တောင်ကုတ်မြို့မှ စစ် တွေမြို့သို့ ပြေးဆွဲနေသည့် အောင် တံခွန်(၃)ခရီးသည်တင်သင်္ဘော နစ်မြုပ်မှုတွင် လူ ၄၂ ဦး သေဆုံးခဲ့ ကြောင်း ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့က ပြောကြားခဲ့၍ သေဆုံးသူ အရေအတွက်မှာ အစိုးရ ထုတ် ပြန်ချက်များထက် ပိုမိုများပြား နေကြောင်း ကူညီကယ် ဆယ်ရေး ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့ အစည်းများက ပြောကြားသည်။အောင်တံခွန်(၃)ခရီးသည် တင်ရေယာဉ်သည်ကျောက်ဖြူ မြို့မှ ၁၅မိုင် အကွာမြေပုံမြို့နယ် ငပသုန်ကျွန်းနှင့် မြောက်ကြိမ် ကျွန်းအနီးတွင် မတ်လ ၁၃ရက်ည ၈နာရီခွဲခန့်က နစ်မြုပ် ခဲ့ခြင်းဖြစ် သည်။
သေဆုံးသူစာရင်းကို အစိုးရ က ထုတ်ပြန်ခဲ့ရာတွင် ကွဲပြားလျက်ရှိသည်။ မတ်လ ၁၄ ရက် ည၈နာရီသတင်း တွင်နိုင်ငံပိုင်ရုပ်သံဌာနများက ၃၄ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ၁၆၇ ဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမူ ၄၂ဦးသေဆုံးပြီး ၁၅ ဦး ကယ်တင်နိုင်ခဲ့ကြောင်း မတ်လ ၁၄ ရက်နေ့လယ်က သတင်းထုတ်ပြန်သည်။
ကူညီကယ်ဆယ်ရေးများပါ ၀င်ဆောင်ရွက်နေသော ဒေသခံ လူမှုရေးအဖွဲ့အစည်းများကမူ လက်မှတ်မဲ့စီး နင်းသူများပါဝင်မှု ကြောင့် ခရီးသည်ဦးရေမှာ သုံးရာ ခန့်ရှိမည်ဖြစ်ပြီး သေဆုံးသူဦး ရေမှာ ထုတ်ပြန်ချက် များထက်ပိုမို များပြားမည်ဟု ပြောကြားသည်။
ဦးလှမင်းအောင်က ဆက် လက်၍ ‘‘ကလေးတွေလည်း လက်မှတ်မဖြတ်ဘူး။ သင်္ဘောပေါ်ကျမှ လက် မှတ်ဖြတ်မယ့်သူကလည်း အများကြီး။ စာရင်းက အတိအကျမရှိဘူး’’ဟု ဆိုသည်။
မတ်လ ၁၄ ရက် ညအထိ ပြန်လည်တွေ့ရှိသော အ လောင်းများတွင် အမျိုးသမီးအ လောင်း ၂၅ လောင်း ပါဝင်ပြီး အများဆုံးဖြစ်သည်။ ထို့အပြင် သံဃာတော်တစ်ပါး ပါဝင်ပြီး ကလေးငယ် သုံးဦး၏ ရုပ်အလောင်း ကိုလည်း ပြန်လည်တွေ့ရှိခဲ့သည်။
ပျောက်ဆုံးနေသော အရေ အတွက်မှာ တစ်ရာခန့် ရှိနိုင် ကြောင်းလည်း ဒေသတွင်း လူမှု အဖွဲ့အစည်း များက ခန့်မှန်းသည်။ နိုင်ငံပိုင်သတင်းဌာနများက ရာသီဥတု ဆိုးရွားမှုများကြောင့်ရေယာဉ်ဦးပိုင်း မှ ရေစတင် ၀င် ရောက်ခဲ့ခြင်းဖြစ်ပြီး ရေယာဉ်မှူးအပါအ၀င်ဝန်ထမ်းများ၊ ခရီးသည်များမှ ရေစုပ်ထုတ်ခဲ့ကြသော်လည်း မထိန်းနိုင်မှုကြောင့် နစ်မြုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အဆိုပါ နှစ်ထပ်ရေယာဉ်တွင် ရေယာဉ်မောင်းတစ်ဦး၊ ရေယာဉ်ဝန်ထမ်း ၁၀ ဦး၊ ခရီးသည် ၂၁၄ ခန့် စုစုပေါင်း ၂၂၅ ဦး၊ ကုန်တန်ချိန် ၁၂၉ တန် တင်ဆောင်လာခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ဆိုသည်။
‘‘ဗိုက်(သင်္ဘော)ထဲပါသွား တဲ့ သူတွေပါသွားတယ်။ မြုပ်နေ တဲ့ သူတွေတစ်ယောက်မှ မပေါ် သေးဘူး။ ကျွန်တော်တို့ မှန်းထား တာတော့ သေတဲ့သူ ၁၅၀ ထက် တော့ လုံးဝမနည်းနိုင်ဘူး’’ ဟု ကူညီကယ် ဆယ်ရေး ပါဝင်ဆောင် ရွက်နေသော ကျောက်ဖြူမြို့နယ် ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ဦးလှမင်းအောင်က ပြောသည်။
‘‘ပျောက်နေသူတွေက အ သက်ရှင်လျက်ပြန်တွေ့ဖို့ ရာနှုန်း နည်းပါတယ်’’ ဟု ကူညီကယ် ဆယ်ရေးများ ပူးပေါင်းဆောင် ရွက်နေသော စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကပြောသည်။ထို့အပြင် သင်္ဘောပေါ် တွင် အသက်ကယ်ပစ္စည်းများ ပါဝင် သော်လည်း လုံလောက်မှု မရှိ ကြောင်း ပြန်လည်လွတ်မြောက်လာသူ အချို့ကို ကိုးကား၍ ၎င်းက ဆက်လက်ပြောသည်။
‘‘အသက်ကယ် ပစ္စည်းနဲ့ ပတ်သက်လို့ ပြန်လွှတ်လာတဲ့ သူတွေကို တချို့မေးတာတွေ့ရ တယ်။
သူတို့ပြန်ဖြေကြတာက လုံးဝမရဘူးတဲ့’’ဟု ဦးသန်းထွန်း က ဆိုသည်။
သို့သော်အစိုးရပိုင်းနှင့် တပ် မတော်(ရေ)မှ ကူညီကယ်ဆယ် ရေးရေယာဉ်များ ရောက်ရှိခဲ့ခြင်း ကြောင့် အသက်ရှင်သူများပြား ခြင်းဖြစ်ကြောင်း ဒေသခံလူမှု အဖွဲ့အစည်းများနှင့် လွတ်မြောက်လာသူအချို့ ကပြောသည်။
‘‘ကယ်ဆယ်ရေးက ၉နာရီ လောက်မှာ ရောက်လာပါတယ်’’ ဟု ပြန်လည်လွတ်မြောက်လာသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသားတစ်ဦးကပြောသည်။
တပ်မတော်ရေမှ သင်္ဘော နှစ်စီးအပါအ၀င် ကယ်ဆယ်ရေး ယာဉ်များမှာ အခင်းဖြစ်ပွားပြီး နာရီဝက်ခန့် အကြာတွင် ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။
သင်္ဘောနစ်မြုပ်မှုသည် ရခိုင် ပြည်နယ်သမိုင်းတွင် လူအသေ အပျောက်အများဆုံးနှင့် အဆိုးရွားဆုံးဖြစ် ရပ်ဖြစ်ကြောင်းဒေသ ခံများကပြောသည်။ ‘‘ကျွန်တော့်အသက်(၆၀) ကျော်ပြီ။ နှစ်ပေါင်း ၆၀ အတွင်း ကမ်းရိုးတန်းသင်္ဘောနစ်မြုပ်မှုမှာ ဒီလောက်ဆိုးတာ တစ်ခါမှ မရှိ ဘူး’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။
၂၀၁၁ခုနှစ်က အောင်တံခွန် (၂)ခရီးသည်ရေယာဉ်သည် မြေပုံမြို့နယ်အတွင်း နစ်မြုပ်ဖူးသော် လည်း လူ အသေအပျောက်နည်း ပါးခဲ့ကြောင်းဒေသခံများကပြော သည်။တရုတ်နိုင်ငံက ပြုလုပ်ထား သော အောင် တံခွန် နှစ်ထပ်ရေ ယာဉ်များမှာ ရခိုင်ပြည်နယ်တွင် ၁၉၉၀ ၀န်းကျင်ကတည်းက စတင်အသုံးပြုခဲ့ပြီး နှစ်ပေါင်း ၂၀ကျော်ကြာမြင့်နေ ပြီဖြစ်သည်။
ပျောက်ဆုံးနေသူများကို ရ ခိုင်ပြည်နယ်အစိုးရအဖွဲ့က ရှာဖွေ မှုများ ဆက်လက်ပြုလုပ်နေပြီး လွတ်မြောက် လာသူများကိုလည်း ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေ ကြောင်း တာဝန်ရှိသူများကပြော ကြားသည်။ ‘‘သင်္ဘော နစ်မြုပ်တဲ့အခါမှာ အသက်ရှင်နေတဲ့ ကျန်တဲ့ပုဂ္ဂိုလ် တွေအတွက်ရောက်လာတဲ့အခါ မှာ ကြိုဖို့ဆိုဖို့ နေရာချ ထားပြီးဖြစ် ပါတယ်’’ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သတင်းထုတ်ပြန်ရေးဆပ် ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်း က ပြောသည်။
သင်္ဘောနစ်မြုပ်သေဆုံးသူ များထဲတွင် အထက်တန်းပြဆရာ မတစ်ဦး ပါဝင်ကြောင်း အမှတ်(၁)အခြေခံ ပညာ ဦးစီးဌာနက မတ်လ ၁၄ ရက်၌ အတည်ပြုပေးခဲ့သည်။
7Day News Journal
No comments:
Post a Comment