Monday, April 06, 2015

ပြည်တွင်းတွင် တရားဟောခွင့်ပိတ်ခံရသည့် ရွှေညဝါဆရာတော်၏ ပြည်ပတရားပွဲ





ပြည်တွင်းမှာ တရားဟောခွင့်ပိတ်ခံထားရတဲ့ ရွှေညဝါဆရာတော် ဦးပညာ သီဟဟာ ဂျပန်နိုင်ငံတိုကျိုမြို့ အီတဘရှိမှာ နိဗ္ဗာန် ရောက်ကြောင်းတရား ပွဲကို ဧပြီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ဟောကြားနေပါတယ်။

လက်ရှိမြန်မာပြည်သူတွေဘ၀ကို ထင်ဟပ်ပြီး ဗုဒ္ဓဘာသာ အကိုးအကားနဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟ က ဟောပြောခဲ့ပါတယ်။

ဂျပန်မှာ လက်ထောက်ဆရာတော် ဦးသူရိယနဲ့အတူ ဧပြီ ၁၁ ရက်အထိ သီတင်းသုံး နေထိုင်မှာလည်း ဖြစ်ပါတယ်။တရားပွဲ ကို မြန်မာနိုင်ငံသား ၂၀၀ ကျော် လာရောက်နာယူခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာ တရားတော်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ဟောပြောတဲ့အတွက် ရွှေည၀ါဆရာတော်ကို တရားဟောခြင်း လုံးဝခွင့်မပြုဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ကလည်း အလားတူအမိန့်မျိုး ထုတ်ပြန်ခဲ့ဖူးပါတယ်။
DVB

No comments:

Post a Comment

My Blog List