စာဖတ်သူကဏ္ဍကို ထူးခြားတဲ့ အခြားပေးစာတွေနဲ့မတူတဲ့ မေးလ်စာ တစ်စောင် ရောက်လာခဲ့ပါတယ်။ ၆- ၃-၂၀၁၅ ရက်မှာ ဖော်ပြခဲ့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ဦးစောခင်မောင်ရဲ့ ပေးစာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် ဘားအံမြို့မှာနေတဲ့ နှင်းဝတ်ရည် (ဘားအံ)က သူ့ရဲ့ ထင်မြင်ယူဆချက်ကို ပြန်လည် လို့ ရေးသားပေးပို့ခဲ့တာပါ။
စာဖတ်သူကဏ္ဍဟာ မဇ္ဈိမရဲ့ ချမှတ်ထားတဲ့ မူဝါဒဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တာဝန်သိမှုဆိုတဲ့ မူအတိုင်း စာဖတ်သူတို့ရဲ့ ထင်မြင်ယူဆ ချက်တွေ၊ သဘောထား အမြင်တွေနဲ့ ဒီနေ့ဖြစ်ပျက်နေတဲ့ ဒီမိုကရေစီ စံနှုန်းများအရ လူတိုင်းဟာ ပဋိပက္ခအသွင်မဆောင်တဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ၊ ဆွေးနွေးခွင့်၊ ငြင်းခုန်ခွင့်ရှိတာကြောင့် ဒီစာကို ဖော်ပြပေး လိုက်ပါတယ်။
နှင်းဝတ်ရည် (ဘားအံ)က ဦးစောခင်မောင်ရဲ့စာမှာ ကျောင်းသားနဲ့ တော တွင်းလက်နက်ကိုင် ဘာဆိုင်သလဲ စာသားအပေါ်မှာ ဆိုလိုရင်း လွဲချော်နေ တယ်လို့ ယူဆတာကြောင့် ဒီစာကိုရေးခဲ့တာပါလို့ ဆိုပါတယ် ။ ကျောင်း သားဖြစ်စေ၊ တောတွင်းလက်နက်ကိုင် သူများဖြစ်စေ မြန်မာနိုင်ငံမှာ မွေးပြီး ကြီးပြင်းလာကြ သူတွေ ဖြစ်တဲ့အတွက် ကျောင်းသားနဲ့ တောတွင်းလက်နက် ကိုင်သူများ ပတ်သက်မှုများရှိတယ်လို့ သူ့အနေနဲ့ ဆိုလိုတာ ဖြစ်တယ်လို့ ပြော ပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်ဆယ်ရာစုအနှောင်းပိုင်း ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ မှာ ကျောင်းသူ ကျောင်းသားတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ စစ်တပ်က အာဏာ သိမ်းပြီး တဲ့နောက် ကျောင်းသူကျောင်းသားတွေကို စစ်တပ်က အနိုင်ကျင့်ဖမ်းဆီး ချုပ်နှောင် နှိပ်စက်ညှင်းပန်း တာ၊ မတရားထောင်ချတာတွေ လုပ်လာတဲ့ အတွက် ဒီဘေးက ကင်းလွတ်ဖို့ နီးစပ်ရာ တောတွင်းလက်နက် ကိုင် အဖွဲ့များကို တိမ်းရှောင်ခဲ့ကြရတယ်လို့ ရေးပါတယ်။
တောတွင်းလက်နက်ကိုင် အဖွဲ့တွေက ကမ္ဘာပေါ်မှာ မရှိသေးတဲ့ ကျောင်းသား တပ်မတော် ABSDF ကို ဖွဲ့စည်းပေးခဲ့တဲ့အပြင် လိုအပ်တဲ့အခြား အကူ အညီတွေကို ဆယ်စုနှစ် နှစ်ခုကျော် ကူညီပေး ခဲ့ခြင်းဖြင့် ကျောင်း သားနဲ့ တော တွင်းလက်နက်ကိုင် ပတ်သက်ခဲ့ကြပြီး ယနေ့တိုင် ယခင်က ကျောင်းသား ဘ၀၊ ယခု ကျောင်းသားဟောင်းများက ကျောင်းသားတပ်မတော် (ABSDF) အမည်ဖြင့် တောတွင်းလက်နက် ကိုင် အဖွဲ့များနဲ့ အာဏာရှင်အစိုးရ ပြုတ် ကျရေးအတွက် ပါဝင်ပတ်သက် တိုက်ပွဲဝင်ဆဲ ဖြစ်တယ်လို့ ဆိုပါ တယ်။
ဒီလိုပတ်သက်နေရတာကလည်း ယနေ့ထိတိုင် အာဏာရှင်စနစ် ပုံစံအုပ် ချုပ်နေတဲ့ အာဏာရှင်အစိုး ရ ပျောက်ကွယ်၊ (သို့မဟုတ်) ကွယ်ပျောက်ပြီး နိုင်ငံတကာအဆင့် ဒီမိုကရေစီ အစိုးရ အုပ်ချုပ်ရေး စနစ် ပေါ်ထွန်းလာစေဖို့ ဖြစ် တယ်လို့ ရေးပါတယ်။ ဒါကြောင့် ဦးစောခင်မောင်ရဲ့ကျောင်းသားနဲ့ တောတွင်း လက်နက်ကိုင် မဆိုင်ဘူးဆိုတာဟာ လွဲချော်နေတယ်လို့ သူ ပြောလိုရင်း ဖြစ် တယ်လို့ ပြောပါတယ်။
ဦးစောခင်မောင် ရေးခဲ့တဲ့စာမှာ စောဆန်းအောင်ကို ပွဲဆူတဲ့အထဲ ပါချင်ပုံရ တယ်လို့ ရေးထားတာကို မိမိအနေနဲ့ လွဲချော်တဲ့ ထင်မြင်သုံးသပ်ချက်ဖြစ်နေ တဲ့အတွက် ၀မ်းနည်းမိပါတယ်။ ယနေ့ဖြစ်ပေါ်နေ တဲ့ ကျောင်းသား သပိတ်၊ အလုပ်သမား သပိတ်၊ တောင်သူလယ်သမား သပိတ်၊ မြေယာ သပိတ်စတဲ့ ဆန္ဒပြပွဲတွေကို ပွဲဆူတဲ့ဟာတွေ ဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်မယ်။
တကယ်တော့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ ပွဲဆူအောင်ပြုလုပ်နေသူတွေ မဟုတ်ဘဲ ပွဲဆူဖြစ်အောင် ဘယ်သူတွေ က လုပ်ဆောင်နေသလဲ၊ ပွဲမဆူ ရအောင် ဘယ်သူ့မှာ တာဝန်ရှိသလဲလို့ သူ မေးချင်ပါတယ် လို့ ပြောပါတယ်။ ပြီးတော့လည်း သူ မေးချင်သေးတာက ကျောင်းသားနဲ့ လက်ပတ်နီ (တာဝန်) ဘာဆိုင် သလဲ။ ဘယ်သူ့ခွင့်ပြုချက်နဲ့ပါဝင်ပတ်သက်တာလဲလို့ အမေး စကားရေးသားလာတဲ့ နှင်းဝတ်ရည် (ဘားအံ) ရဲ့ ပေးစာကို ဖော်ပြ လိုက်ပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment