Monday, April 06, 2015

သာယာဝတီထောင်၌ ချုပ်နှောင်ထားသည့် ဗကသကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူ ၆၉ ဦးအား ဧပြီ ၇ ရက်တွင် လက်ပံတန်းမြို့နယ် တရားရုံး၌ ထပ်မံရုံးထုတ်မည်


လက်ပံတန်းမြို့တွင် အကြမ်းဖက်ရိုက် နှက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်၌ ဖမ်းဆီးချုပ်နှောင်ထားသည့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ကျောင်း သားခေါင်းဆောင်များ အပါအ၀င် ၀န်းရံပြည်သူ ၆၉ ဦးအား လာမည့် ဧပြီ ၇ ရက်တွင် မြို့နယ်တရားရုံး၌ ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှ ဧပြီ ၅ ရက်က စုံစမ်းသိရှိရသည်။
အဆိုပါ ဗကသကျောင်းသား ခေါင်းဆောင်များ၊ ကျောင်းသူကျောင်းသားများ၊ ၀န်းရံပြည်သူများ  ၆၉ ဦးကို မတ် ၂၅ ရက်တွင် ပုဒ်မငါးခုဖြင့် လက်ပံတန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“လက်ပံတန်းမြို့နယ် တရားရုံးကနေ သာယာဝတီခရိုင် တရားရုံးကို ပြောင်းလဲစစ်ဆေးဖို့  အထက်ကို စာတင်ထားတာ ပြန်မကျသေးပါဘူး။ လာမယ့်ဧပြီ ၇ ရက် ရုံးချိန်းမှာကတော့ လက်ပံတန်းမြို့နယ် တရားရုံး ကိုပဲ ရုံးထုတ်ရမန်ယူမှာ ဖြစ်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟက ဧပြီ ၅ ရက်တွင် ပြောကြားသည်။

အဆိုပါ ရုံးထုတ်မည့် ကျောင်းသူ ကျောင်းသားများ အပါအ၀င် ၀န်းရံပြည်သူများအား ရုံးထုတ်သည့်နေ့၌ မတ် ၂၅ ရက်က အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်သည့် ၀န်းရံပြည်သူ ၁၁ ဦးမှာလည်း ယင်းနေ့တွင် လက်ပံတန်းမြို့နယ် တရားရုံးသို့ လာရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သာယာဝတီ အကျဉ်းထောင်ထဲ၌ ဖမ်းဆီးချုပ်နှောင်ထားသည့် ကျောင်းသား ကျောင်းသူများ အပါ အ၀င် ၀န်းရံပြည်သူများကိုလည်း တရားရုံးပြောင်းရွှေ့ စစ်ဆေးမည့်ကိစ္စဖြင့် လက်မှတ်များရေးထိုး ခိုင်းခြင်း များ ရှိကြောင်းလည်း ဧပြီ ၂ ရက်တွင် ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့်ဖမ်းဆီးခံ ကျောင်း သားခေါင်းဆောင် အချို့၏ မိဘများထံမှ စုံစမ်းသိရှိရသည်။

ထို့အပြင် မဖြိုးဖြိုးအောင်၏မိခင် ဒေါ်သန္တာက “ကျွန်မတို့ ထောင်ဝင်စာသွားတွေ့တော့ သမီးတို့အကုန်လုံး ကို တရားရုံးပြောင်းစစ်ဖို့ လက်မှတ်ထိုးခိုင်းတယ်လို့ ပြောတယ်။ ပြီးတော့ သမီးက သူတို့ကိုတရားရုံးမှာ စစ်ဆေးတဲ့အခါမှာ မိဘတွေ၊ ပြည်သူတွေ၊ လွတ်လပ်တဲ့သတင်းမီဒီယာအကုန်လုံးရှေ့မှာ ပွင့်လင်းမြင် သာတဲ့ လွတ်လပ်တဲ့တရားရုံးမှာပဲ စစ်ဆေးတာကို သူလိုချင်တယ်လို့ ပြောပါတယ်။ ပြီးတော့ ရုံးချိန်းကို နှစ် ပတ်တစ်ခါခေါ်ပြီး အချိန်ဆွဲတာကို သူသဘောမကျဘူးလို့လည်း ပြောလိုက်ပါတယ်”ဟု ဧပြီ ၅ ရက်က ပြော ကြားသည်။

လက်ပံတန်းမြို့၌ အမျိုးသားဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြသည့် ဒီမိုကရေစီ ပညာရေး ပင်မကျောင်း သား သပိတ်စစ်အား အကြမ်းဖက်ဖြိုခွင်းရာ၌ သပိတ်မှောက် ကျောင်းသားကျောင်းသူများ အပါအ၀င် သတင်းထောက်များနှင့် ပြည်သူအယောက် ၁၀၀ ကျော်အား ဖမ်းဆီးခံခဲ့ရပြီး ကျောင်းသား ၂၈ ဦး၊ သတင်းထောက်နှစ်ဦး၊ မှားယွင်းဖမ်းဆီးခဲ့သည့် ဒေသခံ ၂၀ ဦးတို့ကိုသာ ပြန်လွှတ်ပေးသေးကြောင်း၊ ထို့အပြင် ၀န်းရံပြည်သူ ၁၁ ဦးကို အာမခံဖြင့်သာ ပြန်လွှတ်ပေးကြောင်း သိရသည်။

အဆိုပါရုံးထုတ်သည့် နေ့တွင်လည်း မတ် ၂၇ ရက်တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့၌ လက်ပံတန်းမြို့တွင် ပင်မကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုအပေါ် ကန့်ကွက်ကြောင်း၊ ဖမ်းဆီးခံကျောင်း သားနှင့် ပြည်သူများ ပြန်လွှတ်ပေးရေး ဆန္ဒပြပြီးနောက် အရပ်ဝတ်ရဲများ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကျောင်း သားခေါင်းဆောင် ကိုနန္ဒာစစ်အောင်ကိုလည်း အဆိုပါ ၆၉ ဦးနှင့်အတူ တစ်ပါတည်း ရုံးထုတ်တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group

No comments:

Post a Comment

My Blog List