Tuesday, October 8, 2013
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအတွင်း အင်တာနက်အသုံးပြုရာတွင် လူသုံးသောင်းခန့် တစ်ပြိုင်နက်အသုံးပြုနိုင်မည့် ကွန်ရက်ကို တည်ဆောက်ထားကြောင်း RedLink ကုမ္ပဏီ ၏ Vice Chairman နှင့် Co-Founder ဦးသိန်းသန်းတိုးက ပြောသည်။အဆိုပါကုမ္ပဏီ အနေဖြင့် ပြိုင်ပွဲကာလအတွင်း နေရာ ၆ နေရာတွင်
အင်တာနက်ဝန်ဆောင်မှု ကို ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။ “ရန်ကုန်နဲ့ ပုသိမ်မှာ
ကျင်းပမယ့် (၆) နေရာမှာ ဆောင်ရွက်ပေး သွားမှာပါ။ကွန်ရက်ကို သေ ချာ
တည်ဆောက်နေတယ်။ တစ်ပြိုင်နက်တည်း လူအယောက် သုံးသောင်းလောက် သုံးလို့ရတဲ့
နက်ပ်ဝက် ကို တည်ဆောက်ထားတယ်” ဟု ဦးသိန်းသန်းတိုးက ပြော သည်။
မြန်နှုန်းသတ်မှတ်ချက်ကို လက်ရှိအချိန် တွင် မသတ်မှတ် ရသေးသော်လည်း
မြန်နှုန်းအများအပြား တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။“Speed
ကိုတော့ အခုအချိန်ထိ မသတ်မှတ်ရသေးပေမယ့် ကျိန်းသေတယ်။ MPT ဘက်ကနေပြီး Sea
Game အတွက်ရည်ရွယ်ပြီးတော့ အများကြီးချဲ့ထားတယ်” ဟုပြောကြားသည်။
ဝိုင်ဖိုင်အင်တာနက်စနစ် အသုံးပြုရာတွင် လိုင်းကျပ်တည်းမှုမဖြစ်အောင် Access
Point အများအပြား ထည့်သွင်းထားကြောင်း၊ ယခင်သတ်မှတ်ထားသော အစီအစဉ်ထက်
သုံးဆခန့်တိုးမြှင့်ထားကြောင်း သိရသည်။ အဆိုပါအင်တာနက် စနစ်ဆောင်ရွက်ချက်အတွက် အတွေ့အကြုံရှိ
ပြည်ပနည်းပညာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက် ထားခြင်းဖြစ်ကြောင်း
သိရသည်။
နိုင်ငံတကာအဆင့်မီ နည်းပညာများသုံးထားသည်ဟု ဆိုသည်။
“နိုင်ငံခြား ကုမ္ပဏီက အရင်နှစ်တွေက ဆီးဂိမ်းတွေကို
အင်တာနက်ဝန်ဆောင်မှုပေးရာမှာ အတွေ့အကြုံရှိထားတော့ သူတို့ရဲ့ အကြံဉာဏ်နဲ့
ပူးပေါင်းဆောင်ရွက်တာပါ။ သူတို့နဲ့ပေါင်းပြီးတော့မှ
ဒီဇိုင်းတွေဘာတွေပြန်ပြင်၊ ထပ်တိုးစရာရှိတာတွေ ထပ်တိုး စတာတွေ
ဆာင်ရွက်သွားတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန် မာနိုင်ငံတွင်
အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအမီ
ပြည်တွင်းအင်တာနက်လိုင်းများ ၏ မြန်နှုန်းကို 10GB အထိ တိုးမြှင့်ရန်
ပြင်ဆင်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားခဲ့ဖူး သည်။
အင်တာနက်မြန်နှုန်း များ အဆင့်မြှင့်တင်ခြင်းကို နေပြည်တော်၌အဓိက
ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-နေပြည်တော် ဖိုင်ဘာဆက်ကြောင်း
အဆင့်မြှင့်တင်ြခင်းကိုလည်း ပြုလုပ်သွား မည်ဖြစ်ေ ကြာင်း သိရသည်။
ထွန်းထွန်း
Internet Journal
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment