 2013
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် နမ့်တော
ကျေးရွာတွင် အသက်ဆယ်နှစ်အရွယ် ကလေးငယ် တစ်ဦး ဝက်ဝံကုတ် ခံရ၍
သေဆုံးခဲ့ရသည်ဟု မိုင်းကိုင်း ရဲစခန်းမှ သိရသည်။
ဖြစ်ပွားပုံမှာ အောက်တိုဘာ ၃ရက် နံနက် ၁ဝနာရီခန့်က နမ့်တောကျေး ရွာနေ
ဦးရဲအောင်- ဒေါ်အဲအဲတို့ ဇနီး မောင်နှံ သည် အသက်ဆယ်နှစ် အရွယ်
သမီးဖြစ်သူကို နမ့်တော ကျေးရွာ ရွာဦးပိုင်းရှိ မေဃိန္ဒာရာမ ကျောင်းတိုက်၌
ခြံခတ် မွေးမြူထားသည့် ဝက်ဝံအား လိုက်ပြရာမှ ဝက်ဝံသည် ကလေးငယ်၏ ခြေထောက်ကို
လှမ်းဖဲ့ကုတ် ယူချိန်တွင် ကလေး၏ ဝမ်းဗိုက်အား ကုတ်ခြစ် မိသဖြင့်
ဗိုက်ပေါက်၍ အူများ ထွက်ကျခဲ့ခြင်း ဖြစ်သည် ဝက်ဝံကုတ်ခံရသည့်
ကလေးငယ်အား အချိန်မီ ဆေးဝါးကုသမှု ခံယူနိုင်ရန်အတွက် နမ့်တော တိုက်နယ်ဆေး
ရုံသို့ပို့ ဆောင် ခဲ့ရာ ထိုဆေးရုံမှ တစ်ဆင့် ဟုမ္မလင်းမြို့ ခုတင်- ၁ဝဝဆံ့
ပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက် သွားရောက် စဉ် ခေါက်ငို ကျေးရွာ အနီး၌
ကလေးငယ်မှာ သေဆုံး သွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံး ကလေးငယ်၏ မိဘများသည် သက်ဆိုင်ရာသို့
တစ်စုံတစ်ရာ အကြောင်း ကြားခြင်း မရှိဘဲ ကလေးငယ်၏ အလောင်းအား နမ့်တော
ကျေးရွာ သုသာန်၌ မြေမြှုပ် သဂြိုဟ်ခဲ့ရာ ဒေသတွင်း အရပ် သတင်း များအရ
မိုင်းကိုင်း ရဲစခန်းမှ ယခုလ ၅ ရက်တွင် စုံစမ်းသိရှိရခြင်း ဖြစ်သည်။
ထို့အတွက် အသက်ဆယ်နှစ် အရွယ် ကလေးငယ် သေဆုံးရခြင်းအား မိုင်းကိုင်း
ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃၉/ ၂ဝ၁၃ အရ အမှုရေး ဖွင့်နိုင်ရန် ဒုတိယ
ရဲအုပ်နေမျိုးက တရားလိုပြုလုပ်၍ တိုင်တန်း ခဲ့ကြောင်း သိရှိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment