Sunday, April 05, 2015

ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို ရွေးစရာနည်းလမ်း တစ်ခုအဖြစ် ဒေါ်စုစဉ်းစားထား

ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘဲဆက်သွားနေမည်ဆိုပါက ရွေးကောက်ပွဲ သပိတ်မှောက်ကို ရွေးချယ် စရာနည်းလမ်းတစ်ခုအဖြစ် စဉ်းစားနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ အတိုက်အခံပါတီ NLD သည် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် အသင့် အနေအထား တွင် ရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့သော် သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးအတွက် မရိုးမသားရှိနေကာ ရွေးကောက်ပွဲကို ရွှေ့ ဆိုင် လာနိုင်ကြောင်းလည်း ရိုက်တာသတင်းဌာနနှင့်အင်တာဗျူးတွင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် က ပြောသည်။ နှစ် ၅၀ နီးပါးကြမျှ စစ်အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အာဏာရလာခဲ့သော အရပ်သားတစ်ပိုင်း မြန်မာအစိုးရကို အမေရိကန်၏ ချီးမွမ်းမှုက ပြုပြင်ပြောင်းလဲရေး အတွက် မြန်မာအစိုးရကို အားရကျေနပ်စေခဲ့သည်ဟုလည်း သူက ဆိုသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်မှ မလွတ်မီ တပ်မတော်နှင့် ပြန်လည် သင့်မြတ်ရေး လိုအပ်မှုကို အလေးထား ပြောဆိုကာ သမ္မတ ဦးသိန်းစိန်၏ သဘောထား တင်မာမှုကိုလည်း ထုတ်ဖေါ်ခဲ့သည်။ “ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုလို့တော့ မထင်ပါဘူး။ ဒါပေမယ့် ရွေးချယ်စရာတွေထဲက တစ်ခုအဖြစ်တော့ စဉ်းစားထားပါတယ်” ဟုဖွဲ့စည်းပုံမပြင်ခဲ့ပါ က ရွေးကောက်ပွဲဝင်၊ မဝင်ကို မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲသည် အရေးကြီးကြောင်းပြောဆိုလျက် ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်၊ မတည် မည်ကိုမူ အမှန်တကယ် စမ်းသပ်မှုပင်ဖြစ်ကြောင်း ပြောဆိုသည်။ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ သို့သော် ထိုစဉ် စဉ်အစိုးရက ယင်းရွေးကောက်ပွဲ ရလဒ်ကို ပယ်ချခဲ့သည်။NLD သည် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မျှတမှုမရှိသည့် လုပ်ပွဲဟု ယူဆကာ သပိတ်မှောက်ခဲ့သည်။

ထိုရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက် ယခင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတ ဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခဲ့သည်။ သို့သော် များစွာသော ပြည်သူများက လက်ရှိတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ရပ်တန့်နေသည်ဟုယူဆ လျက်ရှိနေသည်။ မဲပေးခြင်းတွင်လည်း စစ်တပ်က အရိပ်လွှမ်းမိုးထားသည်။

၂၀၁၁ ခုနှစ်အတွင်း ပထမအကြိမ် တွေ့ဆုံမှုတွင် သမ္မတသည် ပြုပြင်ပြောင်းလဲရေး အမှန်လိုလားသူဟု ဆိုခဲ့သော်လည်း ယခုလက်ရှိတွင် ထိုသို့မဟုတ်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“သူသာအမှန်တကယ်ပဲ ပြုပြင်ပြောင်းလဲရေးမှာ ရိုးသားမယ်ဆိုရင် ကျွန်မတို့တွေ ဒီထက်ပိုပြီး ရှေ့တိုး လုပ်ဆောင် သွားနိုင်ရမှာဖြစ်ပါတယ်” ဟု နေပြည်တော် လွှတ်တော် အစည်းအဝေးခန်းတွင် ပြောခဲ့သည်။
ရွေးကောက်ပွဲ နှောင့်နှေးအောင် သမ္မတ ဦးသိန်းစိန်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြောင်းပြလာ မည်ကိုလည်း စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လတွင် အသက် ၇၀ပြည့်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင် ၄၂ဦးတို့သည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဖြင့် လွှတ်တော်သို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှ စကာ မေးခွန်းထုတ်စရာဖြစ်နေသည့် အစိုးရထံ အသုံးချခံသည်ဟု ဝေဖန်မှုများရှိခဲ့သည်။

သို့သော် များစွာသောတိုင်းရင်းသား ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ကို မြန် မာနိုင်ငံအတွက် အကောင်းဆုံး မျှော်လင့်ချက်အဖြစ် မြင်နေကြသည်။ ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်များသည် မြန်မာ လူဦးရေ ၅၃ သန်းကြား မြင့်တက်ခဲ့သော်လည်း များစွာသော လူမှုဘဝများမှာ တိုးတက်ပြောင်းလဲမှု မရှိပေ။

ယခင်စစ်အစိုးရ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သားကိုယ်စား လှယ် လေးပုံ တစ်ပုံပါဝင်နေသည်။ ထိုအရေအတွက်သည် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်နိုင်သည်။ သမ္မတဖြစ်ခွင့်ကိုလည်း မိသားစု၊ သားသမီး နိုင်ငံခြားသားဖြစ်နေလျှင် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံဥပဒေဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်ခင်ပွန်းသည်နှင့် သားနှစ်ဦးတို့က ဗြိတိန်နိုင်ငံသားများဖြစ်ကြ သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သဘောထားတင်းမာသည့် အစိုးရပေါ် မူတည်နေကြောင်း ပြောသည်။

“တွေ့ဆုံညိနှိုင်းရေးကိုလည်း သူတို့ဘက်က စိတ်ဝင်စားမှုမရှိဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ၊ ပြည်သူ သဘော ထားဆန္ဒမှာ သူတို့ဘက်က အလေးထားတာမရှိဘူး။ သူတို့ကို သဘောထား ပျော့ပျောင်းသူတွေလို့ ပြော ဖို့ခက်တယ်”"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။မြန်မာအစိုးရအပေါ် အမေရိကန်၏ ချီမွမ်းမှု က နောက်ထပ်ပြုပြင်ပြောင်းလဲရေး အတွက် မျှော်လင့်ချက်ကြောင့်လား ဆိုသည်ကိုလည်း သူကမေးခွန်း ထုတ်ခဲ့သည်။

“ပြုပြင်ပြောင်းလဲမှုတွေအတွက် အမှန်တကယ် အားပေးတာလား ဒါမှမဟုတ် နှိမ့်သိမ့်ပေးမှု သက်သက်လား ဆိုတာ ကျွန်မမေးချင်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အကောင်းမြင် လွန်းနေပါတယ် နည်းနည်းတွေးဆပြီး လုပ်ဆောင်သင့်ပါတယ်”"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ မလာမီ အမေရိကန် တာဝန်ရှိသူ တစ်ဦးက အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဖိအားမပေးသွားရန် ဆုံးဖြတ်ချက်ရှိ ထားကြောင်း ရိုက်တာသို့ ပြောထားဖူးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဥပက္ခောပြု သည်ဟုတော့ မခံစားရကြောင်း၊ ကောင်းမွန်သည့် မိတ်ဆွေတွေအဖြစ်ရှိပါကြောင်း ပြောသည်။

တစ်ခုတည်းသော လုံးလုံးလိုအပ်ချက်က တပ်မတော်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးဖြစ်သည်။ ”တပ်မတော်နဲ့ ကျန်ပြည်သူတွေကြား ခွဲခြားထားတဲ့ နိုင်ငံမျိုးကို ကျွန်မတို့မလိုချင်ပါဘူး”"ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်

တပ်မတော်ကို ချစ်ခင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က၂၀၁၂ခုနှစ်အတွင်းက ပြော ခဲ့ခြင်းကြောင့် ထောက်ခံသူများကို အမြင်တစ်မျိုးဖြစ်စေခဲ့သည်။ တပ်မတော်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာဗိုလ်ချုပ်ကြီးများ၏ လှည့်ကွက်ကို ခံနေရသည်ဟု ဝေဖန်မှု များကိုလည်း ငြင်းဆန်သည်။ “ကျွန်မတို့ အမြဲပဲသိရှိထားခဲ့တာပါ။ သူတို့က သူတို့ရဲ့ အထူးအခွင့်အရေးတွေ ကို လွယ်လွယ်နဲ့တော့ လက်လွှတ်မှာမဟုတ်ဘူး။ ကျွန်မတို့မှာ မူအရရပ်တည်ရတာတွေ ရှိပါတယ်။အတိတ် ကို ပြန်လည် တူးဆွနေတာထက် အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားရမယ့် မူလည်းဖြစ်ပါတယ်”" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၂ ခုနှစ်အတွင်း ဗုဒ္ဓဘာသာလူများစုနှင့် အသေအပျောက်များသည့်ပဋိပက္ခဖြစ်သည့် နိုင်ငံအနောက်ပိုင်း တွင်ရှိသည့် နိုင်ငံမဲ့များ အများစုဖြစ်သည့် ရိုဟင်ဂျာ မွတ်စလင်များနှင့် ပတ်သက်ပြီး ပြောဆိုရန် ပျက်ကွက် သည်ဟု စွပ်စွဲချက်များကိုလည်း သူကငြင်းဆန်သည်။

“ကျွန်မ တရားဥပဒေစိုးမိုးရေးကို ပြောခဲ့တယ်။ မည်သည့် အကြမ်းဖက်မှု မျိုးကိုမဆို ရှုတ်ချကြောင်း ပြောခဲ့ ပါတယ်။ ဒါကို စိတ်ဝင်စားမှု မရှိကြဘူး”" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List