Monday, October 7, 2013
ကမ္ဘာတွင် ၀ါးဈေးကွက် ရရှိလာသည်နှင့်အမျှ ၀ါးမျိုးစေ့ ၀ယ်ယူမြင့်မားနေ သည့်အတွက် ၀ါးတောများမှာ မြန်မာပြည်၌ လာမည့် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တို့က သုံးသပ်ပြောဆို ကြ သည်။
ပြည်ပသို့ တင်သွင်းရန်အတွက်အတွက် မြန်မာ့ဝါးမျိုးစေ့များကို တစ်ပြည်လျှင်
ကျပ် ၆၀၀၀ဖြင့် ကုန်သည်များက ၀ယ်ယူကြောင်း၊ ၀ါးဖြင့်ပြုလုပ်သော
လူ့အသုံးဆောင်ပစ္စည်းများနှင့် အမျိုးသမီးအ၀တ်အထည်များမှာ ဈေးကွက်အတွင်း
ဝယ်ယူအားမြင့်မား နေခြင်းဖြစ်သည်ဟု သိရသည်။
“အရင်က ရွာတွေသွားရင်
လမ်းဘေးတွေမှာ ၀ါးတွေ အများကြီးတွေ့ရတယ်၊ ဒီနှစ်ဟောပြောပွဲသွားတော့ ၀ါးတွေ
နည်းလာတာ တွေ့ရတယ်။ ကမ္ဘာမှာ ၀ါးနဲ့လုပ်တဲ့ပစ္စည်းတွေ အရမ်းနာမည်ရလာတယ်။
ခုကမ္ဘာမှာ ၀ါးကို အစေ့ စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးနေကြပြီ။ ဒါကို
နယ်ကလူတွေက မသိကြဘူး၊ ပဲခူးရိုးမတက်ကြည့်တော့ ၀ါးက စနစ်တကျ မရှိတော့ဘူး” ဟု
သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေဒေ၀ီသန့်စင်က ပြောသည်။
မြန်မာနိုင်ငံတွင် ၀ါးအပေါများဆုံးဒေသများဖြစ်သည့် တနသာင်္ရီ၊ ပဲခူး၊
ဧရာဝတီစသည့် တိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ် များ၌ ၀ါးရှားပါးလာပြီး
စီးပွားဖြစ် ၀ါးရောင်းချသောဒေသများသည်ပင် ၀ါးကို အခြားဒေသများမှ
ဝယ်ယူသုံးဆွဲနေရသည်ဟု ဒေသခံများထံမှ သိရှိရသည်။
“ကျွန်တော်တို့ဘက်မှာ အရင်က ၀ါးခုတ်တက်ရင် ထမင်းစားချိန်ဆိုပြန်ရောက်တယ်။
အခု ၀ါးခုတ်ရင် လှည်းတစ်စီးစာရဖို့ (၃)ရက်တောင် ကြာတယ်။ ၀ါးရှားတာ
သိသာလာတယ်။ ၀ါးဈေးလည်း နည်းနည်းတက်လာတယ်”ဟု ဧရာဝတိုင်းဒေသကြီး ဟသာင်္တခရိုင်
ကြံခင်းမြို့နယ် ပိန္ဒဲကွင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ဝါးရှားပါးလာခြင်းသည် လူဦးရေတိုးပွားလာခြင်း၊ ၀ါးကို စနစ်တကျ
မခုတ်ယူခြင်း၊ ၄င်းနေရာတွင် ၀ါးကို စနစ်တကျ
ပြန်လည်စိုက်ပျိုးမှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ
ရပ်တည်မှုများအား ထိခိုက်စေနိုင်ကြောင်း၊ ၀ါးတောများ ပြန်လည်
ဖွံ့ဖြိုးလာစေရန် တောင်သူများနှင့် ပညာရှင်များပူးပေါင်းကာ ၀ါးတောများကို
စနစ်တကျစီးပွားဖြစ်ပြန်လည် စိုက်ပျိုး သင့်သည်ဟု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ဆိုသည်။
“၀ါးက သစ်တောတွေလို
သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတယ်။ ကာဗွန်စုပ်တယ်။ ၀ါးကိုအမျိုးမျိုး
သုံးစွဲတဲ့ အတွက် တစ်ဖက် ကလည်း သစ်တောတွေအပေါ် ဖိအားတွေ
လျော့ကျသွားနိုင်တယ်။ ဒေသခံတွေအတွက် မစိမ်းတဲ့ အရာတစ်ခုဖြစ်လို့
ဝါးစိုက်ရင် ဒေသခံတွေ အဆင်ပြေနိုင်တယ်။ ၀ါးရှားပါးမှုကိုလည်း
လျော့ကျသွားမယ်”ဟု RPE(Rahmonnya Peace Foundation) ဥက္ကဌ ဦးမင်းအောင်ဇေက
ပြောသည်။
မြန်မာနိုင်ငံတွင် ၀ါးခုတ်ယူမှုမြင့်မားလာရခြင်းမှာ
အာရှနိုင်ငံအချို့မှ ဆေးလိပ်၊ ဘီယာ၊ မီးသွေး၊ အ၀တ်အစား အသုံးအဆောင်
များပြုလုပ်၍ ကမ္ဘာအရပ်ရပ်သို့ တင်ပို့ ရောင်းချနေခြင်းကြောင့်ဖြစ်သည်ဟု
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့က ဆိုသည်။
Myit Ma Kha Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment