Tuesday, October 8, 2013
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး နဲ့
ထပ် တူ မြန်မာတစ်မျိုးသားလုံး ကလည်း လာမယ့် အောက်တိုဘာ ၈ ရက်နေ့ကို
ရင်ခုန်စွာ စောင့်မျှော်ကြိုဆိုနေကြပြီ
ဖြစ်ပါတယ်။ ကချင်တိုင်း ရင်းသားတွေ မျှော်လင့်စောင့်စားခဲ့ရတဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ကို မြစ်ကြီးနားမြို့၌ မြန်မာနိုင်ငံသာမက
ကမ္ဘာကပါသိအောင် ပြုလုပ် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ငိုနေသော အသံများ
တိတ်သွားကြပြီ။ မဲ့နေသော မျက်နှာများ ပြုံးလာကြပြီ။ ငြိမ်းချမ်းခြင်းရဲ့
အနှစ်သာရကို ရရှိခံစားရတော့မှာပါလားဆိုတဲ့ အသိက ဘယ်အရာနဲ့ မှ မလဲနိုင်သော
ဝမ်းသာပီတီမျိုး ဖြစ်ပါလိမ့်မယ်။လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှ ၁၀
ရက်နေ့အထိ KIO နှင့်အစိုးရအ ဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း
ရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြု လုပ်မှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂
ရက်နေ့နဲ့ ၃ ရက်နေ့မှာလည်း အကြိုတွေ့ ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ထားပြီး
ဖြစ်သလို သဘော တူညီမှု အချို့လည်း ရရှိထားပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး
သဘောတူညီမှု ရရှိပြီဆိုတာနဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးမှာ KIO ပါဝင်လာဖို့ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး
ဆွေးနွေးပွဲလုပ်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ ငြိမ်းချမ်းရေး ကို
ထိခိုက်စေမယ့် ဘေးပယောဂ စကားသံအချို့ထွက်ပေါ်လာတာ ကြားနေရပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ KIA တက်ဖို့ မတက်ဖို့
မဆုံးဖြတ်ရသေးဘူးလို့ ပြောတဲ့သူရှိသလို မတက်ဘူးလို့ အသံထွက်လာတာလည်း
ရှိပါတယ်။ ငြိမ်းချမ်းရေး ယူပြီးသားအဖွဲ့အနေနဲ့ အဲဒီပွဲကို မတက်ဘူးဆိုတာဟာ
နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကန့်လန့်လုပ်တာနဲ့
အဓိပ္ပါယ်အတူတူပဲလို့ ဆိုနိုင်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ အောက်တိုဘာ ၁
ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အခိုင်အမာ
ပေါ်ထွန်းဖို့ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို
မကြာမီရေးထိုးရန် စီစဉ် လျက်ရှိကြောင်း၊ လက်မှတ်ရေးထိုးမှု ပြီးဆုံးပါက
နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ကာ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ
ညီလာခံတစ်ခု ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြော ကြားသွားပါတယ်။
ဒါပေမယ့် အဲဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ ဘာလုပ်မလဲ ၊
ခိုင်မာတဲ့ လုပ်ငန်းစဉ်တွေ ချထားပြီလား၊ ဒါတွေကို သဘောတူပြီးမှ
တိုင်းရင်းသားတွေနဲ့ လက်မှတ်ထိုးမယ်ဆိုရင် တစ်မျိုးပေါ့၊ ဒါမှမဟုတ် ဘဲ
လက်မှတ်ထိုးလိုက် ပြန်ပစ်လိုက် ခဏခဏ လက်မှတ်ထိုးတာ မကောင်းဘူးဆိုပြီးတော့
ကချင်အတိုင်ပင်ခံ အဖွဲ့ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောထားတာ ရှိပါတယ်။
အပစ်ရပ်ပြီးရင် နိုင် ငံရေး ဆွေးနွေးပွဲလုပ်မယ်လို့ ပြောထားတဲ့ သမ္မတ
မိန့်ခွန်းကို နားမထောင် လိုက်ရဘူးနဲ့ တူပါတယ်။
ပိုဆိုးတာက
ကချင်လူထု အားလုံးက ဒီလက်မှတ်ထိုးပွဲကို ခုချိန်ထိ တစ်ယောက်မှ
ထောက်ခံတယ်ဆိုတာ မကြားရသေးဘူး၊ ကျွန်တော်တို့ မြင်တာက ဒီလက်မှတ်ထိုးပွဲက
အဓိပ္ပါယ်မရှိဘူး၊ လုံးဝလက်မှတ်မထိုးသင့်ဘူး၊ လုံးဝမထိုးရဘူး၊ ဒီကိစ္စကို
ကျွန်တော်တို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေနဲ့ ပြောဆိုတဲ့အခါ
အားလုံးကလက်မခံဘူးဆိုပြီး KBC ပြန်ကြားရေးတာဝန်ခံ ဆရာ လမာယော်က
ပြောသွားတာကို ဖတ်လိုက်ရပါတယ်။
အပြုသဘောမဆောင်တဲ့
ဘေးပယောဂစကားတွေကြောင့် ကချင်ပြည်ငြိမ်း ချမ်းရေးဟာ လက်တစ်ကမ်းအလို ကနေ
အလှမ်းဝေး သွားနိုင်ပါတယ်။ ကဲ .. သူတို့ ပြောသလို တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးမှာ KIO မပါဘူး ဆိုရင် နောက်ဆက်တွဲ ဖြစ်လာမယ့်
အကျိုးဆက်တွေကို ဘယ်သူ ခံစားရမလဲ စဉ်းစားဖို့လိုပါတယ်။ နယ်မြေ မအေးချမ်းတဲ့
ဒေသမှာ ကျီးလန့်စာ စားနေနေရတဲ့ ဒေသခံတိုင်းရင်းသားတွေထဲမှာ
ငြိမ်းချမ်းရေးကို မလိုချင်တဲ့ သူရှိပါ့မလား၊ လက်တွေ့ကျကျ
စဉ်းစားကြည့်ရင်တောင် အဖြေကရှင်းပါတယ်။
ကိုယ့်ပါးစပ်က
ပြောချင်ရာပြောတာကို ကချင်လူထုတစ်ရပ်လုံး ကိုယ် စားပြော တာလို့တော့
ဆွဲမထည့်ပါနဲ့။ ဒုက္ခသည်စခန်းတွေက ဒေသခံ မိသားစုတွေရဲ့ ဒုက္ခကို
ဘယ်လိုဖြေရှင်းမလဲ၊ သူတို့နေရပ် ပြန်ချင်တာ ကို ပြန်လို့ရအောင်
ဘယ်လိုလုပ်ပေးမလဲ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင်
ဘယ်လိုနည်းနဲ့ တားဆီးမလဲ၊ အဲဒီဒေသမှာနေပြီး အဲဒီ ဒုက္ခတွေကို ကြုံတွေ့
ခံစားနေရတဲ့ ကချင်တိုင်းရင်းသားတစ်ဦး အနေနဲ့ ဖြေ ကြည့်ပါ။သူတို့ လိုချင်တာ
ငြိမ်းချမ်းရေးပါ၊ သူတို့အကျိုးကို ပဲ ရှေ့ရှု့ပြီး စဉ်းစား
ဆုံးဖြတ်ရမှာပါ။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အ စည်းတစ်ခုရဲ့ အမြင်ကို
ရှေ့တန်းတင်ပြီး ကိုယ်ထင်ရာ ကိုယ်မပြောကြပါနဲ့။ တကယ့် ဒုက္ခကို ခံစားနေတာက
ဒေသခံတိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ သူတို့ တကယ်လိုချင်တဲ့
ငြိမ်းချမ်းရေးဟာ ဘေးပယောဂတွေကြောင့် အလှမ်းဝေးသွားဦးမှာလားဆိုတာ
အဖြေညှိမရတဲ့ ပဟေဋိ တစ်ခုလို ဖြစ်နေပါ ကြောင်း စေတနာဖြင့်
ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။
Credit to- ကချင်မောင်
မြန်မာ့သားကောင်း
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment