Monday, April 06, 2015

အီရန်၏ သမိုင်းဝင် နျူကလီးယား သဘောတူညီချက်က ကမ္ဘာကြီးကို ပိုလုံခြုံလာစေမည်ဟု အိုဘားမားပြောကြား





ဆွစ်ဇာလန်နိုင်ငံ လိုဇန်းမြို့တွင် အီရန်နှင့်ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ ၈ ရက် ကြာ အကျေအလည်ဆွေးနွေးခဲ့ရသည့် အီရန် နျူကလီးယားဆွေးနွေးပွဲအတွင်းကနဦးသဘောတူညီချက် မူ ဘောင်ကို ကြာသပတေးနေ့တွင် ရရှိလိုက်ပြီဖြစ်သည့်အတွက် နောက်ဆုံးသဘောတူညီမှု လက်မှတ်ရေး ထိုးပြီးပါက ကမ္ဘာကြီးကို ပိုမို လုံခြုံလာစေတော့မည်ဟု အိုဘားမားက ပြောကြားလိုက်သည်။

‘ဒီနေ့မှာ အမေရိကန်က မိတ်ဖက်မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အရေးကြီးတဲ့ သမိုင်းဝင် သဘောတူ ညီမှု တစ်ရပ်ကို အီရန်နဲ့ ရယူနိုင်ခဲ့ ပါတယ်၊ ဒီအစီအစဉ်ကို ဇွန်လမှာ နောက်ဆုံး သဘောတူညီချက်ရေး ထိုးပြီး အကောင်အထည် ဖော်ပြီးတဲ့အခါကျရင် အီရန်ကို နျူလက်နက် ပိုင်ဆိုင်နိုင်ခြင်းမရှိအောင် တားမြစ် ပြီးသားဖြစ်လို့ ကျွန်တော်တို့နိုင်ငံ၊ မဟာမိတ် တွေရဲ့နိုင်ငံနဲ့ ကမ္ဘာကြီးကိုပါ ပိုပြီးဘေးကင်းလုံခြုံတဲ့ နေရာကြီး တစ်ခု ဖြစ်သွားစေတော့မှာပါ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နသန်ရာဟုကမူ အမေရိကန်တို့သည် အီရန်နှင့် သမိုင်းဝင် အမှားကြီးတစ်ရပ်ကို ပြုလုပ် လိုက်ပြီဟု ဝေဖန်အပြစ်တင်ခဲ့သည်။ ထို့ကြောင့် အီရန်နှင့် ရယူနိုင်ခဲ့သည့် နျူကလီးယားသဘောတူညီ မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် အစ္စရေးဝန်ကြီးချုပ် နသန်ရာဟုကို ၄င်း၏ ဝေဖန်ချက်နှင့် ပတ်သက် ၍ တွေ့ဆုံ ဆွေးနွေးသွားမည်ဟု အိုဘားမား က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ အီရန်နိုင်ငံတွင် Natanz မြို့မှ နျူကလီးယား စက်ရုံတစ်ခုတည်းသာ ယူရေနီယမ် သန့်စင်သည့် စက်ရုံအဖြစ် ရှိနေတော့မည်ဖြစ်ပြီး အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ် မည့် အစီအစဉ် များနှင့် လုပ်ဆောင်ချက်များကို ကန့်သတ်လိုက်ခြင်းလည်းဖြစ်သည်။

အထက်ပါ အီရန်နျူုကလီးယားအရေး နောက်ဆုံးသဘောတူညီချက်များ ရရှိပြီးပါက အီရန်အပေါ် အမေရိ ကန်နှင့် နိုင်ငံတကာချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ ကိုပါ ဖယ်ရှားနိုင်ပြီဖြစ်သော်လည်း အကြမ်းဖက်မှုကို အားပေးခြင်း၊ နိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများရှိခြင်း စသည်တို့အတွက် ချမှတ်ထားသည့် ပိတ်ဆို့ဒဏ်ခတ်မှုများကတော့ ဆက်ရှိနေ မည်ဖြစ်ကြောင်း သမ္မတ ဘားရတ်ခ်အိုဘားမားက ပြောကြားခဲ့သည်။

အလင်းအိမ်
Source: SBS
The Myanma Age

No comments:

Post a Comment

My Blog List