Wednesday, August 14, 2013
အမေရိကန်ထံမှ စစ်ရေးအကူအညီ ပိုမိုရရှိရန် ဖိလစ်ပိုင်လိုလား
ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင်ရေပိုင်နက်များကို ကာကွယ်နိုင်ရန်အတွက်၊ အမေရိကန်ထံမှ စစ်ရေးဆိုင်ရာ အကူအညီများ ပိုမိုရယူနိုင်ရေးကို ခွင့်ပြုသင့်ကြောင်း ဖိလစ်ပိုင်က တောင်းဆိုခဲ့ကြောင်း သြဂုတ် ၁၃ ရက် က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
ယခုအပတ်အတွင်းစတင်ခဲ့သည့်၊ ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုများ ထပ်မံတိုးချဲ့ရေး ဆွေးနွေးရာ တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နှင့် အမေရိကန်တို့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်၏ စစ်ရေးတည်ရှိမှု ပိုမိုတိုးမြှင့်ရေး ကိုခွင့်ပြုရန်မူအား ဖြင့်သဘောတူပြီးဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘတ်ဒယ်လ် ရို ဆာရီယို (Albertdel Rosario) က ပြောကြားခဲ့သည်။
ထိုကဲ့သို့ အမေရိကန်၏ စစ်ရေးတည်ရှိမှု ပိုမိုတိုးမြှင့်နိုင်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးပွဲများတွင် အဓိကထားပြောဆိုမည် ဖြစ်ကြောင်းနှင့် ထိုသဘောတူညီမှုသည် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များ တည်ဆောက်မှုကို အထောက်အကူ ပြုစေချင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးကဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့နိုင်ငံကို လုံခြုံစေဖို့၊ ကျွန်တော်တို့ရဲ့ပြည်သူတွေကို အန္တရာယ်ကင်းစေဖို့၊ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခုခံကာကွယ်ဖို့နဲ့ လိုအပ်တာတွေကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မဟာ မိတ်တွေဆီကနေ အကူအညီတွေ တောင်းခံသွားမှာဖြစ်ပြီး၊ ရသမျှအရင်းအမြစ်တိုင်းကို အသုံးချနိုင်ဖို့အ တွက် ကျွန်တော်တို့ အသင့်ပြင်ဆင်ထားပါတယ်” ဟု သူကဆိုသည်။
တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်နှင့် ကျွန်းစုများအားပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နှင့် တရုတ်အကြား အငြင်းပွားမှုများ မြင့်တက်လာခဲ့ရာ ဖိလစ်ပိုင်အနေဖြင့်၊ ကြာမြင့်စွာကတည်းက မဟာ မိတ်ဖြစ်လာခဲ့သည့် အမေရိကန်နိုင်ငံထံမှ ပိုမိုကြီးမားသည့် စစ်ရေးအကူအညီများ တောင်းခံနေခြင်းဖြစ် သည်။ ဖိလစ်ပိုင်သည် အတိတ်ကအမေရိကန်ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ဖူးသည့်နိုင်ငံဖြစ်သည်။
တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများတွင် အမေရိကန်အနေဖြင့် မည်သည့် ဘက်ကမျှ မရပ်တည်ကြောင်း အမေရိကန်က အခိုင်အမာဆိုထားသော်လည်း၊ အမေရိကန်နိုင်ငံသည်သမ္မတဘာရက်အိုဘားမား (Barack Obama) ၏ အာရှမဟာဗျူဟာဆုံချက် အစီအစဉ်၏ အစိတ်အပိုင်းတစ် ရပ်အရ၊ ဖိလစ်ပိုင်တွင် အမေရိကန်၏ စစ်ရေးတည်ရှိမှု တိုးချဲ့ခြင်းကိုလိုလားနေသည်။
အတိတ်ကာလက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မြောက်ဘက်ရှိ စစ်အခြေစိုက်စခန်းနှစ်ခုတွင် အမေရိကန်စစ် သားပေါင်းသောင်းနှင့်ချီ၍ လက်ခံထားရှိခဲ့သော်လည်း၊ အမေရိကန်ဆန့်ကျင်ရေး ခံယူချက်များ ပြင်းပြင်း ထန်ထန် ပေါ်ပေါက်လာခဲ့ကြသောကြောင့် ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်က အမေရိကန်တပ်ဖွဲ့များရုတ် သိမ်းပေးရေးအတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၉၉၂ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များ ဖိလစ်ပိုင်မှ ထွက်ခွာခဲ့ကြသည်။
ထို့နောက် ၁၉၉၉ ခုနှစ်တွင် စတင်အကျိုးသက်ရောက်ခဲ့သည့် သဘောတူညီချက်တစ်ရပ်အရ၊ ပူးတွဲစစ် ရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် အမေရိကန်တပ်ဖွဲ့များအား ဖိလစ်ပိုင်သို့ ပြန်လည်ဝင်ရောက် နိုင်ရန်ခွင့်ပြုခဲ့ရာ၊ ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် အချိန်များတွင် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ထောင်ပေါင်းများစွာရှိသည့် အမေရိကန်စစ်သားများ ပုံမှန်ဝင်ရောက်ခဲ့ကြသည်။
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် လှုပ်ရှားနေကြသည့်၊ အယ်လ်ကိုင်ဒါးနှင့် ဆက်နွှယ်နေသော သူပုန် များအား တိုက်ခိုက်နေသည့် ဖိလစ်ပိုင်စစ်သားများကို ကူညီရန်အတွက် ၂၀၀၂ ခုနှစ်ကတည်းက ထိုဒေသ တွင် အမေရိကန်အထူးတပ်ဖွဲ့များ အလှည့်ကျချထားပေးခဲ့ပြီး၊ ချထားပေးသည့် တပ်သားအင်အားမှာတစ် ကြိမ်လျှင် အများဆုံး ၆၀၀ ခန့်ရှိမည်ဟု ယူဆထားကြသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
.jpg)
No comments:
Post a Comment