Sunday, April 05, 2015

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကိစ္စ ဖွင့်ဟ ပြောကြား


ကြောက်စရာကောင်းလှသော စစ်အစိုးရကို သူ၏အသက်နှင့်ရင်းပြီး အံတုရပ်တည်ခဲ့သည့်အတွက် သံမဏိ သစ်ခွဟု ဒေါ်အောင်ဆန်းစုကြည်ကိုတင်စားခေါ်ဆိုခဲ့ကြသည်။ နိုဘယ် ငြိမ်းချမ်းရေးဆုပေးသည့် ကော်မတီ ဥက္ကဌကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်သည် သူတို့ ကို ကောင်းမှုလုပ်ခြင်း၏ စွမ်းပကားကို ယုံကြည် သက်ဝင်လာစေခဲ့သူဟုလည်း ဂုဏ်ပြုချီးကျူးခံခဲ့ ရသူလည်းဖြစ်သည်။


သို့ သော် သူကာလကြာရှည်စွာ ကြိုးပမ်းရှာဖွေနေသည့် နိုင်ငံခေါင်းဆောင်မှု ကို ပေးနိုင်မည့် ရွှေးကောက်ပွဲ လုပ်မည့်နှစ်ကို ရောက်နေသည့် အချိန်တွင် မြန်မာလူမျိုးများ၏ မွတ်ဆလင်အပေါ် လူ့အခွင့်အရေး ချိုးဖောက် မှုများ ကို ဒေါ်အောင်ဆန်းစုကြည်က အပြစ်မတင် မရုတ်ချဘဲ တိုင်းပြည်က မကြိုက်သည့်အတွက်သူ၏ နိုင် ငံရေး အနေအထား ကျဆုံးနိုင်သည့်အတွက် နုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး “ကျမက အမြဲတမ်းနိုင်ငံရေးသမားပဲ ကျမက ဘာသာရေးအဖွဲ့ အစည်း (Morale Institution) က မဟုတ်သလို အဲလိုပုံစံမျိုးလည်း မဟုတ်ဘူး” ဟု နေပြည်တော်တွင် နိုင်ငံတကာသတင်း ဌာနတွေနှင့် တွေ့ ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ထိုကဲ့သို့ ပြောကြားမှူက သူ့ကို အထင်ကြီးခဲ့သောနိုင်ငံတကာ အသိုင်းအ၀ိုင်းကို စိတ်ပျက်စေခဲ့ ပါသည်။ တချို့ ကလည်း သူရထားသော နိုဘယ်ဆုကို ရုတ်သိမ်းဖို့ တောင်းဆိုခဲ့ကြသည်။လူဦးရေ ၁၄၀၀၀၀ ရှိသည့် ရိုဟင်ဂျာမွတ်ဆလင်များသည် အခြေအနေ ဆိုးရွားစွာဖြင့် ဒုက္ခသည်စခန်းများမှာ ရွှေ့ ပြောင်းနေခဲ့ ရ သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုပြသာနာမှာ ကြားကျကျနေဖို့ ကြိုးစားပါသည်။

“လူမျိုးစုနှစ်ခု ဆက်ဆံရေး မပြေမလည်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေက လူနည်းစုပါ ဒါပေ မဲ့ ဗုဒ္ဒဘာသာတွေ အတွက် လည်း ကမ္ဘာပေါ်မှာ သူတို့ က လူုနည်းစုလို့ ခံစားရတာပဲ။ ကမ္ဘာမွတ်ဆလင် လူအများစုကြီးကလည်း ရခိုင်က ဗုဒ္ဒဘာသာတွေ ကို ဆန့် ကျင်နေတာပဲ။ ဒါတွေက ထင်မြင်ချက်ပေါ့ လေ။ ဒါပေမဲ့ ထင်မြင်ချက်ဆိုတာကလည်း တကယ့်ဖြစ်ရပ်အပေါ် သက်ရောက်မှု ရှိတာပဲ” ဟု ဒေါ်အောင်ဆန်း စုကြည် က သူဥက္ကဌအဖြစ် တာဝန်ယူရသော နေပြည်တော်လွှတ်တော် အဆောက်အအုံက တရားဥပဒေ စိုးမိုရေး ကော်မတီ အစည်းအဝေး ခန်းမမှာ ပြောကြားလိုက်ပါသည်။

သည်ပြသာနာမှာ တစ်ဘက်အား ပြစ်တင်ရုတ်ချနေခြင်းဖြင်း ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမည်ဟု သူ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

(လင်းလင်း ဘာသာပြန်ဆိုသည်။)
-------------
Aung San Suu Kyi plays down role as Myanmar’s conscience
NATHAN VANDERKLIPPE
NAYPYIDAW, Myanmar — The Globe and Mail Interview
------------
The Ladies News Journal

No comments:

Post a Comment

My Blog List