လာမည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) အောင်နိုင် ရေးလူငယ်များ ပါဝင်နိုင်သည့်အခန်းကဏ္ဍကို စတင်ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ ၂၀၁၅ အောင်နိုင်ရေး ဗဟို လူငယ်ဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး လေးလ တစ်ကြိမ် အစည်းအဝေး များပြုလုပ်ကာ ဗဟိုလူငယ် ဦး ဆောင် အစည်းအဝေး မှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်န်အယ်လ်ဒီ လူငယ်များက လုပ်ဆောင် မည်ဖြစ်ကြောင်း ဗဟိုလူငယ်ဦးဆောင်အဖွဲ့၏ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ စိုးမိုးသူ ကပြောသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိတော်ဝင်နှင်းဆီ သီရိခန်းမ၌ မတ်လ ၁၄ နှင့် ၁၅ ရက်တွင် ဗဟို လူငယ် ဦးဆောင်အစည်းအဝေးကို ကျင်းပရာ တိုင်းနှင့် ပြည်နယ် အသီးသီးမှ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဗဟိုလူငယ်ဦးဆောင် အဖွဲ့ဝင်များ တက်ရောက်ဆွေး နွေးခဲ့ခြင်းဖြစ်သည်။
‘‘ရွေးကောက်ပွဲအတွက် အ ရည်အချင်းရှိသူတွေပါမှပဲ လုပ် ရင်းကိုင်ရင်း အတွေ့အကြုံတွေ ရရင်းနဲ့ ပခုံးပြောင်း တာဝန်ယူရ မယ့်လူတွေလည်း ရှိနိုင်တယ်’’ ဟု ဦးတင်ဦးကပြောသည်။
အသက် (၁၆) နှစ်မှ (၃၅) နှစ်ထိပါဝင်သော ဗဟိုလူငယ် ဦး ဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူငယ်အင်အား ကိုးသောင်းကျော်ရှိကာ အင်န် အယ်လ်ဒီပါတီ ၀င်အင်အား ၁၃ သိန်းကျော်ရှိကြောင်း သိရသည်။
အင်န်အယ်လ်ဒီဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေး တွင် လူငယ်လုပ် ငန်းအဖွဲ့ဝင်များ လစ်လပ်၊ ပျက်ကွက်ခြင်းနှင့် ပြန်လည် ဖြည့်ဆည်းခြင်းဆိုင်ရာ လူငယ်မူဝါဒများချမှတ်ခြင်း၊ လူငယ်ဖွဲ့စည်းပုံဆိုင်ရာ မူဝါဒများ အား ပိုမိုကျစ် လျစ်ခိုင်မာစေရန် မွမ်းမံပြင်ဆင်ခြင်း၊ လူငယ်ဖွဲ့ စည်းပုံဆိုင်ရာမူဝါဒများ မွမ်းမံပြင် ဆင်ရေး ကော်မတီဖွဲ့စည်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
7Day News Journal

No comments:
Post a Comment