ငြိမ်းချမ်းရေးပျက် သွားပါက မြေစာပင်ဖြစ်မည်မှာပြည်သူများပင်ဖြစ်၍ သည်းခံမှုများဖြင့် အလျှော့အတင်းများ လုပ်စေလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဥက္ကဋ္ဌ ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်း က ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) နှင့် တွေ့ ဆုံစဉ်တွင် ပြောကြား ခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဥက္ကဋ္ဌ ဒုတိယသမ္မတဒေါက် တာ စိုင်းမောက်ခမ်းနှင့် ကချင်လွတ် မြောက်ရေး အဖွဲ့ (KIO)တို့ မတ် ၁၅ ရက်က နေပြည်တော် MICC-2 ခန်းမတွင် နှစ်နာ ရီကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး KIO အနေဖြင့် လည်း အပစ် ရပ်ရေး ရွေးကောက်ပွဲမတိုင်မီကြိုးစား သွား မည် ဖြစ်သလို လက် ရှိဖြစ် ပွား နေသည့် လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် တစ်နိုင်ငံလုံး၏ ငြိမ်း ချမ်းရေးကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော် က ပြန်လည်ပြော ကြားခဲ့သည်။
UPWC ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက''ငြိမ်း ချမ်းရေး ပျက်သွားရင် အများဆုံးခံ စားရ တာက မြေစာပင်ဖြစ် တဲ့ပြည် သူတွေပဲ ဖြစ်ပါ တယ်။ ဘယ်သူကမှား တယ်၊ မှန်တယ်က နောက်လောလော ဆယ် ဒုက္ခရောက် တာက ပြည်သူတွေ ဖြစ် ပါတယ်။ ဒါကြောင့် ငြိမ်းချမ်း ရေးဆွေးနွေးတဲ့ နေရာမှာ စိတ် ရှည် စေချင်ပါတယ်။ သည်းခံစေချင်၊ အ လျှော့အတင်းတွေ ရှိစေချင်ပါတယ်'' ဟုပြောသည်။
တွေ့ဆုံဆွေးနွေးရာတွင် UPWC ဥက္ကဋ္ဌဖြစ်သူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆယ်စုနှစ် ပေါင်းခြောက်ခုခန့် ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများတွင် တိုင်းရင်းသားလူမျိုးအားလုံး က ငြိမ်းချမ်း ရေးရရှိရေးအတွက် ကျားကုတ်ကျား ခဲဆွေးနွေးခဲ့ကြကြောင်း၊ ယခင်က လည်းငြိမ်းချမ်းရေးရ ရှိရေးကြိုးပမ်း ပြီးပြန်ပျက်သွားကြောင်း၊ ယင်းကဲ့သို့ သံသရာလည်နေ သည်ကို အားလုံး သိပြီးဖြစ်ကြောင်း၊ အခြေအနေ ကောင်းတစ်ခုရရှိရေး ကြိုးပမ်းရသည် မှာ ခက်ခဲသလောက်ပျက်စီးရန် လွယ်ကူကြောင်း ပြော ကြားခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်က ''အပစ် အခတ်ရပ်စဲရေးနဲ့ ပတ်သက် ပြီး အောင်မြင်အောင် ကြိုးစားမယ်ဆို ပြီး အဓိကရပ် တည်နေတာ ဖြစ်ပါ တယ်။ အခေါက်တိုင်းမှာ NCA ကို အောင်မြင်အောင် ကြိုးစားမယ်ဆို တဲ့ ကွင်းဆက်ပေါ် မှာ နိုင်ငံထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေ နဲ့ အခု ရွေးကောက် ပွဲ အခြေအနေတွေ အချိန်မီအောင် ကြိုးစား ကြမယ်ဆိုတဲ့ သဘောရှိပါတယ်။
လောက်ကိုင် တိုက်ပွဲတွေဟာ တစ်နိုင်ငံလုံးပရော ဂျက်ကို ထိခိုက်မှာ စိုးရိမ်တယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပြည်တွင်း မှာဖြစ်တဲ့ ကိစ္စအကုန် လုံးကို ဆွေး နွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုး စားစေချင်ပါတယ်။ ဒါက KIO ရဲ့ ဆန္ဒဖြစ်ပါတယ်''ဟု ဆွေးနွေးပွဲအပြီး တွင် သတင်းထောက် များကို ပြော ကြား ခဲ့သည်။
မတ် ၁၇ ရက်တွင်လည်း အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခုနစ်ကြိမ်မြောက်ဆွေး နွေး ပွဲကို ပြုလုပ်မည်ဖြစ်ရာ ယင်း ဆွေးနွေးပွဲတွင် အောင်မြင်စေရန် ကြိုးစားမည်ဆိုသည့် ခံယူချက်ကို အဓိက ထားဖလှယ်ကြကြောင်း ဗိုလ် ချုပ်ဂွမ်မော်က ဆက်လက်ပြော ကြားခဲ့သည်။
ဒေါက်တာစိုင်းမောက်ခမ်းက ဆက်လက်ပြီး ငြိမ်းချမ်းရေးအစ ဖြစ်သည့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိရန် လက်တစ်ကမ်းရောက် နေပြီဖြစ်ကြောင်း၊ ရှေ့ဆက်ပြီးလှမ်း နိုင်မည်ဆို လျှင် ထာဝစဉ်ငြိမ်းချမ်း ရေးအစကို ရရှိမည်ဖြစ်သည့်အတွက် လက်ရှိအခွင့်အရေးကို မလွတ်တမ်း ယူဆောင်သွားကြရန် ပြောဆိုခဲ့သည်။
ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို လည်း KIO အဖွဲ့ အနေဖြင့်အောင်မြင် အောင် လုပ်ဆောင်မည်ဟု ကတိပေး ထားကြောင်း ၊ ပြည်ထောင် စုနေ့က ထုတ် ပြန်ခဲ့သော သဘောထားထုတ် ပြန်ချက်တွင် ပါဝင် သည့်အချက်များကို လုပ်ဆောင်ရန် လာရောက်ရှင်း ပြခဲ့ခြင်းဖြစ်ကြောင်း UPWC ဒုတိယ ဥက္ကဋ္ဌပြည်ထောင် စုဝန်ကြီး ဦး အောင်မင်းက ပြောကြားသည်။
''ရန်ကုန်မှာ လုပ်မယ့်ပွဲအခြေ အနေ တော်တော်ကောင်းသွားနိုင် တယ်။ ဒီမှာလဲ ကတိပေးပြီးသွား ပြီ။ တိုက်ပွဲတွေ လျှော့ချဖို့၊ ပဋိပက္ခ တွေလျှော့ချဖို့ ဆိုတာလဲ ထည့်ဆွေး နွေးကြတယ်။ ဒီဘက်က လုပ်လဲ လုပ်နေတယ်။ ဆက်လုပ်ဖို့လဲ ဆွေး နွေးကြတယ်''ဟု ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းက သတင်းမီဒီယာများ ကိုပြောသည်။
အဆိုပါ တွေ့ဆုံပွဲသို့ UPWC ဥက္ကဋ္ဌဖြစ်သူ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း ၊ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးလ ဂျွန်ငန် ဆိုင်း၊ ဦးအောင်သိမ်းနှင့် ဦးထွန်းထွန်းဦးတို့ တက်ရောက်ခဲ့ကြပြီး KIO အဖွဲ့မှ ဒေါက်တာလဂျာ၊ ဦးဆွမ် လွတ်ဂမ်၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီးလဇိုင်လ၊ ဗိုလ်မှူးကြီးခွန်နောင်၊ ဗိုလ်မှူးကြီးဇော်တောင် ၊ ဒုတိယ ဗိုလ်မှူးကြီး ဆင်ဝါး၊ ဒုတိယဗိုလ်မှူးကြီး လအောင်၊ ဦးယွတ်ဇော်ခေါင်၊ ဦး လမိုင်ခွန်ဂျာ၊ ဦးအင်ရှန်း ဆန်းအောင်၊ ဦးခါပရာခွန်အောင်၊ ဒေါ်ဂျာနန်နှင့် ဒေါ်နန်ရော်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
MP, NTDW
#Democracytoday

No comments:
Post a Comment