Monday, March 16, 2015

နစ်မြုပ်သင်္ဘောကို ရေအောက်တွင် ရှာဖွေတွေ့ရှိ



ရန်ကုန်-လွန်ခဲ့သည့် နှစ်ရက်က နစ်မြုပ်ခဲ့သော အောင်တံခွန် (၃) သင်္ဘောကိုယနေ့ရေအောက်မှ ပြန် ရှာတွေ့ ပြီဖြစ်ကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်ကပြောသည်။ 
 
ထို့အပြင် အသက်(၂) နှစ်အရွယ်ကလေးငယ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြောင်းလည်း သတင်းရရှိသည်။

‘‘(၂) နှစ်သားလောက်ရှိတဲ့ မိန်းကလေးအလောင်းတွေ့တယ်။ ကလေးလေး ကတော့ ပိုင်ရှင်မပေါ်သေးဘူး ဗျ။ သူ့အမေပါ သေဆုံးတဲ့အထဲပါသွား တယ် ထင်တယ်။ သင်္ဘောကိုတော့ ၂ နာရီလောက်က တွေ့တာ’’ဟု ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်ကပြောသည်။

ယနေ့ညနေ ၅ နာရီအထိ အလောင်း ၃၆ လောင်းတွေ့ရှိထားပြီး အသက်ရှင်ကျန်ရစ်သူ ၁၆၉ ဦးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ သေဆုံးသူ ၃၆ ဦးတွင် သံဃာတော်တစ်ပါးအပါအ၀င် အမျိုး သား လေးဦး၊ အမျိုးသမီး ၃၂ ဦး ဖြစ်သည်။ အမျိုးသမီးအလောင်းများထဲတွင် လေးဦးမှာ ကလေးငယ် များဖြစ်ကြောင်း သတင်းရရှိသည်။

မတ်လ ၁၃ ရက်ညတွင် ဖြစ်ပွားခဲ့သော အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေး ရေးအဖွဲ့သည် ဖြစ်စဉ် မှန်ပေါ်ပေါက်ရန် စစ်ဆေးဆောင်ရွက်ကာ အစီရင် ခံစာကို ပြည်နယ်အစိုးရအဖွဲ့သို့ မတ်လ ၁၈ ရက် အရောက်တင်ပြရမည် ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List