Tuesday, October 8, 2013
ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ
သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော
ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး
ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း
ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။
''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ
ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု
ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။
ယင်းကဲ့သို့
ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည်
များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီး
သွားသူပိုများလာကြောင်း အောင် သစ္စာကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
''ဒီရက်ပိုင်းအတွင်း ရန်ကုန် နဲ့သံတွဲကို အသွားအပြန်သွားဖြစ် ကြတာများတယ်။
ပုံမှန်အားဖြင့် တော့ မိုးတွင်းမှာသွားလာမှုနည်း တယ်။ သံတွဲမှာပြဿနာပေါ်လာ
တော့ သွားကြသူတွေများလာ တယ်။ ကားတစ်စီးမှာ ခရီးသည် ၃ဝလောက်ရှိတယ်။
နှစ်စီးဆွဲတယ် ဆိုတော့ ၆ဝကျော်လောက်တော့ သွားဖြစ်ကြတာပေါ့။ ခုလို ပြ ဿနာတွေ
ထပ်ဖြစ်မှာကိုစိုးရိမ် တာတို့ရှိတယ်။ ဖြစ်လာရင်တော့
ပိတ်လိုက်ရတော့မှာပဲ''ဟု ယင်း ကထပ်မံပြောသည်။ တချို့သောယာဉ်လိုင်း
များမှာ နိုင်ငံသားမှတ်ပုံတင်ပါရှိ ပါက ဘာသာခြားတင်ဆောင်ခြင်း
မျိုးရှိသော်လည်း ယာဉ်လက်မှတ် ဝယ်ယူသူအား လက်မှတ်ရောင်း သင့်
မရောင်းသင့်ကြည့်ပြီးမှ ရောင်းကြခြင်း မျိုးလည်းရှိကြောင်း ရန်ကုန်မှ
သံတွဲသို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ထံမှ သိရသည်။ ''သံတွဲမှာ
ပြဿနာဖြစ်နေ တယ်ဆိုပြီးကြားတော့ ဒီက ရန် ကုန်-သံတွဲပြေး ဆွဲတဲ့ ကားတွေ မှာ
ဘာသာခြားတွေကို မတင် တော့ဘူး။ လမ်းခရီးမှာလဲ စစ် တာတို့ ဘာတို့ကတော့
ပုံမှန်အ တိုင်းရှိပါတယ်။ ပဋိပက္ခကြောင့် ကားပြေးဆွဲတာမှာ အခက်အခဲ
တော့မရှိဘူး။
တင်ပေးလိုက်လို့ ပြဿနာအကြီးကြီး ဖြစ်သွားမယ် ဆိုရင် ဂိတ်တွေပိတ်ပစ်ရမှာ''ဟု ရဲအောင်လံကားဂိတ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ရန်ကုန်-သံတွဲသို့ ခရီးသည် တင်ယာဉ်များပြေးဆွဲရာတွင် အ
ဆင်ပြေမှုများရှိစေရန်အတွက် လုံခြုံရေးအင်အားများကိုလည်း
အပြည့်အဝယူထားကြောင်း သံ တွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတာ ဝန်ရှိသူတစ်ဦးက
ပြောသည်။ စက်တင်ဘာ ၂၈ ရက်က စက်ပစ္စည်း အရောင်းဆိုင်တစ် ဆိုင်ရှေ့
သုံးဘီးဆိုင် ကယ်တစ်စီး ရပ်ထားသည့်အတွက် ရင့်သီးစွာ ဆဲဆိုပြောဆိုကြရာ မှ
အစပြုဖြစ် ပွားခဲ့သည့် သံတွဲမြို့နယ်အတွင်း ဆူပူအကြမ်းဖက်မှု မှာ အောက်
တိုဘာ ၃ ရက်တွင်မှ ဒေသအခြေ အနေအနည်းငယ် တည်ငြိမ်သွား ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ၁၀၀ ကျော်၊ ဗလီနှစ် လုံးနှင့် ဈေးဆိုင်
တစ်ဆိုင် တို့ မီး ရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး လူပေါင်း ၅ဝဝခန့်
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် သံ သယရှိသူ
၄၄ဦးကိုလည်း သက် ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ
အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Yangon Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment