Monday, April 06, 2015

ကိုးကန့်ပဋိပက္ခကြောင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို အထိခိုက်ခံမည် မဟုတ်ဟု နိုင်ငံတော်သမ္မတဆို


အိမ်နီးချင်းနိုင်ငံများသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်ပါ ဆက်ဆံရေး ကောင်းရရှိရန်လိုအပ်နေချိန် တွင်ကိုးကန့်ပဋိပက္ခကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေးကို အထိခိုက်ခံမည် မဟုတ်ကြောင်း လစဉ်ပြော ကြားသည့်မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတဦး သိန်းစိန်က ထည့်သွင်းပြောကြား သည်။
ဧပြီ ၃ ရက်တွင် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတက ''လက်ရှိအချိန်မှာ ကိုးကန့်ဒေသ က အရေး ကြီးလုပ်ငန်းစဉ်အနေနဲ့ တည်ငြိမ်အေးချမ်း မှုရရှိရေးကို အဓိကထားလုပ်ဆောင်နေတဲ့ အဆင့်မှာ ရှိတယ်။ ဒီပဋိပက္ခတွေကြောင့် ကျွန် တော်တို့ရဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိခိုက်ခံမှာမဟုတ်ပါ ဘူး''ဟု ပြောသည်။

ဆက်လက်၍လက်ရှိအချိန်တွင် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကို အကာအကွယ်ပေးရန်ကိစ္စရပ်များ ကိုလည်း ဦးစားပေးလုပ်ငန်းစဉ်များ အဖြစ်ဆောင် ရွက်နေသောကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေ သတွင်လည်း နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု များရှိရန်အဆင့်ဆင့်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုအပြင်တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ပါအချက်အလက်များကို သဘောတူ ညီမှုရရှိခဲ့ပြီးဖြစ်သည့်အတွက် မကြာမီကာလအတွင်း လက်မှတ်ရေးထိုးသွားနိုင် မည်ဖြစ် ကြောင်း သိရသည်။

''တပ်မတော်ကနေ လေကြောင်း အသုံးပြုပြီးတိုက်ခိုက်ရင် တစ်ဖက်နိုင်ငံရဲ့ နယ်နိမိတ်ထဲကို ကျနိုင်တဲ့ အတွက် အစကတည်းက လေကြောင်းကို အသုံးမပြုသင့် ပါဘူး။ တရုတ်ပြည်နယ်ဘက်ကို ဗုံးကျတယ် ဆိုတုန်းကလဲ ဖြစ်ဖြစ်ချင်း ဝန်ခံသင့်တယ်။ ဒါကို ကိုးကန့်ဒေသကဖြစ်စဉ်မှာ တစ်ဖက် နိုင်ငံရဲ့ အားပေးမှု ပါတယ်။ တို့အချုပ်အခြာ အာဏာကို ထိပါးတယ်ဆိုပြီး စစ်ဗိုလ်ချုပ် ကြီးတချို့နဲ့ နိုင်ငံပိုင် သတင်းစာတွေမှာပါ တယ်။ ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိ ခိုက်စေပါတယ်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဘာလို့ ထိန်းသိမ်းသင့်လဲ ဆိုရင် မဟာဗျူဟာမြောက် ဆက်ဆံရေးကို လွတ်လပ်ပွင့်လင်းစွာ တည်ဆောက် ထားတာ မဟုတ်တဲ့အတွက် နစ်နာမှုတွေ ရှိလာရင် မြန်မာနိုင်ငံဘက်က များပြားလွန်းပါတယ်'' ဟု နိုင် ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောသည်။

#TheFlowerNews

No comments:

Post a Comment

My Blog List