ထိုင်းနိုင်ငံတွင်း လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများ အကြမ်းဖက်မှုသို့ ပြောင်းလဲ ရောက်ရှိလာပါက ဝင်ရောက် စွက်ဖက်နိုင်ရန် ထိုင်းတပ်မတော် အသင့်ပြင်ထားသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရုချအိုရှ က ပြောကြားသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
Friday, January 24, 2014
ကချင်ပြည်နယ် NDFပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ လွတ်ပြီ
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို အပြစ်ကျူးလွန်ခြင်း မရှိဟု ဆိုကာ ဖားကန့်မြို့နယ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် အမိန့်ချမှတ်လိုက်ပြီဟု လွတ်မြောက်လာ သူ ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံငါးမျိုးစိတ်တွင်မရှိသော မိကျောင်းပါးစပ်နှင့်ငါးတွေ့ရှိ
မြန်မာ့ငါးမျိုးစိတ်မဟုတ်သည့် မိကျောင်းပါးစပ်ပါသော ငါးမျိုး စိတ်တစ်မျိုးကိုရွှေပြည်သာမြို့နယ် နှင့် မှော်ဘီကြား ၀ါးတစ်ရာဆိပ်ကမ်း အနီးရှိလှိုင်မြစ်အတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါငါးကိုအစာ သွပ်၍ပထမဆုံးအကြိမ်ပြတိုက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
ဦးဝီရသူ နှင့် အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တွေ့ဆုံပွဲ ပြုလုပ်
၉၆၉ ဦးဆောင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ရက်မှ အစ္စလမ်ဘာသာဝင် တချို့ တွေ့ဆုံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ဆွေနွေးပွဲတရပ် ကျင်းပသည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီ ၂၃ ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်န၀ါရီ ၂၃ ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။
သီချင်းဆိုတာ ၀ါသနာပါပေမယ့် အဆိုတော်တွေလို ရှိုးလိုက်ဆိုဖို့ စိတ်ကူးမရှိပါဘူးလို့ ဆိုလိုက်တဲ့ မိုးယုစံ
အနုပညာမျိုးရိုး မရှိပေမယ့် ပြိုင်ပွဲတွေက တစ်ဆင့် အနုပညာလောကထဲ ၀င်ရောက်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အရယူခဲ့သူကတော့ မိုးယုစံပါ။
ထိုင်းတွင် ရက်ပေါင်း ၆၀ အရေးပေါ်အခြေအနေကြေညာ
မစ္စယင်လပ်ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့၏ အရေး ပေါ်ဝန်ကြီးအဖွဲ့ အစည်းအဝေး တစ်ရပ်ကို ဇန်န၀ါရီလ ၂၁ ရက်က ဗန်ကောက်ရှိ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးက လက်ရှိထိုင်း နိုင်ငံ တွင် ဖြစ်ပေါ်နေ သည့်အစိုးရ ဆန့်ကျင်မှုဆန်္ဒပြများ တစ်နေ့ တစ်ခြားပြင်းထန်လာသဖြင့် နိုင်ငံ တော်၏ တည်ငြိမ်အေး ချမ်းမှုပြန် လည်ထိန်း သိမ်းရန်အလို့ငှာလည်း ကောင်း၊ ဆူပူဆန်္ဒပြသူများ သွေးထွက်သံယိုမှုမဖြစ်စေရန် အလို့ငှာ လည်းကောင်း၊ အောက်ဖော်ပြ ပါ ပုဂ်္ဂိုလ်များပါဝင်သော ဗဟိုကော်မတီကို ဖွဲ့စည်ုးပြီး ဗန်ကောင်းမြို့ နှင့် အနီးပတ်ဝန်းကျင်မြို့နယ် အချို့ကို ရက်ပေါင်း ၆၀ အရေး ပေါ်ကာလအဖြစ်သတ်မှတ်လိုက်သည့်အမိန့် ဒီကရီတစ်ရပ်ကို မစ်္စယင်လပ်လက်မှတ်ထိုးထုတ်ပြန် လိုက်သည်။
၂၀၁၅ အာဆီယံပေါင်းစည်းရေးနှင့်အတူ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာမှုများ ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးထင်အောင် ပြောကြား
၂၀၁၅ အာဆီယံပေါင်းစည်းရေးနှင့်အတူ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာရွှေ့ပြောင်း သွားလာနိုင်တော့မည် ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက် အမရာဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့NSSA ၏ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောကြားသည်။
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ရရှိရန်အတွက် လူများစု ဗမာ တိုင်းရင်းသားများ၏ ထောက်ခံမှု အရေးကြီးကြောင်း UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လပြောကြား
စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ရရှိနိုင်ရန်အတွက် လူများစုဖြစ်သော ဗမာတိုင်းရင်းသားများ၏ ထောက်ခံမှု အရေးကြီးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇန်န၀ါရီ ၂၃ ရက်တွင် ပြုလုပ်သည့် လော်ခီးလာ ညီလာခံ စတုတ္ထနေ့ အဖွင့်တွင် ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ၅၉(စ)တစ်ခုတည်းကို ကြည့်မည်မဟုတ်ဘဲ နိုင်ငံတော် အေးချမ်းမှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ၅၉(စ)တစ်ခုတည်းကို ကြည့်မည်မဟုတ်ဘဲ နိုင်ငံတော်အေးချမ်း မှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန်ရည်ရွယ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
Thursday, January 23, 2014
ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် မဖြစ်နိုင်သေး
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံမည့် ဘားအံဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည့်အချိန်ကို တိကျစွာထုတ်ပြန်နိုင်ဦးမည် မဟုတ်သေးကြောင်းနှင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်လို့ တရုတ်အစိုးရ တွက်ထား သလား
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေချိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ် တရုတ်နိုင်ငံ၏ သဘောထား ရပ်တည်ချက်များ ပျော့ပျောင်းသည့် အသွင်ဆောင်လာခြင်းသည် ဒေါ်အောင်ဆန်းစုကြည်တနေ့ သမ္မတဖြစ်လာနိုင်မည်ဟု ၄င်းတို့ကလည်း မျှော်လင့် ထားသည်ဟု ယူဆကြည့်နိုင်ပါသည်။
အဆိုတော်ချမ်းချမ်း သမီးဦးလေးမွေးဖွား
သရုပ်ဆောင်ဒါရိုက်တာဘုဏ်းသိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့ရဲ့ သမီးဦးလေးကို ဇန်န၀ါရီလ ၂၃ ရက် (ဒီနေ့)မနက် (၆)နာရီမှာ မွေးဖွားခဲ့တယ်လို့သိရပါတယ်။
ခင်ဝင့်ဝါ ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူးပြီ
2013ရဲ့ miss supranational ပြိုင်ပွဲဝင် ခင်ဝင့်ဝါ ဟာမြန်မာ့အလှမယ်ဖြစ်ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်လာတာတွေ့မြင်ရပါတယ်။
လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား
ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှား ရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း နေအိမ် ဖျက်ဆီးခံ ရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။
ကမ္ဘာ့အမြန်ဆုံး အင်တာနက်မြန်နှုန်း ဗြိတိန်မှာရပြီ
ချုံ့တောင်မချုံ့ထားတဲ့ HDဆင့် ရုပ်ရှင်၄၄ကားကို တစ်စက္ကန့်ထဲနဲ့ ဒေါင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းကို ဗြိတိန်မှာ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်သွားမည်
အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဇန်န၀ါရီ၂၄ရက်နေ့ညနေပိုင်းတွင်နေပြည်တော်မှ လေယဉ်ဖြင့်ထွက်ခွါပြီး ယင်းနေ့တွင် နမ့်ဆန်မြို့တွင်ညအိပ်ရပ်နားမည်ဖြစ်ဟုသိရသည်။
Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း ရေကူးကန်တွင် ရုတ်တရက်သေဆုံး
မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးမှ စံပြမောင်မယ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ စီစဉ် ပြုလုပ်မည့် Mister And Miss University ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံ ထားရသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကိုယ်စားပြု ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ကောင်းမြတ်ဟိန်းသည် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသည့် City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း August Myanmar Media Group မှ CEO ဦးရဲမြန်မာအောင်က The Voice သို့ ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲအကြို ပအို့ဝ် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ကျင်းပမည်
၂၀၁၅ ရွေးကောက်ပွဲတွင် ပအို့ဝ်တိုင်းရင်းသား နိုင်ငံရေးအင်အားစုများအကြား စည်းလုံးမှု တည်ဆောက် ရန်နှင့် တိုင်းရင်းသားအရေးကိစ္စများ ဆွေးနွေးရန် ပထမဆုံးအကြိမ် ပအို့ဝ် တိုင်းရင်းသား နှီးနှောဖလှယ် ပွဲကို မတ်လဆန်းပိုင်းအတွင်း ကျင်းပမည် ဖြစ်ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူတော့မလား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အငြိမ်းစားယူတော့မည် ဆိုသည့် သတင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိနေသည်။
ထိုသတင်းထွက်ပေါ်မှုကြောင့် တိုင်းရင်းသားများ ရေးဆွဲနေသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ကာကွယ်ရေး ဦးစီးချုပ်အပြင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ကိုပါ ပါဝင် လက်မှတ်ထိုးနိုင်ရန် စီစဉ်ထားကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက ပြောသည်။
နယ်စပ်ဂိတ်ပေါက် ၁၆ ခုအနက် ထက်ဝက်အရေအတွက်ရှိသည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက် များအား ဗီဇာဖြင့် ၀င်ထွက်သွားလာမည့် အစီအစဉ်ဖြင့် အဆင့်မြှင့်တင်မည်
မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်ပေါက် ၁၆ ခုအနက် ရှစ်ပေါက်ရှိထိရှိသော မြန်မာ-တရုတ် နယ်စပ်ဂိတ် ပေါက်များအား အဆင့်မြှင့်တင်ကာ မူလချုပ်ဆိုထားသော စာချုပ်များကို ထပ်မံပြင်ဆင်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။
NLD ရဲ့ ပညာရေးမူကြမ်းကို လက်ခံဆွေးနွေးဖို့ အစိုးရသဘောတူ
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက်ခံဆွေးနွေးဖို့ အစိုးရအဖွဲ့က ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်း မနက်ဖြန် အပြီးသတ်နိုင်မယ်လို့ ဗိုလ်ချုပ်ဂွမ်မော် ပြောကြား
KNU ကရင်အမျိုးသား အစည်းအရုံးထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကနေ အဖွဲ့အားလုံး လက်ခံနိုင်မယ့်မူကြမ်းကို မနက်ဖြန်မှာ အားလုံးသဘောတူနိုင်မယ်လို့ ယုံကြည်ကြောင်း ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်ရှိ မဟာဒုက်မဏ္ဍပ် ဆောက်လုပ်မှုအပေါ် စည်ပင်က တစ်နေ့ဒဏ်ငွေကျပ်တစ်သောင်း တပ်ရိုက်နေသည့်အတွက် ရပ်ကွက်သားများ ဆန္ဒပြ
မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်ရှိ မဟာဒုက်မဏ္ဍပ် ဆောက်လုပ်နေမှုအား မရမ်းကုန်းမြို့နယ် စည်ပင်မှ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေသည်ဟုဆိုကာ တစ်နေ့ဒဏ်ငွေကျပ်တစ်သောင်း တပ်ရိုက်နေသည့်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သား ၁၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းအား ၂ဝ၁၄ နှစ်ကုန်တွင် အပြီးသတ်ရေးဆွဲမည်
မြန်မာနိုင်ငံတွင် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းအား ၂ဝ၁၄ နှစ်ကုန်တွင် အပြီးသတ် ရေးဆွဲသွား မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက် UNODC မှ ပြုလုပ်သည့် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်း ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် သိရသည်။
တောင်သူတွေရဲ့ နစ်နာချက်တွေ စဉ်စားပေးဖို့ ညီလာခံမှာ တောင်းဆို
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကရုဏာခန်းမမှာ တောင်သူလယ်သမားကွန်ရက် ဆွေးနွေးပွဲကို မနေ့က စပြီး ၂ ရက်ကြာကျင်းပခဲ့ရာမှာ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေ ပြဌာန်းတဲ့အခါ တောင်သူတွေရဲ့ နစ်နာချက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့အတွက် ဆွေးနွေးတောင်းဆို ခဲ့ကြပါတယ်။
Wednesday, January 22, 2014
တောင်ကိုရီးယားနိုင်ငံသား သန်း ၂၀ ခန့်၏ ကြွေးဝယ်ကတ် အသေးစိတ် အချက်အလက်များ ခိုးယူရောင်းစားခံရ
တောင်ကိုရီးယားနိုင်ငံသား သန်း ၂၀ ခန့်၏ ကြွေးဝယ်ကတ် (Credit Card) များမှ အသေးစိတ် အချက်အလက်များမှာ ခိုးယူခြင်း ခံရပြီး ဈေးကွက်ရှာဖွေ ထူထောင်မှု လုပ်ကိုင်သော မားကက်တင်း လုပ်ငန်းများ (Marketing Firms) များထံသို့ပါ ရောင်းချခြင်း ခံခဲ့ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဘန်ကောက်တွင် မှောင်ခိုသွင်းထားသည့် လက်နက်နှင့် ဗုံးများတွေ့ရှိ၍ ထိုင်းစစ်တပ် အရေးပေါ်တပ်လှန့်
ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ ဖြုတ်ချရေး ဆန္ဒပြပွဲကြီးတွင် ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စိုးရိမ်ပူပန်မှု များ ဖြစ်ပေါ်နေစဉ်အတွင်း မြို့တော် ဘန်ကောက်သို့ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ ဝင်ရောက် လာလျက်ရှိကြောင်း ထောက်လှမ်းရေးဘက်က စုံစမ်းတွေ့ရှိခဲ့ပြန်ရာ ထိုင်းစစ်တပ်က ဖြစ်ပေါ်လာနိုင် ခြေရှိသော ဆူပူအုံကြွမှုများအတွက် အရေးပေါ် တပ်လှန့်လိုက်ကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြသည်။
၁၃၀၀ပြည့်အရေးတော်ပုံ(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားကျင်းပ
၁၃၀၀ပြည့်အရေးတော်ပုံ(၇၅)နှစ်မြောက် စိန်ရတုသဘင် အခမ်းအနားကို မနက်(၉)နာရီနှင့် နေ့လည်(၁၂း၃၀)နာရီတို့တွင် မင်းဓမ္မလမ်း၊ MCC ခန်းမတွင် ဇန်နဝါရီ ၂၂ ရက်ကကျင်းပခဲ့သည်။
စစ်တပ်သိမ်းမြေ ပြန်ရရေး ကာကွယ်ရေး ဦးစီးချူပ်ထံ တောင်းဆိုမည်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် အခြေစိုက် စစ်တပ် သုံးခုက တပ်မြေအဖြစ် အဓမ္မ သိမ်းယူထားသည့် တောင်ယာခင်းများ ပြန် လည် လုပ်ကိုင်ခွင့် သို့မဟုတ် ထိုက်တန်သည့် လျော်ကြေးငွေ ရရှိရန် ဒေသခံ တောင်သူများက စုပေါင်း လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အရာတော်မြို့နယ် အခြေစိုက် အမှတ်(၅၀၄)သံချပ်ကာတပ်၊ အမှတ်(၃၆၉) သစ်ကျင်းကြီး အမြောက်တပ် နှင့် အမှတ်(၁၀) စစ်အခြေ ခံ လေ့ကျင့်ရေး တပ်များက အရာတော်မြို့နယ် အတွင်းရှိ ဒေသခံများ၏ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ပဲနောက်နှင့် ဝါ စိုက်ပျိုးမြေ ဧက ၂၀၀၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းခံရခြင်း ဖြစ်ကြောင်း ကာယကံရှင် တောင်သူများက ပြောသည်။
ရန်ကုန်ဆေးရုံကြီးအား နိုင်ငံ၏ စံပြဆေးရုံအဖြစ် ဆောင်ရွက်ရန် အလှူငွေများ ရရှိနေပြီဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ရန်ကုန်ဆေးရုံကြီး ပြုပြင်မွမ်းမံရန် အလှူငွေများ ကောက်ခံရရှိ နေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ရန်ကုန်ဆေးရုံကြီးကို မြန်မာနိုင်ငံ၏ စံပြဆေးရုံဖြစ်ရန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည့် ရန်ကုန်ဆေးရုံကြီးပြန်လည်ပြုပြင်မွမ်းမံရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ''ရန်ကုန် ဆေးရုံကြီး ပြုပြင်မွမ်းမံတဲ့နေရာမှာ တိုးတက်မှုတွေ ရှိနေပါပြီ။ ပြောရမယ်ဆိုရင် အလှူငွေတွေတော်တော် ရနေပြီ'' ဟုပြောသည်။
မန္တလေး တပ်သိမ်းမြေ ၃၀၀၀ ကျော် ပြန်ပေးမည်
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းများ လုပ်ကိုင်ရန်ဟုဆိုကာ တပ်မတော်က သိမ်းယူထားသည့် ပုဂ္ဂလိကပိုင် လယ်ယာမြေများအနက် လယ်ယာမြေ ဧကသုံးထောင်ကျော်ကို တပ်မတော်က ပြန်လည် စွန့်လွှတ်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အကြောင်းကြားလာပြီး ယင်းမြေများကို အသိမ်းခံခဲ့ရသည့် မူလမြေပိုင်ရှင်များထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်သန်းက The Voice သို့ ပြောကြားသည်။
လက်နှစ်ဖက်မဲ့ ရေကူးချန်ပီယံ
လက်နှစ်ဖက်မရှိသည့် ကိုအောင်ငြိမ်းဦးတစ်ယောက် ရေကူးကန်ထိပ်မှ သတ်မှတ်နေရာတွင် အသင့်ပြင် လိုက်ချိန်မှာတော့ အားကစားရုံတစ်ခုလုံး လက်ခုပ်သံနှင့် အော်ဟစ်အားပေးသံများ ဆူညံပွက်လော ရိုက်သွားသည်။ ရေကူးကန်ထောင့်တစ်နေရာမှာ စုဝေးနေသော မြန်မာအသင်းနှင့် ပွဲကြည့်စင်ပေါ်မှ ပရိသတ်တို့ အားပေးသံများဖြစ်သည်။
Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-






























