တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အောင်မြင်အောင် လုပ်ဆောင်မည်ဟု ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KIO မှ ဗဟိုကော်မတီဝင်တို့က ပြောကြားလိုက်သည်။မတ်လ ၁၅ ရက်က နေပြည်တော်ရှိ MICC 2 တွင် ပြုလုပ်သော ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (UPWC) ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း ပါဝင်သော ဗဟိုကော်မတီဝင်များနှင့် KIO/KIA မှ ဗဟိုကော် မတီဝင်များ တွေ့ဆုံပွဲအပြီးတွင် နှစ်ဖက်ခေါင်းဆောင်များက ယင်းသို့ ပြော ကြားခြင်း ဖြစ်သည်။
“အပစ်အခတ်ရပ်စဲရေးအတွက် အောင်မြင်အောင် လုပ်မယ်လို့ ကတိပေးထားတယ်။ ရန်ကုန် မှာတွေ့ မယ့် ဆွေးနွေး ပွဲမှာ အဆင်ပြေမယ်” ဟု UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲအပြီးတွင် KIO/KIA မှ ဗိုလ်ချုပ်ဂွမ်မော်က “အောင်မြင်အောင် လုပ်ဖို့ Massage လာပေး တာ ဖြစ်တယ်၊ နှစ်ဖက်လုံး အောင်မြင်အောင် လုပ်မယ်လို့ သဘောတူထားပါတယ်” ဟု ဆိုသည်။
အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှုသည် အဓိက ဖြစ်သော် လည်း နှစ်ဖက်ယုံကြည်မှု အတိုင်းအတာ ကို ပြောပြရန် ခက်ခဲကြောင်း ၎င်းကဆိုသည်။
မတ်လ ၁၇ ရက်နေ့၌ ရန်ကုန်တွင် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲ ဆွေးနွေးမည့် သဘော ထားများကို ဖလှယ်ထားပြီ ဖြစ်ပြီး လက်ရှိအချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနှင့် အချိန်ပေးနိုင် ပါက တွေ့ဆုံလိုကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
“ခေါင်းဆောင်တွေ (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်)ကို ကျွန်တော်တို့ကတော့ တွေ့ချင်တယ် ။ အားမယ် ဆိုရင် တွေ့ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကျောင်းသားသပိတ် နှိမ်နင်းခဲ့သည့် ဖြစ်စဉ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သော်လည်း UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက “ငြိမ်းချမ်းရေးအလုပ်နဲ့ လာမတွဲနဲ့လေ။ ငြိမ်းချမ်းရေးအလုပ်က တောက်လျှောက်ကောင်းနေတာပဲ” ဟု ပြောကြားခဲ့သည်။
The Voice Weekly

No comments:
Post a Comment