Monday, April 06, 2015

ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်နှင့် ယာယီအလုပ်လုပ်ကိုင်ခွင့်ကတ်၏ သက်တမ်းကို တစ်နှစ်မှ ဆယ်နှစ်အထိ ထိုင်းအစိုးရတိုးမြှင့်


ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်နှင့်ယာယီအလုပ် လုပ်ကိုင်ခွင့်ကတ်၏ သက်တမ်း(ပန်း ရောင်ဘတ် ကတ်) ကို ယခင်သက် တမ်းတစ်နှစ် သတ်မှတ်ပေးထားရာမှ သက်တမ်း ၁ဝနှစ်အထိ နေထိုင် ခွင့် တိုးမြှင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းရောင်ကတ်သက် တမ်းအတိုးအစီအစဉ်ကို ၂ဝ၁၅ မတ် ၃၁ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ မှပင်စတင်ကာ အထက်ပါ အတိုင်း ထိုင်းအစိုးရမှ တိုးမြှင့်ပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်ယင်းသို့တိုးမြှင့်ပေးသည့် အစီစဉ်တွင် ပန်းရောင်ကတ်ကိုသာ သက်တမ်း ၁ဝနှစ်တိုးပေးခြင်း ဖြစ် ပြီး ကတ်ကိုင်ဆောင်ထားသူများ ၏ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ် ကိုင်ခွင့်( Work Permit ) တို့ကိုမူ နှစ် စဉ်တစ်နှစ်တစ်ခါ သက်တမ်းတိုး ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့( MAT ) မှ ဒါရိုက်တာ ဦးကျော်သောင်းက ဆိုသည်။

''အမှန်ကတော့ တရားဝင်အ လုပ်သမားအဖြစ် အသိအမှတ်ပြုတဲ့ ပန်းရောင်ကတ်က ၁ဝနှစ်သက် တမ်းရှိ တယ်။ ဆိုပါစို့ ဒါပေမဲ့ အလုပ် သမားကတော့ တစ်နှစ်တစ်ခါနေ ထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ကတော့ တစ်နှစ်တစ်ခါပုံမှန် သက်တမ်းတိုး ရမယ်။ ဒါပေမဲ့ အဲဒီလိုသက်တမ်း တိုးတဲ့အခါမှာ ဥပမာမောင်ဖြူက ဒီ နှစ်မှာ ဦးနီဆိုတဲ့ အလုပ်ရှင်ဆီမှာ အလုပ်လုပ်တယ်ဆိုရင် နောက်နှစ်မှာအ လုပ်ပြောင်းချင်ပြောင်းမယ်။ ဒါပေမဲ့သက်တမ်းတိုးတဲ့အခါ အလုပ်ရှင်ဦးနီရဲ့ ထောက်ခံချက်ပါမှရမယ်''ဟု ဦး ကျော်သောင်းက သက်တမ်း တိုးလုပ် ငန်းစဉ်ကို ရှင်းလင်းပြောပြသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာလုပ်သားများအတွက် တရားဝင်ဖြစ်စေမည့် မည်သူမည် ဝါဖြစ်ကြောင်း အထောက်အထား( C of I)ကို လုပ်ဆောင်ပေးရန် မြန်မာအစိုးရအနေဖြင့် စီစဉ် ဆောင်ရွက် လျက် ရှိနေကြောင်း ၄င်းအစီစဉ်များကို လုပ်ဆောင်ပေးရန်သာ စဉ်စားမနေဘဲ ထိုင်းနိုင်ငံအတွင်းရောက် ရှိနေသည့် မြန်မာနိုင်ငံ သားများအတွက် တရားဝင် အဖြစ် အသိအမှတ်ပြုသည့်ပန်းရောင်ကတ် အား တရား ဝင် သွားလာခွင့်၊ အလုပ် လုပ်ခွင့်တို့ရရှိစေရန် ဦးစွာတောင်း ဆိုသင့်ကြောင်းလည်း ဦးကျော်သောင်း က ထောက်ပြပြောဆိုသည်။

တရားဝင်အထောက်အထား ဖြစ်သည့် ပတ်စ်ပို့နှင့်ဗီဇာဖြင့်ဖြစ် စေ၊ ပန်းရောင်ကတ်ဖြင့်ဖြစ်စေ၊ မည်သည့် အထောက်အထားဖြင့် နေထိုင် သည်ဖြစ်စေ၊ ထိုင်းပုလိပ်များမှမြန်မာ နိုင်ငံသားမြင်သည်နှင့်ဖမ်းဆီး စစ် ဆေးခြင်းများလုပ်ကာ ငွေတောင်းခံ သဖြင့် လွတ်လပ်စွာအလုပ်လုပ်ကိုင် ခွင့်နှင့်သွားလာခွင့်မရ ရှိကြောင်း၊ ထိုင်း ပုလိပ်များ၏ဖမ်းဆီးစစ်ဆေးခြင်းခံ ရပါက အထောက်အထားများပြသ နိုင်သော်လည်း မီးရှို့ပစ်ခြင်း၊ ဖြဲပစ် ခြင်းများကိုခံရကာ ပိုက်ဆံတောင်း သည့် ကိစ္စရပ်များလည်းများပြားစွာ ဖြစ်ပွားလျက် ရှိနေ၍ ထိုသို့မလုပ် ဆောင်ရန် ဦးစွာမြန်မာအစိုးရအ နေဖြင့် ထိုင်းအစိုးရသို့တောင်းဆို သင့်ကြောင်း၊ လက်ရှိတွင်တရားဝင် သာဖြစ်သော်လည်း ကာကွယ်မှုမရ ရှိသည့်အနေအထားများဖြစ်နေ ကြောင်းလည်း ဦးကျော်သောင်းက ဖြည့်စွက်ပြောသည်။

အဆိုပါပန်းရောင်ကတ်များကို ၂ဝဝ၃ခုနှစ်မှစတင်ကာ ကတ်သက်တမ်းတစ်နှစ်တွင် နေထိုင်အလုပ်လုပ် ကိုင် ခွင့်သက်တမ်းတစ်နှစ် ဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သည့် အလုပ်သမားများအား သက် ဆိုင်ရာသံရုံးများမှ အထောက် အထားများပြုလုပ်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ထိုင်းအစိုးရမှပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းစစ်အစိုးရ လက်ထက်တွင် အဆိုပါကတ်သက် တမ်းကို သုံးလ၊ ခြောက်လ သတ် မှတ်ကာ ပြောင်းလဲထုတ်ပေးခဲ့ပြီး နောက် ယခုတွင် ကတ်သက်တမ်းကို ၁ဝနှစ် အထိ တိုးမြှင့်ပေး လိုက်ခြင်းဖြစ်သော်လည်း နေထိုင်အလုပ်လုပ်ကိုင်သူများအဖို့ တစ်နှစ်တစ်ကြိမ် ပုံမှန်သက် တမ်းတိုးငွေပေးဆောင် ကာနေထိုင် ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဒုဥက္ကဋ္ဌ ဦးအောင်ကျော် က ''၁ဝနှစ်အထိ ထိုင်းနိုင်ငံအတွင်းမှာရှိနေမယ်ဆိုရင် ထိုင်းနိုင်ငံသားမဟုတ်ကြောင်း သက်သေအထောက် အထားအဖြစ် ဖော်ပြထားတာပါ။ ထိုင်းဥပဒေမှာတော့ ဘတ်ကတ်သက်တမ်းကို တစ်နှစ်သာပေး ရိုးထုံးစံရှိ ပါတယ်''ဟု ပြောသည်။

အဆိုပါကတ်ပြားများသည် တရားဝင်ဖြစ်သွားသည်မှလွဲပြီး နှစ်စဉ် ငွေကုန်မည့် အစီစဉ်သာဖြစ်ကြောင်း ၊ နှင့်အလုပ်သမားများအတွက် ထူးခြားမည့်အစီစဉ်မျိုးမဖြစ်နိုင်ကြောင်းလည်း ထိုင်းနိုင်ငံအခြေ စိုက်ရွှေ့ပြောင်း အ လုပ်သမားအရေးကူညီစောင့်ရှောက် ရေးအဖွဲ့အစည်းများက ဆိုသည်။

အဆိုပါနေထိုင်ခွင့်သက်တမ်း တိုးမည်ဆိုပါ ယခုနှစ်အတွက်တစ် နှစ်သက် တမ်းတိုးခကို ထိုင်းငွေဘတ် ၃ဝဝဝကျော်သတ်မှတ်ထားကြောင်း၊ သို့သော် မြန်မာအလုပ်သမားများအဖို့ အလုပ်နားမရခြင်း၊သက်တမ်း တိုး လုပ်ငန်းစဉ်ကို နားလည်မှုမရှိခြင်း၊ အလုပ်ရှင်ကိုယ်တိုင်ဦးဆောင်ကာ ပါဝင်ထောက်ခံပေးမှု နည်းခြင်း တို့ ကြောင့် ပွဲစားများဖြင့် အနည်းဆုံးထိုင်း ငွေ ဘတ် ၅ဝဝဝနှင့်အထက်ပေးကာ လုပ်ဆောင်နေရကြောင်း လည်း ထိုင်း နိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားအ သိုင်းအဝိုင်းမှ သိရသည်။

ZCH
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။


No comments:

Post a Comment

My Blog List