Tuesday, October 8, 2013
အမေ ရိကန်နိုင်ငံရှိ University of Vermont မှ
မြန်မာကျောင်းသား၊ ကျောင်းသူများအား အမေရိကန် ဒေါ်လာတစ်သောင်း ပညာသင်ဆု
ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိ ရသည်။
အဆိုပါပညာသင်ဆုအား သီးသန့်လျှောက်ထားရန်မလိုအပ် ဘဲ ဆယ်တန်းအောင်မြင်ပြီးသူ များ (သို့) အိုင်ဂျီစီအက်စ်အီး အမှတ်နှင့် အင်တာဗျူးဖြေဆိုမှု ကို ဆုံးဖြတ်၍ ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
''ဒီတက္ကသိုလ်ဝင်ခွင့်ရတဲ့ သူတွေအနေနဲ့ သတ်မှတ်အရည် အချင်းနဲ့ပြည့်မီရင်
နောက်စာသင် နှစ်တွေမှာ ပညာသင်ထောက်ပံ့ ကြေး ထပ်ပြီး လျှောက်ထားလို့ရ တယ်။
နောက်ပြီး ဆယ်တန်းအောင် နဲ့ အိုင်ဂျီစီအက်စ်အီးအောင်မြင် ထားသူတွေက SAT
အမှတ်တင် ပြဖို့မလိုဘဲ အမေရိကန်တက္ကသိုလ် ပထမနှစ်နဲ့ညီမျှတဲ့ Global Gateway
Program ကိုလျှောက်ထား နိုင်ပါတယ်။ ဒီပရိုဂရမ်က နိုင်ငံ တကာကျောင်းသားတွေ
အတွက် ပဲ သီးသန့်ဖြစ်တဲ့ အတွက် အမေ ရိကန်တက္ကသိုလ်ပညာရေးစနစ် မှာ
လိုအပ်မယ့်အကဲဒမစ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေး သွားမှာပါ။
အမေရိကန်တက္ကသိုလ် တွေက အခုနောက်ပိုင်းမှာ ပညာ သင်ဆုပေးတာတွေများလာတာ မို့
မြန်မာကျောင်းသားတွေ သင် ကြားမှုပိုင်းမှာ အကျိုးရှိစေမှာပါ''ဟု Crown
Education မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
ရွေးချယ်သင်ကြားနိုင်မည့် ဘာသာရပ်များမှာ စိုက်ပျိုးရေး နှင့် သဘာဝသိပ္ပံ၊
အနုပညာနှင့် သိပ္ပံ၊ စီးပွားစီမံခန့်ခွဲမှု၊ ပညာရေး နှင့် လူမှုရေးဆိုင်ရာ
ဝန်ဆောင်မှု များ၊ အင်ဂျင်နီယာနှင့် သင်္ချာ၊ သ ဘာဝပတ်ဝန်းကျင်နှင့် သဘာဝ
အရင်းအမြစ်များ၊ သူနာပြုနှင့် ကျန်း မာရေးစောင့်ရှောက်မှုပေးခြင်း
စသည့်ဘာသာရပ်များ တက် ရောက်နိုင်မည်ဖြစ်သည်။
ကျောင်းဝင်ခွင့်လမှာ
ဇန်န ဝါရီနှင့် ဩဂုတ်လတို့ဖြစ်ပြီး တစ် နှစ်စာကျောင်း လခ အတွက် အ
မေရိကန်ဒေါ်လာ ၃၄၆၀၀ ခန့် နှင့် နေထိုင်စားသောက် စရိတ်အ တွက်
ဒေါ်လာတစ်သောင်းကျော် ခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းလျှောက်ထားခြင်း နှင့် အသေးစိတ်သိရှိလိုသူများ သည် ဖုန်း-၀၉
၇၃၂၇၃၂ရရနှင့် ဝ၁-၅၂၇၈၃၈တို့တွင် ဆက်သွယ် နိုင်ကြကြောင်း သိရသည်။
မေသဉ္ဇာ
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment