Monday, October 7, 2013
အစိုးရက နေပြည်တော်တွင် ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်
စာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးရန် "၀"
သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သွားရောက်စည်းရုံးခဲ့ရာ ပထမနေ့
ဆွေးနွေးမှုတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း UWSP နှင့် နီးစပ်သူများက
ပြောကြားခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်
အောက်တိုဘာ ၄ ရက်တွင် UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့
ရောက်ရှိခဲ့ပြီး UWSP ဒုတိယဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်သော အဖွဲ့များနှင့်
တွေ့ဆုံပြီးဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဓိက
နှစ်ချက်ပေါ့။ အောက်တိုဘာမှာလုပ်မယ့် အပစ်အခတ် ရပ်စဲရေး
စာချုပ်လက်မှတ်ထိုးပွဲကို တက်ဖို့နဲ့ လက်မှတ်ထိုးဖို့ပေါ့။ အဲဒါကို "၀"
ဘက်က လုံးဝလက်မခံပါဘူး။ သူတို့က တက်ချင်တက်မယ်။ လက်မှတ်မထိုးဘူး" ဟု UWSP
နှင့် အဆက်အသွယ်ရှိပြီး တရုတ်-မြန်မာ နယ်စပ်၌ နေထိုင်နေသူ စစ်ရေးအကဲခတ်
ဦးအောင်ကျော်ဇောက ပြောကြားသည်။ ဆွေးနွေးပွဲ ပထမနေ့တွင်
အချက်ကိုးချက်ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသို့
တက်ရောက်လက်မှတ် ရေးထိုးရန်၊ "၀" ဒေသအတွင်း မှတ်ပုံတင်
ပြုလုပ်ပေးခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေး၊ "၀" ဒေသတွင် အစိုးရ၏
နယ်စပ်စည်ပင် ၀န်ထမ်းများ "၀" နယ်မြေအတွင်း တာဝန်ချရေး၊ "၀" ဒေသ၌
အခြားပြည်နယ်များမှာ လာရောက်အလုပ် လုပ်ကိုင်ခွင့် ရရှိစေရေး အစရှိသော
အချက်များကို အစိုးရဘက်မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာ ၄ ရက်က ဆွေးနွေးမှုတွင် သဘောတူညီချက် မရရှိခဲ့ဘဲ အောက်တိုဘာ ၅ ရက်တွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်းမြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်ပြီး UWSP ၏
ပြင်ပဆက်ဆံရေးဌာန ဒုတိယ တာဝန်ခံ ဦးဆမ်ခွန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ
ဧည့်ခံပွဲသို့ ရောက်ရှိနေသဖြင့် ပြန်လည်ဖြေကြားခြင်း မပြုနိုင်ကြောင်း
ပြောကြားခဲ့ပါသည်။ ထို့ကြောင့် UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်
ဦးအောင်မြင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့ကို ဆက်သွယ်ခဲ့သော်လည်း
ဆက်သွယ်မှု မရရှိခဲ့ပေ။ "အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက
တောင်ကြီးဆွေးနွေးပွဲမှာလည်း "၀" ကိုယ်စားလှယ်တွေကို တင်ပြခဲ့တာတွေ ရှိတယ်။
"၀" ကိုယ်စားလှယ်တွေက ဗဟိုကို ပြန်တင်ပြခဲ့ပြီး အဲဒီတင်ပြချက်တွေကို
လက်မခံခဲ့ဘူး" ဟု ဦးအောင်ကျော်ဇောက ဆက်လက်ပြောကြားသည်။ အစိုးရက
ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး
သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသည် UWSP နှင့် သက်ဆိုင်ခြင်း
မရှိကြောင်း UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က
စက်တင်ဘာလအတွင်း ပြောကြားခဲ့သည်။ ထိုပွဲသို့ တက်ရောက်ရန်
ပြည်ထောင်စုလွှတ်တော် နာကယ ဦးရွှေမန်းကလည်း စက်တင်ဘာ ၃ ရက်က UWSP
ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး မည်ကဲ့သို့
လုပ်ဆောင်ရမည်ကို ပြောကြားသွားခြင်း မရှိသဖြင့် UWSP အနေဖြင့်
အခမ်းအနားသို့ တက်ရန် ဖိတ်ကြားခြင်းသာ ဖြစ်သည်ဟု ယူဆခဲ့ပြီး ပါဝင်လက်မှတ်
ရေးထိုးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် UWSP အနေဖြင့်
အစိုးရက ပြုလုပ်ရန် ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်
ရပ်စဲရေး သဘောတူညီချက် စာချုပ်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး
တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာ
သက်ဆိုင်သည်ဟု ယုံကြည်ကြောင်း ဦးအောင်မြင့်က ပြောဆိုထားပါသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက်
အင်အားအတောင့်တင်းဆုံး ဖြစ်သော UWSP သည် ၁၉၈၉ ခုနှစ် အချိန်ကတည်းက
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့် အဖွဲ့ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment