အိန္ဒိယနိုင်ငံ ရေတပ်မှ Saryu နှင့် Battimalv သင်္ဘောနှစ်စင်း မတ် ၁၆ မှ ၁၈ ရက်တွင် ရန်ကုန်သို့ ရောက်ရှိ မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။ ပုံမှန်လေ့ကျင့်မှုများအတွက် ရန်ကုန်သို့ ယင်းသင်္ဘောများ လာရောက်ခြင်း ဖြစ်သည်။ Saryu သင်္ဘောသည် ကမ်းလွန်ကင်းလှည့် သင်္ဘောဖြစ်ပြီး အိန္ဒိယနိုင်ငံ ဂိုယာသင်္ဘောကျင်းတွင် တည်ဆောက်သည့် အိန္ဒိယရေတပ်၏ နောက်ဆုံး ကင်းလှည့် သင်္ဘော ဖြစ်သည်။
INS Battimalv သင်္ဘောမှာ ကင်းလှည့်ရေယာဉ်အဖြစ် ဒီဇိုင်းဆင် တည်ဆောက် ထားခြင်းဖြစ်ပြီး ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ရေယာဉ်ငယ် များနောက် လိုက်လံဖမ်းဆီးရေးတို့ကို လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။
ရန်ကုန်တွင် ဆိုက်ကပ်စဉ် အကြီးတန်းအရာရှိ၊ ကွပ်ကဲရေးအရာရှိနှင့် အမှုထမ်းများက မြန်မာ့ရေတပ်မှ တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။
ရန်ကုန်တွင် ဆိုက်ကပ်စဉ် အကြီးတန်းအရာရှိ၊ ကွပ်ကဲရေးအရာရှိနှင့် အမှုထမ်းများက မြန်မာ့ရေတပ်မှ တာဝန်ရှိသူများနှင့် ဒေသအာဏာပိုင် များနှင့် တွေ့ဆုံမည်ဖြစ်သည်။
ယင်းသင်္ဘော မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အခြားသောလူမှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဟု သတင်း ထုတ်ပြန်ထားသည်။
Mizzima News
Mizzima News
No comments:
Post a Comment