ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ အသည်ကြီးရဲတပ်ဖွဲ့ စခန်း ထံမှ သိရသည်။ လွန်ခဲ့သောရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ဖူးသည့် အသက်
၂၀ အရွယ် လပြည့် (ခ)ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်
မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင် နံဘေးရှိပေိုက်မှ တွယ်တက်ကာ
လေသာဆောင်ပြတင်းပေါက်ကိုဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ
ငွေအိတ်ကို ယူသွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်းစစ်ချက်များအရ သိရသည်။
Saturday, June 01, 2013
မန္တလေး ဘီယာလုပ်ငန်း အသိမ်းခံခဲ့ရမှု အတွက် နစ်နာကြေး တောင်းမည်
စစ်အစိုးရလက်ထက်တွင် မန္တလေး ဘီယာစက်ရုံကို အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့်
ဖက်စပ်လုပ်ကိုင်ရင်း အသိမ်းခံခဲ့ရသည့် ရောင်ခြည်ဦး ကုမ္ပဏီပိုင်ရှင်
ဒေါ်ဝင်းဝင်းနုက ၎င်း၏ စီးပွားရေးအရ ဆုံးရှုံးနစ်နာခဲ့ရမှု များကို အစိုးရသစ်ထံတွင်တောင်းခံသွားမည်ဟု ဧရာဝတီသို့ ပြောသည်။စင်ကာပူ အခြေစိုက် ရောင်ခြည်ဦး ကုမ္ပဏီသည် ၁၉၉၃ ခုနှစ်က အာဏာသိမ်း
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) လက်ထက်ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်စဉ်က မန္တလေးဘီယာကို ၅
နှစ်စာချုပ်ဖြင့် ဖက်စပ် ထုတ်လုပ် ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
“မြေမြို၍ လူမျိုးမပျောက် လူမျို၍ လူမျိုးပျောက်” ဆိုသည့်စကား ဒေါ်အောင်ဆန်းစုကြည် သိစေချင်သည်
ဒကာမကြီး အောင်ဆန်းစုကြည်- ဦးပဉ္ဖင်းကတော့
ဘုန်းကြီးတစ်ပါးမို့ ..ပြောရမယ်ဆိုရင် ဒကာမကြီးရဲ့ လုပ်ရပ်တွေ ကို အကောင်းမြင်စိတ်နဲ့
ထောက်ခံလာတဲ့သူမို့ ဒကာမကြီးအတွက် အကျိုးရှိစေဖို့ ပြောဆို သွားမှာဖြစ်ပါတယ်။ ယခုတလော
ဒကာမကြီးအပေါ်လူကြိုက်နည်းလာတာနဲ့ပတ်သက်လို့ ဘယ်ကစပြောရ မလဲဆိုရင် ဘုန်းကြီးဝီရသူပြောတဲ့
ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပဲ အခြေခံ ပါ့မယ်။ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၇၈၆ တွေကို နေရာပေး လိုက်ကတည်းကဘုန်းကြီးတို့ လောက မှာလဲ လှုပ်လှုပ်ရွရွ တော်တော်ဖြစ်သွားပါတယ်။
မန္တလေးသုဓမ္မာဇရပ် အမည်ပြောင်းမည်
မန္တလေးမြို့တွင် အသစ်ပြန်လည် တည်ဆောက်မည့် ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်တော်ကို သုဓမ္မာ သံဃာသဘာဟု အမည်ပြောင်းလဲခေါ်ဝေါ်မည်ဖြစ်ကြောင်း
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)ထံမှ သိရသည်။ ယင်းကဲ့သို့ အမည်ပြောင်းလဲခေါ်ဝေါ်ရန်
သီတဂူ ဆရာတော် ဘုရားကြီးက မိန့်ကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ်က လက်ခံခဲ့ကြောင်း အဆိုပါ ဌာနမှ သိရသည်။ ‘သု’
ဆိုသည်မှာ-မွန်မြတ်ခြင်း၊ ‘ဓမ္မာ’ ဆိုသည်မှာ တရား၊ ‘သံဃာ’ ဆိုသည်မှာ
သံဃာတော်များ၊ ‘သဘာ’ ဆိုသည်မှာ အဆောက်အအုံဟု အဓိပ္ပာယ်ရှိကြောင်း၊ သုဓမ္မာ
သံဃာသဘာ ဆိုသည်မှာ မွန်မြတ်သည့် တရားတော်များ၊ သံဃာတော်များ စုဝေးသည့်
အဆောက်အအုံ နေရာဟု အနက် အဓိပ္ပာယ်ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက
ရှင်းပြသည်။
Thursday, May 30, 2013
NLD မြို့နယ် ဥက္ကဌ တစ်ဦး နှုတ်ထွက်စာတင်
သန်လျင်မြို့နယ် NLD ပါတီဥက္ကဌမှ နှုတ်ထွက်စာတင်ခဲ့ကြောင်း
သိရှိရပါသည်။ သံလျင်မြို့နယ် NLD ပါတီဥက္ကဌ ဦးစိုးဟန်သည် ပါတီ လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်လိုစိတ်
မရှိသဖြင့် ယခုကဲ့သို့ နှုတ်ထွက်စာတင်ခဲ့ကြောင်း ၄င်းနှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
ယခုလ ၂၈ ရက်နေ့တွင် သံလျင်မြို့နယ် NLD ပါတီရုံးခန်းတွင် ပါတီဥက္ကဌ ဦးစိုးဟန် နှုတ်ထွက်မှုနှင့်
ပတ်သက်ပြီး မြို့နယ်အလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ ဦးစိုးဟန် အနေဖြင့်
၎င်းနှုတ်ထွက်စာများအား အဖွဲ့ချုပ်ရုံး၊ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများ သို့
ပေးပို့ ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဦးစိုးဟန်အနေဖြင့်
Monday, May 27, 2013
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ ၄၉၈ သန်း ကူညီမည်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နေပြည်တော်တွင် တွေ့ဆုံစဉ်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက်
အားပေးကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၄၉၈
သန်းကျော် အကူအညီ ပေးသွားမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာလိုက်ပါတယ်။
မောက်စံရွာ NLD ပါတီဝင်တွေကို ပအိုဝ်းအမျိုးသားတပ်မတော်က ဖိအားပေး
တောင်ကြီးမြို့နယ် NLD ရုံးမှာ မေလ ၁၉ ရက်နေ့က အရေးပေါ်အစည်းအဝေးကျင်းပနေပုံ
မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ ပအိုဝ်း
အမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်း အမျိုးသားတပ်မတော် PNA အဖွဲ့က
တောင်ကြီး မြို့ မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်အဖြစ်က
နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီက ဒီကနေ့
တိုင်ကြားစာတစ်စောင် ပေးပို့လိုက်ပါတယ်။
ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အားလုံးအရေး ထည့်သွင်းဆွေးနွေးဖို့ တောင်းဆို
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး
ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရနဲ့ ကေအိုင်အို
ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက်အမြန်ဆုံး ငြိမ်းချမ်းရေး ရအောင်
ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့
ရှမ်းတိုင်းရင်းသားမျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန်
တိုက်တွန်းလိုက်ကြပါတယ်။
တနင်္ဂနွေနေ့တိုင်း လက်ပံတောင်း တောင်ကြည့်ပွဲ ခွင့်ပြုချက် မတင်ဘဲ ဆက်လုပ်မည်
ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စရပ်သည်
ပြီးပြတ်သွားသည် မဟုတ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ကိစ္စရပ်လည်းဖြစ်နေ၍ အာဏာပိုင်များ သိရှိစေရန် တောင်ကြည့်ပွဲကို အပါတ်စဉ်
တနင်္ဂနွေနေ့တိုင်း မုံရွာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်
ကျောင်းသားများ သမဂ္ဂက ပြောသည်။
၈၈ မျိုးဆက်တို့ရဲ့ ခရီးခဲ -၂
နှမျောစိတ်က သူ့အတိုင်းရပ်မနေခဲ့။ တွေး၏။ ယာဂုအိုးကြီးကွဲသလို
ခံစားမှုတွေဝင်၏။ မင်ဖူးသည့်တရား ကွယ်သလိုလို ဖြစ်ရ၏။ “ကောင်းပါတယ်ကွာ၊
ပြီးသွားတာပေါ့၊ လူလုံးကွဲသွားတာပဲ” စသည့်မချိတင်ကဲဖြင့်
သက္ကရာဇ်ဟောင်းတို့ကို ငဲ့စောင်းမိ၏။ “ကျောင်းသားခေါင်းဆောင်များအဖြစ်
ထောင်ထဲဝင်သွားကြပြီး နိုင်ငံရေးသမားများအဖြစ် ပြန်ထွက်လာကြ သည့် သူတို့အား ခေတ်တခေတ်ထဲအပြိုင် ဖြတ်ခဲ့ကြသည်ဆိုငြား မိမိခေါင်းဆောင် များအဖြစ်
မြင်စမ်းချင်လှ” ဟု တောင့် တခဲ့ဖူး၏။ ခု ထိုမျှော်လင့်ချက် တို့အား
ယာယီသိမ်းဆည်းရုံမှတပါး မှုံဝါးဝါးအနာဂတ်ပေါ် မပုံဝံ့ မယုံဝံ့သေး။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အခြေခံဥပဒေပြင်ဆင်ရေး သဘောထားထုတ်ပြန်
ပြင်ဆင်ရန် မူကြမ်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်ရာ သမ္မတတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်
နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင်သော်လည်းကောင်း ကွယ်လွန်ပြီးလျှင်သော် လည်းကောင်း အကျုံဝင်ခြင်း မရှိစေရဟု ပြင်ဆင်လိုက်သည်။ လက်ရှိဖွဲ့စည်းပုံပါ သမ္မတဖြစ်ခွင့်နှင့်ပတ်သက်၍ ကန့်သတ်မှု လွန်ကဲနေသည်ဟု NDF က ဝေဖန် လိုက်သည်။
ယခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆု NLD ပညာရေးကွန်ရက် ရရှိ
ပြည်သူ့ဂုဏ်ရည်အသင်းက ချီးမြှင့်သော ၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့
ဂုဏ်ရည်ဆုကို “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို
ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

