Tuesday, March 17, 2015

သမ္မတနှင့် ကာချုပ် ကေအိုင်အိုအဖွဲ့ကို သမိုင်းဝင် တွေ့ဆုံ



ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)သည် နိုင်ငံ တော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် မတ်လ ၁၆ ရက်က နေ ပြည်တော်တွင် ပထမဆုံးအကြိမ် သမိုင်းဝင်တွေ့ဆုံမှုအဖြစ် သီး ခြားစီတွေ့ဆုံခဲ့သည်။
သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နေပြည်တော် တွင် တွေ့ဆုံဖူးသော်လည်း ကေအိုင်အိုကိုယ်စား လှယ်အဖွဲ့များနှင့်မူ ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် လတ် တ လောဖြစ်ပွားနေသော ကိစ္စများဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲများအပြီး ထုတ်ပြန်မှုများအရ သိရ သည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် ကေအိုင်အိုမှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ခေါင်းဆောင် ပြီး ကချင်လွတ် မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ပါ ၀င်သော အဖွဲ့တို့သည် မတ်လ ၁၆ ရက် နံနက်က သမ္မတ၏ လယ်တောရိပ်သာတွင် တွေ့ဆုံခဲ့ပြီး နောက် ညနေပိုင်း၌ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရင့်နောင်ရိပ်သာခန်းမဆောင်တွင် သီးခြား စီတွေ့ ဆုံခဲ့သည်။

ကေအိုင်အိုအဖွဲ့နှင့် တွေ့ ဆုံစဉ် သမ္မတဦးသိန်းစိန်က ငြိမ်း ချမ်းရေးရရန်၊ မရရန် စွမ်းဆောင် နိုင်သည့် ပုဂ္ဂိုလ်များမှာ နှစ်ဖက် အဖွဲ့အစည်းမှ မိမိတို့သာ ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ပြည်သူကို ဒုက္ခရောက်စေသော၊ တိုင်းပြည်နစ်နာဆုံးရှုံးစေ သည့် မပြီးနိုင်သော တိုက်ပွဲများ ကို မိမိတို့ လူတစ်စုက ဆက်ပြီးတိုက်နေကြဦးမည်(သို့မဟုတ်) ယခုကဲ့သို့ စားပွဲတွင် ထိုင်ကာ ငြိမ်းချမ်းသည့် နည်းဖြင့် ဖြေရှင်း အဖြေရှာကြမည်ကို အလေးအနက်စဉ်း စားကြရမည်ဟု ထည့်သွင်းပြော ကြားသွားသည်။

ထို့အတူကာကွယ်ရေးဦးစီး ချုပ်ကလည်း ကေအိုင်အိုအဖွဲ့ နှင့် တွေ့ဆုံစဉ် တိုင်းရင်းသားအဖွဲ့များ အနေဖြင့် လည်း အောက် ခြေအဆင့်ထိ နားလည်ကာ ဆောင်ရွက်စေခြင်းဖြင့် သံသယများ လျော့ နည်းစေနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့ကာ ထာဝရငြိမ်းချမ်းရေးရရန် အမှန်တကယ်လို လားကြောင်း ပြောကြား ခဲ့သည် ဟု ဆွေးနွေးပွဲအပြီး နိုင်ငံ ပိုင်မီဒီယာများမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

ကေအိုင်အေမှ ဒုတိယစစ်ဦး စီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကလည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး သဘော တူညီမှုစာချုပ် (NCA)လက်မှတ်ရေးထိုးခြင်း သည် နောင်တစ်ချိန်တိုက်ပွဲများ အတွက် ပြင်ဆင်ခြင်း မဖြစ်စေ လိုဘဲ နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာများတွင် လက်တွေ့ကျကျအကျိုး ရှိစွာ ဆောင် ရွက်မည်ဟု ပြော ကြားခဲ့သည်။

နေပြည်တော်တွေ့ဆုံမှုများ နှင့် ပတ်သက်၍လည်း ဗိုလ်ချုပ် ဂွန်မော်က ‘‘ဒါတကယ့်ခြေလှမ်း အသစ်ဖြစ်ပါ တယ်။ ကျွန်တော် တို့ ခြေလှမ်းအသစ် အနေနဲ့ ရှေ့ ဆက်သွားဖို့ ဖြစ်ပါတယ်’’ဟု ဆွေး နွေးပွဲအပြီးတွင် ဖြေ ကြား သည်။ကေအိုင်အိုဥက္ကဋ္ဌကလည်း သမ္မတကို စာတစ်စောင်ပေးပို့ခဲ့ ပြီး စာကို ကေအိုင်အိုကိုယ်စား လှယ်အဖွဲ့က သမ္မတထံ ပေးအပ် ခဲ့သည်။

ကေအိုင်အိုကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၁၇ ရက် (ယနေ့)တွင် ရန်ကုန်မြို့၌ ပြုလုပ် မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ဆက်လက်တက်ရောက်မည်ဖြစ် သည်။


7Day Daily

No comments:

Post a Comment

My Blog List