Monday, March 16, 2015

နစ်မြုပ်သွားသည့် အောင်တံခွန် ၃ သင်္ဘောမှ ရုပ်အလောင်း ၂၀ ထပ်မံ ရှာဖွေတွေ့ရှိ


ရခိုင်ပြည်နယ် မြေပုံမြို့နယ်အနီး နစ်မြုပ်သွားသော တောင်ကုတ်-စစ်တွေ သွား အောင်တံခွန် ၃ သင်္ဘော မှ သေဆုံးသူများ၏ ရုပ် အလောင်း ၂၀ ကို ယနေ့ နေလယ်ပိုင်း၌ ထပ်မံရှာဖွေ တွေ့ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် အောင်တံခွန် ၃ သဘောင်္မှ သေဆုံးသူများ၏ ရုပ်အလောင်း စုစုပေါင်း ၅၆ လောင်းကို ရရှိထားပြီး ရှာဖွေရေး လုပ် ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း၊ သဘောင်္တွင် အမှန်တ ကယ် လိုက်ပါခဲ့သူ အရေအတွက် အတိအကျ ရရှိရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ် ငန်းကို ဦးဆောင်လုပ်ကိုင်နေသည့် ကျောက်ဖြူမြို့မှ ဒုရဲမှူးကြီး ဦးကျော်ထွဋ် က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာက ၁၆၉ ဦး။ ရုပ်အလောင်း ဒီနေ့အထိ အားလုံးရရှိပြီး တာက ၅၆ လောင်းပါ။ ဒါပေမယ့် အခုချိန်ထိ လက်မှတ်ဝယ်စီးလို့ ရရှိထားတဲ့ သဘောင်္ပေါ်ပါတဲ့ လူဦးရေက ၂၅၀ လောက်ပဲ အတည်ပြုနိုင်သေးတယ်။ သဘောင်္ ပေါ်မှာ ၃၀၀ ကျော် ပါတယ်လို့ ပြောကြပေမယ့်၊ ဒါတွေ ကို အခုချိန်ထိ အတည်ပြုနိုင်ဖို့ ကြိုးစားနေရတုန်းပဲ”ဟုလည်း ၎င်းက ပြောဆိုသည်။

တောင်ကုတ်-စစ်တွေသွား အောင်တံခွန် ၃ သင်္ဘောသည် မတ်လ ၁၂ ရက်ညပိုင်းက ရခိုင်ပြည်နယ် တောင် ကုတ်မြို့မှ စတင်ထွက် ခွာလာပြီး မတ်လ ၁၃ ရက် ညနေတွင် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာလာရာ ည ၈ နာရီကျော်တွင် မြေပုံမြို့နယ်၊ ငပယုန်ကျွန်းနှင့် မြောက် ကျွိန်ကျွန်းအနီး အရောက်တွင် လှိုင်းကြီးလာသဖြင့် ရေ၀င်နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောင်္ပေါ်တွင် အနည်းဆုံးလူ ၃၅၀ ခန့်အထိ လိုက်ပါသွားသည်ဟု ယူဆရကြောင်းနှင့် သဘောင်္ပေါ်တွင် ကုန်များ အဆ မတန် တင်ဆောင်ခြင်း၊ တောင်ကုတ်မြို့မှ သင်္ဘော စတင် ထွက်ခွာလာ စဉ်က တည်းက သဘောင်္ဝမ်းပေါက်နေသည်ကို ဘိလပ်မြေဖြင့် ပြန်ပိတ်၍ ခရီးဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသည်များကို အပြည့် တင်ဆောင်ခဲ့သည်ဟု အသက်ရှင်သူများက ပြောဆိုနေသည် ကို ကြားရကြောင်း ကျောက်ဖြူဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

လက်ရှိအချိန်တွင် အောင်တံခွန် ၃ သဘောင်္သည် ရေ၀င်နစ်မြုပ်ပြီး မှောက်ခုံ အနေအထားမျိုးဖြင့် ရေအောက် သို့ ရောက်ရှိနေသဖြင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ရ ခက်ခဲနေကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

အောင်တံခွန် ၃ သင်္ဘောသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် သင်္ဘောဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရောက် ရှိလာကာ ပြန် လည်ပြုပြင်ပြီး ရခိုင်ကမ်းရိုးတန်းသွား သဘောင်္အဖြစ် ပြေးဆွဲနေခြင်း
 ဖြစ်ကြောင်း သိရသည်။

သဘောင်္၏ သတ်မှတ် ကုန်တန်ချိန် ၁၂၀ နှင့် ခွင့်ပြုလူဦးရေ ၁၇၆ ဦး ဟု သတ်မှတ်ထားသော်လည်း သဘောင်္ မနစ်မြုပ်ခင် အချိန် အထိ ကုန်တန်ချိန် ၁၂၉ တန်နှင့် လူ ၂၁၈ ဦး တင်ဆောင်လာသည်ဟု အစိုးရကသတင်း ထုတ်ပြန်ခဲ့သည်။

သဘောင်္နစ်မြုပ်မှုနှင့် ပတ်သက်ပြီး အသေးစိတ်ဖြစ်စဉ် အစီရင်ခံစာကို မတ်လ ၁၈ ရက် နောက်ဆုံးထား တင်ပြနိုင်မည့် စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါ သဘောင်္ရေယာဉ်မှူး တဦးသာ သေဆုံးခဲ့ပြီး ကျန် သဘောင်္ဝန်ထမ်း ၁၀ ဦးလုံး အသက်ကယ် အင်္ကျီများ ၀တ်ဆင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List