လတ်တလော မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့အား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထည့်သွင်းမည် မဟုတ်ဟု ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်စင်တာ(၂)တွင် ကျင်းပသည့် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင် သည့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အေတို့ ၂ နာရီကြာတွေ့ဆုံအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်မင်းက ‘’ အကယ်၍ ကိုးကန့် အနေနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် တက်လာမယ်ဆိုရင်တော့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲမှာပါနိုင်တာပေါ့’’ ဟု ဖြည့်စွက်ပြောသည်။
၎င်းက ၂၀၁၂ ခုနှစ်က ဦးဖုန်ကြားရှင်နှင့် ဦးဖုန်ကြားဖူးတို့က နိုင်ငံရေးပြန် လုပ်ချင်သည့်အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်း၊ နိုင်ငံရေးလမ်းကြောင်းပေါ်တက်၍ရသည်ကို မတက်လာပဲ လက်နက်ပြန်ကိုင်ခြင်းသည် ၎င်းတို့၏ဆုံးဖြတ်ချက်သာဖြစ်သည်ဟု ဆိုသည်။
ဦးအောင်မင်းက ‘’အဲ့တော့ သူနိုင်ရေးလမ်းကြောင်းပေါ်တက်လာရင် ကိုးကန့် ဒေသကိုယူရင် သူပဲရမှာပေါ့ ဗျာ ပြည်သူထောက်ခံရင်ဘယ်သူ မဆိုရမှာ ကျတော်တို့ ကနိုင်ငံရေးလမ်းကြောင်းပေါ် တက်စေချင်တယ်’’ ဟု ပြောသည်။
‘’တကယ်တော့အရာရာအားလုံးဟာ နိုင်ငံရေးနဲ့ ပဲဆုံးဖြတ်ရမှာပဲ နိုင်ငံရေးလမ်းကြောင်းပေါ်အကုန်တက် လာကြပါ သူရဲ့ လုပ်ထုံးလုပ်နည်း စည်းမျသ်းစည်းကမ်းတွေနဲ ပဲ လုပ်ကြပါလို့ ပြောချင်ပါတယ်’’ ဟု ဖြည့် စွက်ပြောသည်။
ကေအိုင်အေဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ‘’လောက်ကိုင်ကိစ္စကတော့ ကျွန်တော်တို့ KIA နဲ့တိုက် ရိုက်တော့မပတ်သက်ပါဘူး၊ဒါပေ မယ့်လောက်ကိုင် ရှိနေတဲ့ကိုကန့်အဖွဲ့ကတော့ NCCT ရဲ့မန်ဘာဝင်ဖြစ် ပါတယ်၊နိုင်ငံရေးအရ လက်တွဲခေါ်အပ်ဖို့ယုံကြည်ပါတယ်၊စစ်ရေးမှာလောက်ကိုင်ဒေသတွေမှာပါဝင်မှု မရှိ ပါဘူး’’ ဟု ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment