Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, August 18, 2020

လူထုအခြေပြု ဒီမိုကရေစီနိုင်ငံရေးတွင် စစ်တပ်သည် အားကိုးရာမဟုတ်

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်းဆောင်များ ဩဂုတ်လ ၁၄ ရက်နေ့ တွေ့ဆုံခဲ့ကြသော သတင်းသည် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအသိုင်းအဝိုင်းတွင် ရိုက်ခတ်မှုကြီးလျက်ရှိသည်။

Tuesday, March 10, 2020

အခြေခံဥပဒေပြင်ဆင်ရေး ကိုးမျိုး ကိုးကြိမ် ဘယ်လိုမဲတွေပေးရမလဲ၊ ဘယ်ပုဒ်မတွေ ပြင်နိုင်မလဲ၊ ဘယ်လောက် မျှော်လင့်နိုင်မလဲ


No photo description available.
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များနှင့် မတ်လ ၃၊ ၄၊ ၅ ရက်နေ့များတွင် ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးငြင်းခုန်ခဲ့ကြသည့် အခြေခံဥပဒေပါ ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

Thursday, March 05, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့လာမှုကြောင့် စီးပွားရေးထိခိုက်မှုတွေကို စက်မှုထိပ်သီးနိုင်ငံများက အကောင်းဆုံး ကာကွယ်သွားနိုင်မလား


Image may contain: one or more people and text
ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ကာကွယ်သွားဖို့ သင့်တင့်လျောက်ပတ်တဲ့ မူဝါဒတွေအသုံးပြုသွားမယ်လို့ မတ် ၃ ရက်မှာ စက်မှုထိပ်သီးနိုင်ငံများမှ ထိပ်တန်းအရာရှိတွေက ပြောကြားလိုက် ပါတယ်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံမှုကို ဘယ်လိုမျိုးကာကွယ်မှုတွေ လုပ်ဆောင်သွားမလဲဆိုတာတော့ တိတိကျကျ ထုတ်ဖော်မပြောကြပါဘူး။

Monday, February 10, 2020

Facebook ရဲ့ ဘက်လိုက်နိုင်မှုတွေက ရွေးကောက်ပွဲအတွက် စိုးရိမ်စရာ ဖြစ်နေပြီလား

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်မဲရုံမှ မဲရုံကြီးကြပ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
“Facebook ပေါ်မှာရေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ကြီးကြပ်ရေး စိစစ်ရေးအဖွဲ့တွေ ဖွဲ့သွားဖို့ရှိတယ်။ ရွေးကောက်ပွဲကို ထိခိုက်စေတဲ့ စကားလုံးတွေ၊ ရွေးကောက်ပွဲကို ပျက်ပြားစေအောင် တိုက်ခိုက်တဲ့ စကားလုံးတွေ၊ အမုန်းတရားကို ဖြစ်စေတဲ့ စကားလုံးတွေ ရေးမယ်ဆိုရင် ပယ်ဖျက်သွားဖို့ ရှိပါတယ်။ Facebook ကနေ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ။ သူတို့ကိုယ်တိုင် သိရင်လည်း ပယ်ဖျက်သွားဖို့ ရှိသလို ကျွန်တော်တို့ကနေ တင်ပြသွားရင်လည်း ပယ်ဖျက်ပေးဖို့ ဆွေးနွေးပြီး ဖြစ်ပါတယ်”

Monday, January 20, 2020

လက်သန်းတွေ ဖြတ်ပစ်ချင်သတဲ့လား...''လက်သန်းတွေ ဖြတ်ပစ်ချင်တယ်'' 'ဒီပါတီကို ဘယ်တော့မှ မဲမပေးဘူး''


Image may contain: one or more people, closeup and text
စသည့်စကားများကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏကြားရလေ့ရှိ၏။ အထူးသဖြင့် မိမိကိုယ်ကျိုး စီးပွားနှင့်ပတ်သက်၍ အလိုမကျစရာကိစ္စတခုကြုံတွေ့ရသည်နှင့် ပြည်သူလူထုသည် ထိုသို့ကြိမ်းဝါးပြောဆို မှုကို ကြားရတတ်ပါ၏။ သူတို့ပြောသော အဓိပ္ပာယ်ကိုကောင်းကောင်းသိပါသည်။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပြီးပြန်အထွက်တွင် မဲထည့်ပြီးသူဖြစ်ကြောင်း၊ လိမ်ညာ၍ထပ်မံမဲလာမပေးနိုင်စေရန် ရည်ရွယ်၍ အထူးပြုလုပ်ထားသော (တရက်နှစ် ရက်အတွင်း အရောင်မပြယ်စေနိုင်သော) မင်တမျိုးကို လူ၏လက်သန်း တွင် ဆွတ်ပေးလိုက်ခြင်းကိုခံကြရပါသည်။ လက်သန်းတွင်မင်စွန်းသည့်သဘောကား ရွေးကောက်ပွဲတွင် မဲပေးပြီးပြီဆိုသည့်သဘောဖြစ်သည်။ လက်သန်းမင်စွန်းခြင်းသည် ပါတီတခုခုကိုမဲပေးခြင်း အလုပ်ပြီးသွားပြီဆို သည့်သဘော ဖြစ်သည်။

Monday, December 16, 2019

ICJ မှာ ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့တဲ့ စစ်ခုံရုံးနဲ့ အရေးယူမှုတွေကို ဘာလို့ အယုံအကြည် ကင်းမဲ့နေကြလဲ

Image may contain: one or more people, people sitting, crowd and indoor
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားရင်ဆိုင်စဉ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သော တပ်မတော်သားများကို စစ်ခုံရုံးများဖြင့် အရေးယူနေကြောင်း ထွက်ဆိုပြီး စစ်ခုံရုံးဖြင့် အရေးယူမှုများ ထပ်မံ ရှိလာမည်ဖြစ်ကြောင်း ထွက်ဆိုသွားသည်။ ယင်းသို့ ထွက်ဆိုခဲ့သော်လည်း နိုင်ငံတကာမီဒီယာအများစုတွင် စစ်ခုံရုံးဖြင့် တရားစီရင်မှုကို မယုံကြည်ဆိုသော သတင်းများ၊ ထင်မြင်ချက်များနှင့် ရေးသားမှုများ ရှိနေသည်။ လတ်တလော ဂူတာပြင်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ခုံရုံးဖြင့် တရားစီရင်လျက်ရှိသည်။

Monday, September 30, 2019

၂၀၂၀ မတိုင်မီ NLD အစိုးရ ဖြေဆိုရမည့် နိုင်ငံရေးစာမေးပွဲများ


၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် NLD အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ရစဉ်
၁၉၉၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ယခုဆိုလျှင် သက်တမ်း ၃၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

Tuesday, September 24, 2019

၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား



အနောက်နိုင်ငံများကဲ့သို့ ရွေးကောက်ပွဲနိုင်ငံရေးကို မြန်မာပြည်တွင် ယဉ်ကျေးမှုတခုအဖြစ် မထွန်းကား သေးသော်လည်း ပါတီနိုင်ငံရေးကို အထိုက်အလျောက် လေ့ကျင့်လာသည့် အာရှနိုင်ငံ တခု ဖြစ်လာပါပြီဟုဆိုရမည်။ အထူးသဖြင့် မြေပြန့်သားများဖြစ်ကြသော ဗမာ၊ ရခိုင်၊ ကရင်နှင့် မွန်တို့သည် ဗြိတိသျှလက်ထက်ကတည်းက ရွေးကောက်ပွဲကို ၆ ကြိမ် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇ခုနှစ်) လေ့ကျင့်ခွင့်ရသည့်အတွက် အခြားတိုင်းရင်းသားများထက်စာလျှင် ရွေးကောက်ပွဲစနစ်နှင့် ပိုမိုရင်းနှီးမှုရှိသည်ဟု ဆိုရမည်။

Tuesday, September 10, 2019

မုဒိမ်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မပြင်ဆင်နိုင်ခဲ့ရင်


“အရင်ဥပဒေထဲကအတိုင်း မုဒိမ်းမှုကို အဓိပ္ပာယ်ဖွင့်မယ် ဆိုရင်တော့ မုဒိမ်းကောင်တွေကတော့ လွတ်နေဦးမှာပဲ။ အဲဒီတော့ ဒီဥပဒေ ထွက်လာခြင်းအားဖြင့်လည်း ထူးပြီးတော့ မုဒိမ်းကောင်ကြီးကို အပြစ်ပေး အရေးယူနိုင်မယ်လို့ မျှော်လင့်လို့မရဘူး”

Thursday, September 05, 2019

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ပြောတဲ့ "အင်န်အယ်လ်ဒီအစိုးရနဲ့ အတုပြဿနာ"



ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ဟာ သူရဲ့ Facebook မှာ ယနေ့ နံနက်ပိုင်းက "အင်န်အယ်လ်ဒီအစိုးရနဲ့ အတု ပြဿနာ" ဆိုပြီး အခုလို ရေးသားဖော်ပြထားပါတယ်_

Friday, April 22, 2016

“ဖားကန့်မှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကာကွယ်ပေးစေချင် တယ်”

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခင်စစ်အစိုးရ လက်ထက်က လုပ်ပိုင် ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေက လုပ်ငန်းက ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေ ကို လက်ဝါးကြီး အုပ်ထားတာကြောင့် ဒေသခံတွေအတွက် အကျိုးအမြတ် တစုံတရာမှ မရရှိဘဲ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားနေရပါတယ်။

တရုတ်မကြောက်ရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံခြားရေး မူဝါဒ



မြန်မာ့နိုင်ငံခြားရေး မူဝါဒကို ပြန်ပြောင်းကြည့်လိုက်လျှင် ရင်နာဖွယ်များကို တွေ့ခဲ့ရသည်။ အဆိုးဆုံးမှာ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အဆွယ်အပွား များက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ချိန်တွင် ဖြစ်သည်။ ညံ့ဖျင်းသော၊ မသမာသော၊ ကိုယ်ကျိုးကြည့်သော၊ သားတူညီများ ကောင်းစားရေးကိုသာ ဆောင်ရွက်သော၊ လူထုကို မျက်နှာမမူခဲ့သောခေတ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာသည်လည်း ကမ္ဘာ့ အလယ်တွင် လုံးလုံး ကျဆင်းသွားခဲ့သည်။ ထိုသူတို့သည်ကား မတရား ချမ်းသာသွားခဲ့သည်။ တိုင်းပြည်ကား ဆင်းရဲမွဲတေမှုတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းသို့ ရောက်ရှိခဲ့ပြီး၊ အာရှဒေသ၏ ဒုတိယအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့သည်။

Friday, April 08, 2016

အဘခေတ်က ခရိုနီတွေကို အစ်မခေတ်မှာ ဘယ်လိုထိန်းမလဲ


စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် ခရိုနီဟူသော လူတန်းစား တရပ်ပေါ်ပေါက်ခဲ့သည်။ အာဏာရှိသူများနှင့်ပူးပေါင်းကာစီးပွားရေးလုပ်ခဲ့ကြသည့် ခရိုနီများကြောင့် နိုင်ငံတော်အတွက် အမှန်တကယ်ရရှိမည့် အခွန်ငွေများ ဆုံးရှုံးနစ်နာခဲ့ရ သည်။ နှစ်ပေါင်းများစွာ အမြစ်တွယ် ခဲ့သည့် ခရိုနီအရင်းရှင်စနစ်(Crony Capitalism) လုံးဝအမြစ်ပျောက်သွားရန် NLD အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း


'တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းဖြစ်တဲ့အတွက် မြန်မာ နိုင်ငံကို ထောက်ခံပံ့ပိုးမှုတွေ၊ ကူညီမှုတွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်'မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသည့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံသို့ လာရောက်ရသည့်ရည်ရွယ်ချက်၊ မြန်မာပြည်သူပြည်သားများအပေါ်ထားရှိသည့်သဘောထားများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။

"ရခိုင်ပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး"


ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနောက်ကျနေသဖြင့် ပြည်ထောင်စုအစိုးရကဂရုတစိုက် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန်က ပြောသည်။ Myanmar Now နှင့် မကြာသေးခင်က နေပြည်တော်တွင် တွေ့ဆုံစဉ် ရခိုင်အမျိုးသားပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၇ဝ အရွယ် ဦးဘရှိန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်အမျိုး သားပါတီအတွင်း ဖြစ်ပေါ်နေသော အခြေအနေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်ဆံရေး၊ အစိုးရအဖွဲ့သစ်၏အနေအထား၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခ တို့အကြောင်း ပြောပြခဲ့သည်။

တရုတ်နဲ့ ဆက်ဆံရေး NLD အစိုးရ အခက်တွေ့နေပြီလား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဒေသတွင်းက သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အစိုးရသစ်နဲ့တွေ့ဖို့ ထိပ်ဆုံးက ရောက်လာတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဆက်လက်တိုးမြှင့်သွားဖို့ ကတိပြု ပြောကြားထားတာပါ။

Thursday, April 07, 2016

ဥပဒေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့နာမည်ကြီးပါနေတာကတော့ ဒီဥပဒေကဘယ်လိုကြီးလဲလို့တော့ မေးခွန်းထုတ်မိတာပေါ့ကွာ။ ကမ္ဘာမှာကလည်း ဒီလိုမျိုးရှိမှ မရှိတာကိုး


ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင် မြှောက်ရန်အတွက် ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ အားလုံးအသိပင် ဖြစ်ပါသည်။ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှု အမျိုးမျိုးအဖုံဖုံ ပေါ်ထွက်နေခြင်းကို လည်း စာဖတ်ပရိသတ် သိပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို တစ်နည်းတစ်ဖုံ ရှောင်လွှဲ၍ မိမိတို့ ဖြစ်လိုသည်တို့ကို မဖြစ်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်လေသလော၊ ဥပဒေတစ်ရပ်၏ အင်္ဂါရပ်များနှင့် ပြည့်စုံ ကိုက်ညီပါ၏ လော၊ အများက လက်ခံနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်လာနိုင် ပါမည်လော။ အစရှိသည်တို့နှင့် ပတ်သက်၍ နားလည်ကျွမ်းကျင်သူတို့၏ အသံများကို တင်ပြလိုက်ရပါကြောင်း …

တပ်မတော်သားများ အတိုက်အခံ ဖြစ်လာသည့် ဒီချုပ်လွှတ်တော်


ပြည်ခိုင်ဖြိုးအစိုးရ၊ ပြည်ခိုင်ဖြိုးလွှတ်တော် ငါးနှစ်သက်တမ်းက ငြိမ်သက် လွန်းသဖြင့် ဝေဖန်ခံရသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်သက်တမ်းတွင် သက်ဝင်လှုပ်ရှား လွန်းနေသည်။

အစိုးရသစ်နှင့် ရခိုင့်ရှေ့ရေး


ရခိုင်ပြည်နယ်သည် ယခင်အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးကိုအခြေခံသော ပဋိပက္ခများကြောင့်နိုင်ငံတကာကပင် စောင့်ကြည့်ခြင်းခံရသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။ သမိုင်းနှင့်ချီသော ပြဿနာများရှိနေသည့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဒေသတစ်ခုလည်းဖြစ်သည်။

Wednesday, April 06, 2016

အစိုးရအသစ်နှင့် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍ


ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ ဦးစီးသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်းအခမ်းအနားနှင့် တစ်ဆက် တည်းဆိုသလို ထိုနေ့မှာပင် သမ္မတအိမ်တော်တွင် သမ္မတအဟောင်းမှ သမ္မတအသစ်သို့လုပ်ငန်းတာဝန် များ လွှဲပြောင်းပေးခဲ့ခြင်းနှင့်အတူ အစိုးရအသစ်၏ သက်တမ်းသည်လည်း အစပျိုး စတင်လာခဲ့ပြီ ဖြစ်ပါသည်။

My Blog List