Monday, April 06, 2015

ရွေးကောက်ပွဲကိုသပိတ်မှောက်ခြင်းသည် ရွေးချယ်နိုင်စရာ နည်းလမ်းတစ်ခု အဖြစ် ရှိနေဆဲဟု ဒေါ်အောင်ဆန်းစုကြည်ပြော


အင်န်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲကိုသပိတ်မှောက်ခြင်းက အကောင်းဆုံး မူဝါဒအဖြစ်လက်ကိုင် စွဲထားခြင်း မရှိသော်လည်း ယင်းနည်းလမ်းမှာ ရွေးချယ်နိုင်စရာ နည်းလမ်းတစ်ရပ်အနေ ဖြင့် ရှိနေ ဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
''ရွေးကောက်ပွဲကို သပိတ်မှောက်တာက အ ကောင်းဆုံးရွေးချယ်မှုလို့ ကျွန်မတို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီအ ချက်ကို ကျွန်မတို့ ထည့် မစဉ်းစားဘူးလို့တော့ မပြောနိုင်ပါဘူး။ ရွေးချယ်နိုင်မယ့် နည်းလမ်းအားလုံးကို ကျွန်မတို့ လမ်းဖွင့်ထားပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် သီး သန့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုသည်။

ယင်းအပြင် လာမည့်ရွေးကောက်ပွဲ တန်းတူရည်တူ ဖြစ်နိုင်မှု ရှိ၊ မရှိ အခြေအနေနှင့်ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်က ''တန်းတူရည်တူ ယှဉ်ပြိုင် နိုင်မယ့် အခြေအနေ မရှိပါဘူး။ ပြီးတော့ အစိုးရ က NLD ကို ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်မျိုးတွေ ရှိနေပါ တယ်။ ဒါကြောင့် အခုချိန်ထိတော့ တရားမျှတတယ် လို့ ကျွန်မတို့ မပြောနိုင်ပါဘူး။ တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်မယ်ဆိုတာ အာမခံနိုင်တယ်လို့ ကျွန်မတော့ မထင် ပါဘူး''ဟု ပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက် တွေ့ဆုံဆွေး နွေးမှုများကို ကြည့်မည်ဆိုလျှင် တိုင်းရင်းသားများနှင့် တွေ့ ဆုံဆွေးနွေးမှုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အတိုက်အခံများနှင့် ဆွေးနွေးမှုဟူ၍ နှစ်မျိုးနှစ် စား ရှိခဲ့သည်။ ယခု နောက်ပိုင်းကာလများတွင် အစိုးရ ဘက်မှ ပြည်တွင်းငြိမ်းချမ်းရေး ဘက်ကို ပိုမိုအလေးပေး လာခဲ့ပြီး ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးမှ အား လုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုသည့် လမ်းကြောင်း ကို အသားပေး လာကြောင်း လေ့လာသူများက ပြောသည်။

လက်ရှိတိုင်းပြည်တွင် ကြုံတွေ့နေသည့် အဓိကကျသော နိုင်ငံရေး ပြဿနာနှစ် ရပ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုသည့် ကိစ္စရပ်များမှာဆက်စပ်နေ သဖြင့် ရွေးကောက်ပွဲ ကာလမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး နှင့် လိုအပ်သည့် နိုင်ငံရေး အပေးအယူ များ ပြုလုပ်နိုင် ရေးအတွက် အစိုးရ၊ အတိုက်အခံနှင့် တိုင်းရင်းသား အင်အားစုများအကြား နိုင် ငံရေးဆွေးနွေးမှုများ မဖြစ်မနေ ပြုလုပ်ရန် လိုအပ်သည်ဟု လေ့လာသူများကပြောသည်။

''တစ်လောက ၅၉(စ)နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က မပြင်ဘူးပြောလိုက်လို့ နည်းနည်းခြောက် လိုက်တာ ဖြစ်နိုင်တယ်။ အင်န်အယ်လ်ဒီ အနေနဲ့ကလဲ တွက်သင့်တာက ၅၉(စ)လို ကိစ္စမျိုးနဲ့ အစိုးရကို အပေး အယူလုပ်ဖို့ မကြိုးစားသင့်ဘူး။ အင်န်အယ်လ်ဒီနဲ့ အ ပေးအယူလုပ်လို့ အစိုးရဘက်က ဘာအကျိုး အမြတ် ရမလဲဆိုတာက အခုအချိန်မှာ အရေးကြီးနေတယ်လို့ ထင်တယ်''ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်း ဦးက ဆိုသည်။

အင်န်အယ်လ်ဒီပါတီအနေဖြင့် ၂ဝ၁ဝ ပြည့် နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘဲ သပိတ်မှောက် ခဲ့ပြီး ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်အတွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

#TheFlowerNews

No comments:

Post a Comment

My Blog List