Monday, April 06, 2015

လောက်ကိုင်တိုက်ပွဲတွင် စွန့်စားတာဝန်ထမ်းခဲ့သော တပ်မတော်သား၊ ကြက်ခြေနီနှင့် သတင်းထောက်များကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂုဏ်ပြုစကားပြော


လောက်ကိုင်ဒေသ တိုက်ပွဲများအကြားတွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီ ယာသမားများသည် ကိုင်စွဲသော လက်နက်ချင်း မတူညီသော် လည်း စွန့်လွှတ်ရဲ၊ စွန့်စားရဲသည့် သူရဲကောင်းစိတ်ဓာတ် ထားရှိပုံ ခြင်းမှာ တူညီသဖြင့် လေးစားစွာ ဂုဏ်ပြု ပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
‘‘တပ်မတော်သားတွေက လက်နက်ကို ကိုင်တယ်။ ကြက် ခြေနီ တပ်ဖွဲ့ ၀င်တွေက ဆေး သေတ္တာနဲ့ ထမ်းစင်ကိုကိုင်တယ်။ သတင်းမီဒီယာ သမားတွေက ကင်မရာနဲ့ ကလောင်ကိုကိုင်တယ်။ ကိုင်စွဲတဲ့ လက်နက်ချင်း မတူသော်လည်းပဲ စွန့်လွှတ်ရဲ၊ စွန့်စားရဲတဲ့ သူရဲကောင်းစိတ်ဓာတ်ချင်းမှာ အတူတူပဲလို့ ပြော ချင်ပါတယ်’’ဟု ဦးခင်အောင်မြင့်က ပြောသည်။

ဧပြီ ၄ ရက်တွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သော နိုင်ငံတော်အတွက် အသက်ပေး ဆပ်သူများ၊ ဒဏ်ရာရစစ်သည် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် သတင်းမီဒီယာသမားများအား ဂုဏ်ပြုပွဲအခမ်း အနား တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် အငြိမ်းစား ဗိုလ်ချုပ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တပ်မတော်နှင့် သက်ဆိုင် သည့် အချက်များ၊ ဖုန်ကြားရှင် အဖွဲ့၏ သမိုင်းကြောင်းများကို ပြောကြားခဲ့ပြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်ရခြင်းထက် ကြီးမြတ် သော ဂုဏ်မရှိပြီဟု မိန့်ခွန်း ကောက်နုတ်ချက်ကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

နိုင်ငံတ်ာအတွက် အသက်ကို ပေးဆပ်ရခြင်းထက် ကြီးမြတ်သောဂုဏ်မရှိပြီဟု ဗိုလ်ချုပ် အောင်ဆန်းမှာ ကြားခဲ့ကြောင်း၊ ဘာကြောင့်ဗိုလ်ချုပ်အောင်ဆန်း ကို ကိုးကားရသလဲဆိုလျှင် မိမိတို့ ရင်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း သည် အချိန်နှင့်အမျှရှိနေ ကြောင်း၊ ယခုမှလာပြီး အကြီးအကျယ် သတိရနေခြင်း မဟုတ် ကြောင်း ပြောကြားလိုသည်ဟု ၎င်းကဆိုသည်။

‘‘ဖုန်ကြားရှင်၏ လက်နက် ကိုင်ဆန့်ကျင်မှုသည် နိုင်ငံရေး အယူဝါဒကြောင့်လည်းမဟုတ်၊ လူမျိုးစွဲ အမြင်ကြောင့်လည်း မဟုတ်၊ မူးယစ်ရာဇာတစ်ယောက်၏ နယ်မြေလုတိုက်ပွဲပဲ ဖြစ်ပါကြောင်း’’ ဟု ဦးခင်အောင်မြင့်ကပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်း ပိုင်းတွင် ရှမ်းပြည်နယ် အရှေ့ မြောက်ပိုင်းရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသဖြစ်သော လောက်ကိုင်နှင့် ကုန်းကြမ်းမြို့ နယ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်တို့ ကျဆုံးခဲ့ပြီး အရပ်သားများ၊ သတင်းမီဒီယာ သမား အချို့လည်း ပစ်ခတ်တိုက်ခိုက်ခံရ မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည့် ကြက်ခြေနီယာဉ် တန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကြက်ခြေနီ အမှတ်တံဆိပ်အား အထင်အရှား ဖော်ပြထားပါလျက် ပစ်ခတ် သတ်ဖြတ်ရက်သူများသည် လူသားမဆန် သူများသာ ဖြစ်သည်ဟု ဦးခင်အောင်မြင့်က ပြောသည်။

‘‘အမြောက်ဆန်၊ ဗုံးဆန်၊ ကျည်ဆန်များကြားကို သတင်းမီဒီယာသမားများ ဘာကြောင့် ရောက်လာကြ သလဲ။ သတင်းမီဒီ ယာသမားဆိုတာ အမှန်တရားကို ပြည်သူအတွက် တင်ဆက်ရန် လာခြင်းဖြစ် ပါကြောင်း၊ သတင်းမီဒီယာမရှိလျှင် အမှန်တရားသည် လုပ်ကြံခြင်း ခံသွားရနိုင်ခြင်း ကြောင့် သတင်းမှန် ကို ဖော်ထုတ် ရန် ရောက်လာကြကြောင်း’’ ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မီဒီယာများနှင့် ပတ်သက် ၍ ပြောကြားသည်။

ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ နိုင်ငံတော်အတွက် အသက်ပေးဆပ်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရသတင်းမီဒီယာတစ်ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List