Monday, March 16, 2015

နစ်မြုပ်သင်္ဘော သတ်မှတ်ကုန်နှင့် ခရီးသည် ပိုမိုတင်ဆောင်ခဲ့


နစ်မြုပ်သွားသည့် အောင်တံခွန်(၃) သင်္ဘောကို ပြင်ဆင်မှုမပြုလုပ်မီ ၂၀၁၂ ဖေဖော်ဝါရီလက တွေ့ရစဉ်။ အဆိုပါသင်္ဘောကို ၂၀၁၃ နိုဝင်ဘာ ၃ရက်တွင် စစ်တွေသင်္ဘောကျင်း၌ ကျင်းတင်ပြင်ဆင်ခဲ့ပြီး ၂၀၁၄ ဧပြီ တွင် ရေယာဉ်လုံခြုံစိတ်ချမှု စစ်ဆေးပြီးခဲ့ကြောင်း တာဝန်ရှိသူများကဆိုသည်အောင်တံခွန်(၃) သင်္ဘော နစ်မြုပ်မှုအတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ထိုသင်္ဘောမှာ သတ်မှတ်ကုန်ချိန်နှင့် ခရီး သည် ပိုမိုတင်ဆောင်လာခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ သတင်းရရှိသည်။
သင်္ဘောပေါ်တွင် ခရီးသည် နှင့် ကုန်အဆမတန်တင်လာခဲ့ ခြင်းဖြစ်ပြီး သင်္ဘောဝမ်းဗိုက်ထဲသို့ ရေစတင်ဝင် ချိန်တွင် ကုန်များကို ပင်လယ်ထဲသို့ လွှင့်ပစ်ရန် ခရီးသည်တစ်ဦးက အကြံပေး သည်ကို သင်္ဘောဝန် ထမ်းများက လက်မခံခဲ့ကြောင်းအသက်ဘေး မှ လွတ်မြောက်လာသူကိုဆန်း ၀င်းကပြောသည်။

‘‘ခရီးသည်တစ်ယောက်က ပြောတယ်။ ပစ္စည်းတွေတအား များနေတယ်။ ကုန်းပတ်မှာ။ကုန်း ပတ်က ပစ္စည်းတွေကို မြစ်ထဲကို နည်းနည်းလွှင့်ပစ် လိုက်ပါပေါ့။ အဲဒီလိုပြောတာကို သင်္ဘောသား တစ်ယောက် က ပြောတယ်တဲ့။ လွှင့်ပစ်တဲ့ကောင်ကို တရားစွဲ မယ်လို့ ပြောတယ်တဲ့’’ဟု ကိုဆန်း ၀င်းကပြော သည်။

ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးပိုင် အောင်တံခွန်(၃)ရေယာဉ်မှာ သတ်မှတ်ကုန်တန် ချိန် ၁၂၀ နှင့် ခရီးသည် ၁၇၆ဦး တင်ဆောင်ခွင့် ပြု ထားသော်လည်း အစိုးရသတင်းထုတ်ပြန် ချက်များမှာပင် ၂၁၈ ဦး နှင့် ကုန်တန်ချိန် ၁၂၉တန်တင်ဆောင်လာကြောင်းဖော်ပြထားသည်။

ရခိုင်ပြည်နယ်အစိုးရက စုံ စမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ မတ်လ ၁၈ ရက် နောက်ဆုံးထားကာ အစီရင် ခံစာတင်ရန် ညွှန်ကြားထားသည်။

‘‘ဖြစ်စဉ်တစ်ခုဖြစ်ပြီဆိုတာ နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ပြီး ဆောင်ရွက်ရ တယ်။ ဘယ်သူတွေ ကိုစစ်မလဲ ဆိုတော့ ရေယာဉ်မှူး တွေ၊ ပါလာတဲ့ခရီး သည်တွေ၊ ဆိပ်ကမ်းကတာဝန်ရှိသူတွေ၊ လုံ ခြုံရေးရဲတွေ၊ လက် မှတ်  စာရေး တွေကအစ အကုန်လုံးကိုစစ်ရမယ်။ အဲဒီလိုပဲ ရဲအရေးပိုင်ကလည်း စစ်မယ်။

ဘယ်သူတွေကြောင့်ဖြစ်လဲ ပြီးရင် ၀န်ကြီးရုံးကိုတင်ပြ မယ်။ စုံစမ်းရေးအဖွဲ့စစ်ဆေးပြီး မှ ဥပဒေအရအရေ ယူမှုတွေကို ဆက်လုပ်သွား ရမယ်’’ ဟု ပြည် တွင်းရေကြောင်းပို့ဆောင်ရေး၊ ရ ခိုင်ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

မတ်လ ၁၅ရက်အထိ ခရီး သည် ၁၆၉ဦးကို ကယ်ဆယ်ထား နိုင်ပြီး ရုပ် အလောင်း ၃၆ လောင်းတွေ့ရှိ ထားကြောင်း ကယ်ဆယ်ရေးလုပ်နေ သည့် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူကြီး ကျော်ထွဋ် ကပြောသည်။

ထို့ကြောင့် အစိုးရသတင်း ထုတ်ပြန်ချက်အတိုင်းဆိုလျှင်ပင် ပျောက်ဆုံးနေ သူမှာ ၁၃ ဦးရှိနေ သေးသည်။ အသက်ဘေးမှ လွတ် မြောက်လာသူများနှင့်ဒေ သခံများ ကမူ သင်္ဘောပေါ်တွင် လက်မှတ် မဖြတ်သူများနှင့် ကလေးငယ်များ အပါအ၀င် ခရီးသည်သုံးရာခန့် လိုက်ပါလာသောကြောင့်ပျောက် ဆုံးနေသူမှာ အစိုးရ သတင်းထုတ် ပြန်ချက်ထက် သုံးလေးဆများနိုင် ပြီး အနည်းဆုံး ၉၀ကျော်နိုင် ကြောင်း ကျောက်ဖြူမြို့ ရခိုင်လူမှု ကွန်ရက်မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံကိုထွန်းထွန်းနိုင်က ပြောသည်။

‘‘ဒီနေ့ကျောက်ဖြူမှာ ရောက် နေတဲ့ အလောင်း ၃၆လောင်းကို သင်္ဂြိုဟ်တယ်။ ပြီးတော့ အ လောင်းတွေ ထပ်ရောက်တယ်။ နှစ်လောင်းလား၊ လေးလောင်း လားမသေချာသေးဘူး။ သင်္ဘော ဗိုက်ထဲမှာ ပါသွားတဲ့ လူတွေတော် တော် များတယ်လို့ ရှာဖွေနေသူ တွေကပြောပါတယ်’’ဟုကျောက် ဖြူမြို့မှ ဓူဝံနာရေးကူညီမှု အဖွဲ့ ၀င်ဦးဇော်ဝင်းနိုင်ကပြောသည်။

ဒုတိယရဲမှူးကြီးကျော်ထွဋ် က သေဆုံးသူများထဲမှ ၂ နှစ်အရွယ်ပိုင်ရှင်မဲ့ မိန်းကလေးအ လောင်းတစ်လောင်း၊ မတ်လ ၁၄ ရက်နေ့လယ်က ထပ်မံတွေ့ရှိခဲ့ ပြီး စုစုပေါင်း ၃၆ ဦး ရှိပြီဖြစ် ကြောင်း ဆိုသည်။ သေဆုံးသူ ၃၆ ဦးတွင် သံဃာတော်တစ်ပါး အပါအ၀င်အမျိုးသားလေးဦး၊ အမျိုးသမီး ၃၂ ဦးဖြစ်ပြီး အမျိုးသမီး များ အနက် လေးဦးမှာ ကလေးငယ် များဖြစ်ကြောင်းသတင်းရရှိ သည်။ 

၎င်းတို့ထံမှ တွေ့ရသည့် လက်ဝတ်လက် စားများကို ရဲတပ် ဖွဲ့က သိမ်းဆည်းထားပြီးသက်ဆိုင်ရာ မိသားစု ၀င်များထံ ပြန်အပ်မည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်ရဲ တပ်ဖွဲ့မှူးက ပြောသည်။

သင်္ဘောရေ၀င်ချိန်မှ နစ်မြုပ်သွားချိန်အထိ ၀န်ထမ်းများက ခ ရီးသည်များအား သတိပေးဆော် သြမှုလုံးဝ မလုပ်ခဲ့ကြောင်းဝေဖန် နေကြချိန်တွင် သင်္ဘော ၀န်ထမ်း ၁၁ဦးအနက် ၁၀ဦးမှာ အသက် ကယ်အင်္ကျီဝတ် ဆင်ကာရေဘေး မှ လွတ်မြောက်အောင်ကူးခတ် သွားနိုင်ခဲ့သည်ဟု ခရီးသည်အချို့က ပြောသည်။ 

သင်္ဘောပေါ်တွင် ရေယာဉ်မှူးနှင့် ၀န်ထမ်း ၁၀ဦး လိုက်ပါလာခဲ့ပြီး ရေယာဉ်မှူး တစ် ဦးသာပျောက်ဆုံးနေ ကာကျန် ၁၀ ဦးစလုံးအသက်ရှင်ခဲ့ကြောင်းရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကအတည်ပြုသည်။

‘‘သင်္ဘောသားတွေအကုန် လုံးက အရမ်းမူးနေတယ် ပြော တယ်။ သင်္ဘောအထဲမှာပါသွား တဲ့ လူကလည်း အရမ်းမူးလို့ နှိုးလို့ မရလို့ ကျန်ခဲ့တာလို့အဲဒီလိုပြော သံကြားတယ်’’ဟု ခရီးသည်ဖြစ်သူ ကိုဆန်းဝင်းက ပြော သည်။

7Day Daily

No comments:

Post a Comment

My Blog List