Monday, October 7, 2013
ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း
လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို
အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း
အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့်
ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်းလမ်းလျှောက်မှုတွင်ပါဝင်ခဲ့သည့်လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောကြားသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက လုပ်ငန်းအချို့ စတင်ရန်၊
ယာမြေများတွင် သွပ်ဆူးကြိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ
ဒေသခံများက သွပ်ဆူးကြိုး ခတ်ခြင်းကို ဖယ်ရှားပေးရေး၊ ထိုက်တန်သော
မြေယာလျော်ကြေး ရရှိရေး၊ လိပ်ခွံတောင်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့အား
ဖယ်ရှားပေးရေးနှင့် လယ်ယာမြေများ လုပ်ကိုင်ခွင့် ရရှိရေးစသည့် အချက်များကို
ကုမ္ပဏီနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် သွားရောက်စဉ် ရဲတပ်ဖွဲ့၏
တားဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။“ဆည်တည်း
ရွာသစ်မှာ ဆက်ဆံရေးရုံး ရှိပေမယ့် ညှိနှိုင်းမှုတိုင်းမှာ ဒေသခံတွေရဲ့
တောင်းဆိုမှုတွေကို လူကြီးကို တင်ပြပေးမယ်။ အထက်ကို ပြောပေးမယ်
ဆိုတာတွေနဲ့ပဲ ပြီးခဲ့ရတာပါ။ အခု စက်တင်ဘာ ၃၀ မှာလည်း နောက်ဆုံး
ထုတ်ရမယ်ဆိုတဲ့ အမိန့်လိုစာကြီး ထုတ်ထားတယ်။ လယ်ယာတွေထဲမှာ သွပ်ဆူးကြိုးတွေ
ခတ်နေတယ်။ အားလုံးက လျော်ကြေး ထုတ်ယူ မထားသေးဘူး။ စီမံကိန်းက ပြန်စဖို့
ပြင်နေပါပြီ။ ဒါကြောင့် ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ဖို့ သွားမှာပါ” ဟု
တုံရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်ပိုင်း
လက်ပံတောင်း ဒေသတွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်မှုပေါင်း ၃၀
အထိရှိခဲ့ကာ ယနေ့ဆန္ဒ ထုတ်ဖော်မှုတွင် တရားဝင် ခွင့်ပြုချက်ရယူပြီး
ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့်အတွက် တားဆီးရခြင်း ဖြစ်ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ဆိုသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment