Wednesday, August 14, 2013
ဒလိုင်းလားမား Website အတိုက်ခံရ
တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ တရုတ်ဘာသာဖြင့် တင်ထားသည့် Website သည် ကွန်ပျူတာလုံခြုံရေး အဖွဲ့အစည်းကြီး တစ်ခု၏ သတိပေး နေသည့်ကြားမှ အတိုက်ခံလိုက်ရပြီး ယင်း Website သို့ ဝင်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာများသို့ပါ ဗိုင်းရပ်စ်များကူးစက် ခံလိုက်ရကြောင်း၊ အထူးသဖြင့် ထို site သို့ မကြာခဏ သွားရောက်ကြည့်
ရှုသော လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ဝင်များ၏ ကွန်ပျူတာများတွင် ဗိုင်းရပ်စ်ကူးစက်ခြင်း ခံရစေရန် စနစ်တကျ စီစဉ်ထားခြင်းဖြစ် ကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြထားသည်။
တရုတ်ဘာသာစကားဖြင့် လွှင့်တင်ပေးထားသော တိဘက် ဗဟိုအုပ်ချုပ်
ရေးအဖွဲ့ (CTA) ၏ Website တိုက်ခိုက်ခံရဖွယ်ရှိသဖြင့် ကြိုတင်
ကာကွယ်မှုများ ယူထားရန် မိမိကုမ္ပဏီ၏ ဘလော့ဂ်တွင် သတိပေးခဲ့ကြောင်း နာမည်ကျော် ကွန်ပျူတာလုံခြုံရေး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည့် Kaspersky Lab မှ သုတေသီ ကတ်ဘောင်ဂါ့နာက ထုတ်ဖော်ပြောကြား
ခဲ့သည်။
ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများသည် ယခင် အာရှလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကို တိုက်ခိုက်သည့်အဖွဲ့ ဖြစ်နိုင်ပြီး လုပ်ဆောင်ပုံ တူညီကြောင်း ဘောင်ဂါ့နာက ဆိုသည်။
တိုက်ခိုက်သည့်ပုံစံမှာ နှစ်ဆင့်ဖြစ်ပြီး Water holing စနစ်ဖြင့် တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း၊ ဤနည်းမှာ ပထမ Website ကို တိုက်ခိုက်ဝင်ရောက်ပြီး ဗိုင်းရပ်စ်များ ထည့်သွင်းထားခဲ့ကာ ထို Site သို့ လာရောက်ကြည့်ရှုသူတိုင်း ဗိုင်းရပ်စ် ကူးစက်စေသည့်နည်းကို အသုံးပြုထားခြင်း ဖြစ်ကြောင်း၊ ထိုဗိုင်းရပ်စ်သည် အလိုအလျောက် ကူးစက်နိုင်ပြီး ကွန်ပျူတာများကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ဂါ့နာက သတိပေးထားသည်။
နယူးယောက်မြို့ရှိ တိဘက်အစိုးရ ဌာန တာဝန်ရှိသူများကမူ ယခုကဲ့သို့ မိမိတို့ Website အတိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်း
ဆိုခဲ့သည်။
အသက် ၇၈ နှစ်အရွယ် ရှိပြီဖြစ်သော ဘာသာရေး ခေါင်းဆောင် ဒလိုင်းလား
မားသည် ၁၉၅၉ ခုနှစ်ကတည်းက တရုတ်ပြည်မှ ထွက်ပြေးခဲ့ရပြီး တရုတ်
အစိုးရအပေါ် ဆန့်ကျင်တိုက် ပွဲဝင်နေသူတစ်ဦး ဖြစ်သည်။ ပြည်ပရောက် ဒလိုင်းလားမားနှင့်အဖွဲ့ ထူထောင်ထားသော ယင်း Website ကို ၂၀၁၁ ခုနှစ်ကလည်း ဟက်ကာများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment