မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Friday, February 05, 2016
၅၉(စ) ဆိုင်းငံ့ရေးနှင့် တပ်မတော်လိုလားသူအချို့ ၀န်ကြီးချုပ်ဖြစ်ရေး အပေးအယူ လုပ်နေဟု သတင်းထွက်ပေါ်
ဆက်လက်ဖတ်ရှုရန် »
NLD အစိုးရရင်ဆိုင်ရမယ့် ထွေအုပ်ဌာန
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည်ကိစ္စ စုံစမ်းဖို့လိုမှ စုံစမ်းမည်ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့တုန့်ပြန်
လူမှုကွန်ယက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အသက်အန္တရာယ်ခြိမ်း ခြောက်သည့်ကိစ္စ စုံစမ်းဖို့ လိုအပ်ပါမှ စုံစမ်းမည်ဟု ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၅ရက်နေ့တွင် မဇ္ဈိမသို့ တုန့်ပြန်ပြေဆိုသည်။
"လိုအပ်ချက်ရှိရင်စုံစမ်းမယ်။ စုံစမ်းဖို့လိုမှစုံစမ်းမယ်၊" ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဖုန်းကိုင်ဖြေ ကြားသူက ဆိုသည်။
ဆက်လက်ဖတ်ရှုရန် »
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အဖွဲ့က ပြည်ထောင်စုနေ့တွင် ကြေညာစာတမ်းထုတ်ပြန်မည်
လာမည့် (၆၉) ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံရေး ပါတီများစုဖွဲ့ ထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် Federal Democracy Alliance (FDA) အဖွဲ့ဝင်ပါတီများ က ကျင်းပမည်ဖြစ်ပြီး သဘောထားကြေညာစာတမ်းတစ်စောင် ထုတ်ပြန်မည်ဟု FDA ရုံးမှသိရသည်။
ဆက်လက်ဖတ်ရှုရန် »
လွှတ်တော်ကော်မရှင်များဖွဲ့စည်းမှု စိတ်ဝင်စားဖွယ်ဖြစ်သည်ဟု OMIထုတ်ပြန်
ပြည်သူ့လွှတ်တော် ကော်မရှင်များဖွဲ့ စည်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များသာမက ကိုယ်စားလှယ် မဟုတ်သူများကိုပါ ထည့်သွင်းခွင့်ရှိသည့် အတွက် စိတ်ဝင်စားဖွယ် ဖြစ်သည်ဟု လွှတ်တော်စောင့်ကြည့်လေ့လာရေး လုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (Open Myanmar Initiative) က ထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုရန် »
အခြေခံဥပဒေပြင်မယ်လို့ ဥပဒေကြမ်းကော်မတီဥက္ကဌသစ် ပြော
ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်သူ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးထွန်းထွန်းဟိန်ကို တာဝန်ပေးအပ်ကြာင်း လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၄ရက် လွှတ်တော်အစည်းအဝေးတွင် ကြေငြာလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ဘိန်းဘုရင်ခွန်ဆာ၏ ကွန်ရက်နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်း ထိုင်းမှာ ဖမ်းမိ
ခန့်မှန်းထိုင်းဘတ်ငွေသန်း၂၀၀ ပေါက်ဈေးရှိသောမူးယစ်ဆေးဝါးများဖမ်းမိ မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က ဂျမ်ရတ်ဒင်ပရီးချာ (၅၄)နှစ်၊ လတ်ဆက် ဖုရီပန်ရာနန့် (၃၇)နှစ်နှင့် စိုင်းဟုဖော်ပြထားသော ရှမ်းအမျိုးသား တဦး တို့ကို ဖမ်းဆီးစစ်နေသည်။
ဆက်လက်ဖတ်ရှုရန် »
သူရဦးရွှေမန်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရသလို နိုဝင်ဘာ ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဟောင်း သူရဦးရွှေမန်းအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင် ရထားသော NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဆက်ဆံရေး ရှိနေသည့်အတွက် မည်သည့် အခန်းကဏ္ဍမှ သူရဦးရွှေမန်း ပြန်လည်ပါဝင် လာမည်ကို လူအများစုက စိတ်ဝင်စားလျက်ရှိသည်။
ဆက်လက်ဖတ်ရှုရန် »
ဥပဒေကြမ်းနဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီသစ်တွေ ဖွဲ့စည်း
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အမြဲတမ်းကော်မတီ ၄ ခုထဲက ဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီတွေကို လွှတ်တော်ကိုယ်စားလှယ် ၁၅ စီနဲ့ ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။
လွှတ်တော်ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးနဲ့ အပြန်အလှန်ထိန်း ကျောင်းနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီကို စတင်ဖွဲ့စည်းတာဖြစ် ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး အလားအလာ အကဲခတ်တချို့ အမြင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဆိုရင် NLD ပါတီနဲ့ စစ်တပ်အကြား အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်ဖို့ နဲ့ သဘောတူညီမှုတွေ ထပ်ယူဖို့ လိုအပ်တဲ့အတွက် NLD အစိုးရ ပထမ သက်တမ်းအတွင်းမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဆီးရီးယား ဒုက္ခသည်တွေ အတွက် ဒေါ်လာ သန်းထောင်ချီ လှူ ကြမည်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆီးရီးယား ဒုက္ခသည် တွေအတွက် အမေရိကန်က ကူညီထောက်ပံ့ငွေ နောက်ထပ် ဒေါ်လာ သန်းတထောင်လောက် အသစ်ချထားပေးမယ်လို့ နိုင်ငံတကာ အလှူရှင်များ အစည်းအဝေးမှာ ကတိပေးလိုက် ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးပို့နိုင်ဖို့ အတွက် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြဖို့လည်း ဆီးရီးယား အစိုးရနဲ့ ရုရှားတို့ကို တောင်းဆိုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မြောက် ဒုံးစမ်းသပ်မှု တောင်ကိုရီးယား လက်ခံမည်မဟုတ်
မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံး ပစ်လွှတ်မှုကို ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး လို့ တောင်ကိုရီးယား သမ္မတ ပါ့ဂွန်ဟဲက ဒီကနေ့ ပြောကြား လိုက်ပါတယ်။ သမ္မတရဲ့ကြေညာချက်ကို သမ္မတပြောခွင့်ရက သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
New Hampshire ပြည်နယ်က ဒီမိုကရက်တစ်ပါတီ လူထုတွေ့ဆုံပွဲ
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားနေကြတဲ့ ဟီလာရီ ကလင်တန်နဲ့ Bernie Sanders တို့ ဗုဒ္ဓဟူးနေ့ညက New Hampshire ပြည်နယ် Townhall ဆွေးနွေးပွဲမှာ ပါဝင်ကြပြီး သူတို့ရဲ့ မတူကွဲပြားတဲ့ အယူအဆတွေကို အဓိက ပြောဆိုသွား ကြပါတယ်။
ဆက်လက်ဖတ်ရှုရန် »
၅၉(စ) ဆိုင်းငံ့ရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ အမြင်
ဆက်လက်ဖတ်ရှုရန် »
ရခိုင်အမျိုးသားပါတီ၏ ၁/၂၀၁၆ ကြေညာချက်ပါ အချက်တချို့ ပြင်ဆင်ရန် စစ်တွေအရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို
ရခိုင်အမျိုးသားပါတီရဲ့ ဇန်န၀ါရီ ၁၉ ရက် နေ့စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ ၁/၂၀၁၆ ပါ အချက်တချို့မှာ ညှိနှိုင်းရန် ခက်ခဲတယ်လို့ ယူဆ မှုကြောင့် ပြင်ဆင်ဖို့ လိုအပ်နေပြီး ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြန်လည် သုံးသပ်သင့်ကြောင်း စစ်တွေအရပ်ဖက် အဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာမှာ တိန့်ရှောင်ဖိန် လိုတယ်
၂၀၀၀ ခုနှစ်ရောက်သည့်အချိန် အာရှကို နိုင်ငံ ၂ ခုက ဦးဆောင်လိမ့်မည်၊ ၎င်းတို့မှာ ဖိလစ်ပိုင်နှင့် မြန်မာတို့ ဖြစ်သည်ဟု သြဇာကြီးမားသည့် Far Eastern Economic Review စာစောင်က ၁၉၇၅ ခုနှစ်တွင် ခန့်မှန်း ရေးသားခဲ့ပါသည်။ နောက်ပိုင်း ဘာဖြစ်လာခဲ့သည်ကို လူတိုင်းသိကြပါသည်။ စာနယ်ဇင်းသမားတို့၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းက အမှားကြီးလှသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင် စိတ်ပျက်စရာများ ဆက်ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ အတွက်မူ ၎င်းထက်ပို၍ မှားယွင်းသည့် ကြိုတင်ခန့်မှန်းမှု မရှိနိုင်တော့ပါ။
ဆက်လက်ဖတ်ရှုရန် »
ထိုင်းရောက် တရားမ၀င် နေထိုင်သူများကို ပန်းရောင်ကတ် ထုတ်ပေးမည်
ထိုင်းနိုင်ငံရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံ၊ အလုပ်ရုံများ၊ ပင်လယ်ငါးဖမ်းလှေများ၌ လုပ်ကိုင်နေကြသည့် တရားမ၀င်အလုပ်သမားများကို တရားဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နိုင်ရန် တနှစ်သက်တမ်းရှိ သက်သေခံလက်မှတ် ပန်းရောင်ကတ်များ ထိုင်းအာဏာပိုင်များက ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
တရားမ၀င်အလုပ်သမား နှိမ်နင်းရေး ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြုလုပ်မည်
ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားမ၀င်အလုပ်သမား ရှာဖွေဖမ်းဆီး ရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ယနေ့ထုတ် Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။နိုင်ငံတ၀ှမ်းမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားများ အရေအတွက်ကို သိရှိဖို့နဲ့ တရားမ၀င်အလုပ် သမား ဦးရေကို သိရှိနိုင်ဖို့ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မြန်မာဘာသာ စကားအပေါ် စိတ်ဝင်စားမှု ထိုင်းတွင် ၁၀ ဆအထိ မြင့်တက်ဟု ဆို
ထိုင်းနိုင်ငံတွင် မြန်မာ ဘာသာစကား သင်ကြားပြသသည့် ကာလတ လျှောက် ဆရာမ ဥဘွန်ရတ် ပန်ထုမင် (Ubonrat Pantumin) ၏ အတန်းများတွင် မြန်မာစာကို စိတ်ဝင်စားသော ထိုင်းကျောင်းသား အနည်းငယ်သာ ရှိခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
NCA အောင်မြင်ရန် ထိုင်းတပ်မတော်ဆက်လက်ကူညီစေလိုဟု ဗိုလ်ချုပ်မှူးကြီးပြော
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးခြင်း လုပ်ငန်းများ အပြည့်အ၀ အောင်မြင်ရန် ထိုင်းဘုရင့်တပ်မတော်အနေဖြင့် ဆက်လက်ကူညီစေလိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်း ကအိုတီရာနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
“၅၉ (စ) ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပါပဲဆိုတဲ့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးသိန်းဆွေနှင့် ခဏတာ”
``၅၉ (စ) ဆိုင်းငံ့ပြင်ဆင်မှုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားရမှာပေါ့။ အန်ကယ်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုဆိုထားလဲဆိုတာကို အခုချိန်ထိ လေ့လာနေတုန်းဖြစ်ပါတယ်။
လုပ်နိုင်တဲ့ ကိစ္စလား၊ မလုပ်နိုင်တဲ့ကိစ္စလားဆိုတာကို ဥပဒေပညာရှင်မဟုတ် တဲ့အတွက် ဒီကိစ္စကို ပြန်လေ့လာတိုင်ပင်ပြီး ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ရပါမယ်``ဟု ၄-၂-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ရောက်ရှိလာသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော် မတီဝင် ဦးသိန်းဆွေက သတင်းထောက်တွေကို ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဦးရွှေမန်း ဒုတိယသမ္မတ ဖြစ်လာမလား
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တပူးတတွဲတွဲမြင်ရလေ့ရှိနေတဲ့ သူရ ဦးရွှေမန်းဟာ လာမယ့် အစိုးရသစ် လက်ထက်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးရွှေမန်းကို ဒုတိယသမ္မတ အထိ ပေးနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မင်းပြားကိုယ်စားလှယ် ထောင်ဒဏ်ချမှတ်ခံရမှုကြောင့် ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ၁ နေရာ ဆုံးရှုံး
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရ တာကြောင့် ဥပဒေအရ ယခုရွေးကောက်ပွဲ သက်တမ်းတွင် ၎င်းအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ အလို အလျောက် ပယ်ဖျက်ခံရပြီး ဖြစ်တာကြောင့် ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြည်နယ် လွှတ်တော်နေရာ တွင် ၁ နေရာ ဆုံးရှုံးရမည် ဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
UN ကိုယ်စားလှယ် မစ္စ ယန်ဟီးလီ စစ်တွေသို့လာမည်
ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စစ်တွေမြို့ကို လာရောက်မည် ဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
၅၉(စ)ဆိုင်းငံ့လျှင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ခြိမ်းခြောက်သူကို အရေးယူနိုင်ရန် ပြင်ဆင်
၅၉(စ)ဆိုင်းငံ့လိုက်ပါ က ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ရေးသားသူကို အရေးယူနိုင်ရန် ဥပဒေပညာရှင်များနှင့် တိုင်ပင် နေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိုလည်း အထူး သတိထားနေကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကျည်များနှင့် အတူ မူဂျာဟစ်ဒင် တစ်ဦးကို ဘင်္ဂလာဒေ့ရှ်နယ်စပ်တွင် ဖမ်းမိ
ရခိုင်ပြည်နယ်ထဲသို့ ပို့ဆောင်မည့် ကာတူ ကျည် အလုံး ၈၀ နှင့်အတူ မူဂျာဟစ်ဒင်တစ်ဦးကို မြန်မာနိုင်ငံနှင့် နယ်ချင်းကပ်နေသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘာဇား(ဖလောင်းချိတ်) ခရိုင် တက်ကနက်မြို့နယ်တွင် ဖမ်းမိသသည်ဟု Coxsbazarnews တွင် သတင်းဖော်ပြသည်။
ဆက်လက်ဖတ်ရှုရန် »
၅၉(စ)ပြုတ်ရင် ဘာနိုင်ငံဖြစ်သွားမလဲ
ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူရဲ့ ချွေးမဟာတိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွား တယ်လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ချယ်ချင်လို့ မဖြစ်ပါ ဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမ ကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ် မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်းသူရွေးပြီပဲ။
ဆက်လက်ဖတ်ရှုရန် »
Thursday, February 04, 2016
လွှတ်တော်ဥက္ကဌများ ရွေးချယ်သည့်အကြောင်းရင်း ဒေါ်စုရှင်းပြ
နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အရ NLD အမတ် နေရာအများဆုံးရထားသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌနေရာများကို ရွေးချယ်ထားပြီးဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ဖေဖော်ဝါရီ ၁ရက်တွင် ရွေးချယ်အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌနေရာ များကို ဖေဖော်ဝါရီ ၃ရက်တွင် ရွေးချယ်အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
အစွဲတွေ မထားကြဖို့ လွှတ်တော်ဥက္ကဌသစ် မန်းဝင်းခိုင်သန်းပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအမတ်ဖြစ်သူ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ မန်းဝင်းခိုင်သန်းအား ဖေဖော်ဝါရီ ၃ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်လိုက်သည်။
ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူ၊ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးတော်စပ်သူလည်း ဖြစ်သူ မန်းဝင်းခိုင်သန်းက ဥက္ကဌဖြစ် ဖြစ်ချင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ ၎င်း၏ ပြောကြားချက်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဆက်လက်ဖတ်ရှုရန် »
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးအေးသာအောင်ကို တင်မြှောက်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဖေဖဝါရီလ ၃ ရက်တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးအေးသာအောင်ကို ရွေးကောက်တင်မြှောက်ခဲ့ သည်။
ဆက်လက်ဖတ်ရှုရန် »
Wednesday, February 03, 2016
ဗကသအဖွဲ့ချုပ်မှ ကိုနန္ဒစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့ကို ဗိုလ်တထောင် နှင့် တာမွေတရားရုံးတို့က ပုဒ်မ ၁၈ဖြင့် ထပ်မံစွဲဆို
အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်သည့် ကျောင်းသားများကို ထောက်ခံကြိုဆိုသည့် ဆန္ဒပြမှုများတွင် ပါဝင်သည်ဟုဆိုကာ ဗကသအဖွဲ့ချုပ် မှ ကိုနန္ဒာစစ်အောင်နှင့် မဖြိုးဖြိုးအောင်တို့အား ဗိုလ်တထောင် နှင့် တာမွေမြို့နယ် တရားရုံးတို့တွင် ပုဒ်မ(၁၈)ဖြင့် ထပ်မံတရားစွဲဆိုလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးနေသည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး အရေးကြီးအဆို တင်သွင်းမည်
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး တားဆီးနေသည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ ရေး အရေးကြီး အဆိုတရပ် တင်သွင်းမည် ဖြစ်ကြောင်း NLD လွှတ်တော်ကိုယ် စားလှယ်များက အတည်ပြုပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ဖက်ဒရယ်နိုင်ငံဖြစ်ရေး မလိုအပ်သောဥပဒေများ ပယ်ဖျက်မည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ်ပြော
မြန်မာနိုင်ငံတော်ကို ချမ်းသာကြွယ်ဝသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်အတွက် မလို အပ်သော ဥပဒေများကို ပယ်ဖျက်ပြီး လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သစ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် မန်းဝင်းခိုင်သန်းက ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
အထူးဒေသ ၄ မိုင်းလားတွင် တရုတ်နိုင်ငံသား တဦးကို သေဒဏ်ပေး တရားစီရင်
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမြို့တွင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက်က တရုတ်နိုင်ငံသားတဦးကို သေနတ်ဖြင့် ပစ်သတ်ကာ သေဒဏ်ပေး တရားစီရင်လိုက်ကြောင်း အထူးဒေသ ၄ က သတင်း ထုတ်ပြန်သည်။
မိုင်းလား အထူးဒေသ ၄ သည် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားသည့် ဒေသတခု ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »
မြောက်ကိုရီးယား ဒုံးပျံကို ပစ်ချရန် အသင့်ဟု ဂျပန်ပြော
မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်၍ ခြိမ်းခြောက်လာပါက ဂျပန်အနေနဲ့ ပစ်ချဖို့ အသင်ပြင်ထားကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက် ကို ကိုးကားပြီး Reuters သတင်းကဆိုပါတယ်။ ဂျပန်ကာကွယ်ရေး ၀န်ကြီး နာကာတာနီက ဂျပန်ပင်လယ်ပြင်ရှိ ဖျက်သင်္ဘောများ အပါအ၀င် ကုန်းတွင်း ပိုင်းတွင် ချထားသည့် ပက်ထရီရော့ ဒုံးပျံတပ်ဖွဲများကို အဆင်သင့်ပြင်ထားဖို့ ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဘာ့ကြောင့် စစ်တပ်က ၅၉ (စ)ကို မီးစိမ်းပြသင့်သလဲ
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက သမ္မတ အရည်အချင်း သတ်မှတ်ချက် ၅၉ (စ) ပုဒ်မကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်တပ် အတွက်ကတော့ ဗြဟ္မာကြီး ဦးခေါင်းကို ပိုက်ထားသလို ဖြစ်နေပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရတဲ့ ပါတီရဲ့  ခေါင်းဆောင်က အစိုးရသစ်မှာ ဘယ်လို တာဝန်ကို ယူမလဲဆိုတာ ဒီမိုကရေစီနိုင်ငံမှာ မေးဖို့ မလိုအပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်အတွက်ကတော့ ဒါဟာ မေးခွန်းတခု ဖြစ်နေတုန်းပါပဲ။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ခေါင်းဆောင်များ ဆွေးနွေးမှု ဆက်ရှိနေ
ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်အစည်းအဝေး ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းကြောင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရခြင်း၏ နောက်ကွယ်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအကြား ညှိနှိုင်းမှုများက ဆက်လက် ရှိနေသည်။ တွေ့ဆုံမှုများကလည်း အခြေခံဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အစိုးရအဖွဲ့ဝင်များ ခန့်အပ်ရန် ရေရာသည့် သဘောတူညီချက် ထွက်ပေါ်မလာခဲ့ပါ။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်ဟု NLD နာယကဦးတင်ဦးပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရမည် ဖြစ်ပြီး သမ္မတဖြစ်စေရန်အတွက် ထမ်းပို့မည့်သူဖြစ် ကြောင်း နေပြည်တော်တွင် သတင်းထောက်များကို NLD နာယက ဦးတင်ဦး က ပြောဆိုလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
လွှတ်တော်သတင်း အစိုးရသတင်းစာများ ဖော်ပြမှု ဝေဖန်ခံရ
မြန်မာပြည်သူတွေရော၊ ကမ္ဘာ့မီဒီယာကပါ စိတ်ဝင်စားကြတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပထမနေ့ ကျင်းပတဲ့ အကြောင်းကို အစိုးရ သတင်းစာ တွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေမှာ စာကြောင်း အနည်းငယ်သာ ပါဝင်တဲ့ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တဲ့အပေါ် ပြည်သူလူထုရဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ပြည်နယ်/တိုင်းအစိုးရခေါင်းဆောင်နှင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် လျာထားသည့် NLD အမတ် ၅၀ ကို သင်တန်း ပေး
မြန်မာနိုင်ငံတ၀န်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးရာထူးများ၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ရာထူးများ အတွက် လျာထားသူ NLD ပါတီမှ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် အမတ် ၅၀ ကို အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတရပ် NLD က ပို့ချခဲ့ပြီး ယနေ့ သင်တန်း ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲသို့ ရဲတပ်ဖွဲ့ မတက်ရောက်နိုင်
ဥရောပသမဂ္ဂ၏အစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မြို့ခံ/နယ်ခံများ၏ ဆွေးနွေးပွဲသို့ ရဲဝန်ထမ်းများ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ခွင့်ပြုမိန့်မရသဖြင့် ရဲဝန်ထမ်းများမှာ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုရန် »
သမ္မတပဟေဠိနှင့် ဒေါ်အောင်ဆန်းစုကြည်
လွှတ်တော်အခင်းအကျင်းသစ် စတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)က တင်မြှောက်မည့် သမ္မတလောင်းအပေါ် စိတ်ဝင်စားမှုများ ဒီရေအလား တရိပ်ရိပ်မြင့်တက် လာနေသည်။
ဆက်လက်ဖတ်ရှုရန် »
သေဒဏ်ကျမြန်မာလုပ်သားနှစ်ဦးကို ထောင်ပြောင်းပြီးနောက် သံခြေချင်းများဖြုတ်၍ ထိန်းသိမ်းထား
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံ ထားရသည့် သေဒဏ်ကျခံ မြန်မာလုပ်သားနှစ်ဦးကို သံခြေချင်းများဖြုတ်၍ ထားရှိကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာလုပ်သားနှစ်ဦးထံ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ ရှေ့နေအဖွဲ့ခေါင်းဆောင် မစ္စတာ နခေါ်ချုမ်ဖူချာတ်နှင့် စကားပြန်အဖြစ် ဆောင်ရွက်ပေးသူ မအေးမာချို တို့က ထောင်ဝင်စာသွား ရောက် တွေ့ဆုံရာ သံခြေချင်းများဖြုတ် ထားသည်ကို တွေ့ခဲ့ရကြောင်း မအေးမာချိုကပြောသည်။
ဆက်လက်ဖတ်ရှုရန် »
မြောက်ကိုရီးယား ဆက်သွယ်ရေးဂြိုလ်တု ဒီလ ပစ်လွှတ်မည်
မြောက်ကိုရီးယားနိုင်ငံက အခုလကုန်ပိုင်းမှာ ကမ္ဘာမြေလေ့လာရေး ဆက်သွယ်ရေးဂြိုလ်တု ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ပင်လယ်ရေကြောင်းအဖွဲ့ IMO ကို အသိပေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစီစဉ်ကြောင့် မြောက်ကိုရီးယား အနေနဲ့ အဆင့်မြင့် တာဝေးပစ်ဒုံးကျည် တည်ဆောက်နိုင်ဖို့ စီစဉ်နေတယ်ဆိုပြီး အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းဝိုင်းကြားရှိနေတဲ့ စိုးရိမ်မှုတွေလည်း ကြီးထွားလာခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
အမေရိကန်မှာ လိင်ဆက်ဆံမှုကတဆင့် Zika ရောဂါပိုးကူးစက်
အမေရိကန်ပြည်ထောင်စုမှာ လိင်ဆက်ဆံရာကနေ ဇီကာဗိုင်းရပ်စ် ကူးစက်ခဲ့ပုံရတဲ့ ပထမဆုံး ဝေဒနာရှင်တဦးကို တွေ့ရှိထားတယ်လို့ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း Texas ပြည်နယ်မှာရှိတဲ့ ခရိုင်တခုက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မလေးရှားလ၀က ဖမ်းဆီးခံ မြန်မာ ၆၀ ဌာနေပြန်နိုင်ရေး သံရုံးကူညီ
မလေးရှားနိုင်ငံ Belantik လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားမှာရှိတဲ့ မြန်မာသံရုံးက နိုင်ငံသား ဟုတ် မဟုတ် စိစစ်မှုတွေလုပ်ပြီးတဲ့ ၉၆ ယောက်ထဲက အယောက် ၆၀ ကို ဇန်န၀ါရီလကုန်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာညချမ်း
-
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube...
1 day ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
2 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-