Monday, April 06, 2015

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း


ရခိုင်အမျိုးသားပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများကို ရွေးချယ်မည့်ကြီးကြပ်ရေး အဖွဲ့ကို နိုင်ငံရေးပါတီများထဲတွင် ပထမဦးဆုံးအနေဖြင့် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဧပြီ ၅ ရက်တွင် ကျင်းပသောရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအ ဝေး၌ ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှု ကြီးကြပ်ရေးဗဟိုအဖွဲ့ကို အ ဖွဲ့ဝင် ၁၅ ဦးဖြင့် စတင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီအထွေထွေ အတွင်း ရေးမှူး ဦးထွန်းအောင်ကျော် က ပြောသည်။

လာမည့် အထွေထွေရွေး ကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ကြမည့် နိုင်ငံရေးပါတီများက ရွေးကောက် ပွဲ အောင်နိုင်ရေး ကော်မတီများ ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

အင်အားကြီးပါတီများဖြစ် ကြသော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များကို စတင်ဖွဲ့စည်းထား ကြောင်းထုတ်ပြန်ကြေညာ ထားသည်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို လာမည့် ဇွန်လနောက်ဆုံးပတ် တွင် ပြည်သူလူထုကို အသိပေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ပါတီကို ကိုယ်စားပြုပြီး အထွေထွေ ရွေးကောက်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးရေ  နှစ်ရာကျော်ရှိနေပြီး ၎င်းတို့ထဲတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များလည်း ပြန်လည်ပါဝင်နေ ကာ လူထုထောက်ခံမှုရှိပြီး အရည်အချင်းပြည့်ဝသူများကိုသာ လွှတ်တော်ကိုယ်စားလှယ်လောင်း
အဖြစ် ရွေးချယ်သွားမည်ဖြစ်သည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး နှင့် ဗဟိုကော်မတီအစည်းအဝေး များကို ယခုလ ၂ ရက်မှ ၅ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် လာမည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံး၌ အနိုင်ရရှိကာ ပြည်နယ်အစိုးရဖွဲ့စည်းနိုင်ရန် မူ ၀ါဒ ချမှတ်ထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List