Tuesday, October 8, 2013
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ မြန်မာ တက္ကသိုလ်များနှင့် ဂျပန်နိုင်ငံရှိ
တက္ကသိုလ်များအကြား အဆင့်မြင့် ပညာရေး၌ ပညာရေး ကဏ္ဍများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ ဂျပန်နိုင်ငံရှိ
ကျိုတိုတက္ကသိုလ်၊ ချီးဘားတက္ကသိုလ်၊ နီးဂတတက္ကသိုလ်၊ ခနဇ၀ တက္ကသိုလ်၊
အိုကာယမတက္ကသိုလ်၊ နာဂါဆာကီတက္ကသိုလ်၊ ခုမမိုတို တက္ကသိုလ်များနှင့်
မြန်မာနိုင်ငံတွင် Centre of Excellence (COE) အဆင့်တိုးမြှင့်ထားသည့်
ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့အကြား
ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ယင်းသို့ပူးပေါင်း
ဆောင်ရွက်ခြင်းဖြင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ ရန်ကုန်နည်းပညာ
တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့ရှိ ဘာသာရပ် ဆိုင်ရာဌာန ခြောက်ခု
အဆင့်မြှင့်တင် နိုင်ရေးအတွက် သင်ကြားရေး ဆရာ၊ ဆရာမများအား ဂျပန်နိုင်ငံရှိ
တက္ကသိုလ်များသို့ ပညာသင် စေလွှတ်ခြင်း၊ မြန်မာနှင့် ဂျပန် တက္ကသိုလ် များအကြား
သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်ကြားရေး
နည်းစနစ်များ ဖလှယ်ခြင်းအား ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင်
ဂျပန်နိုင်ငံရှိ တိုကျိုတက္ကသိုလ် အပါအ၀င် တက္ကသိုလ် ခြောက်ခုများအကြား
ပူးပေါင်းဆောင်ရွက်ရန် အတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ပထမအပတ် အတွင်းက
နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။
''အခုလို
အဆင့်မြင့် ပညာကဏ္ဍမှာ ဂျပန်တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ နည်းပညာ
တက္ကသိုလ်တွေအပြင် အဲဒီတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေအတွက်
အခွင့်အလမ်း ဖြစ်ပါတယ်'' ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက
ပြောပြခဲ့သည်။
ထို့ပြင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊
အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံတွင်
နည်းပညာ တက္ကသိုလ်ပေါင်း ၃၃ ခုနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်း ၂၅ ကျောင်း
ရှိသည့်အနက် ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်တို့အား
အဆင့်မြှင့်တင်ပြီး နောက်ပိုင်း ယခုကဲ့သို့ ဂျပန်နိုင်ငံရှိ
တက္ကသိုလ်များနှင့် အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment