Thursday, August 15, 2013

မြင့်တက်နေသော ဆန်ဈေးကျရန် အရန်ဆန် လေးသိန်း ယခုလအတွင်း ထုတ်ရောင်းမည်

Thursday, August 15, 2013
မြန်မာနိုင်ငံ တစ်ဝန်းလုံး ရေကြီးမှုနှင့် လယ်ကွင်းများရေနှစ်မြှုပ်မှုကို အကြောင်းပြု၍ မြင့်တက်လာသော ဆန်ဈေးနှုန်း ကို ပြန်လည်ကျဆင်းစေရန်အတွက် အရန်ဆန် တန်ချိန် လေးသိန်းကို သြဂုတ်လအတွင်း ထုတ်ရောင်းတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။
“ဒီလထဲမှာပဲ လယ်မြေတွေ ရေနစ်မြှုပ်တာကို လူတွေက အစိုးရိမ်လွန်ပြီ်း ၀ယ်ခဲ့တာကြောင့် ဆန်ဝယ် ယူမှုတွေ အရမ်းမြင့်တက်လာပြီး ဆန်ဈေးနှုန်းတွေက တစ်အိတ်ကို တစ်ထောင်လောက် မြင့်တက်လာ တယ်”ဟု ဦးအောင်သန်းဦးက ဆိုသည်။ “ဒီလိုတာ ထုတ်မရောင်းဘူးဆိုရင် ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၁၈၀၀၀ ရှိတာကနေ ကျပ်၂၀၀၀၀ လောက်ဖြစ်သွားပြီး စားသုံးသူတွေအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်သွားနိုင်တယ်” ဟု ၀ါးတန်လမ်း အခြစိုက် ဆန်ကုန်သည် တစ်ဦးက ပြောသည်။
ယခုလောလောဆယ်တွင်မြင့်တက်လာသော ဆန်ဝယ်ယူမှုကိုကာမိပြီး ဈေးနှုန်းပြန်လည် တည်ငြိမ်စေရန် အတွက် ဈေးကွက်အတွင်းသို့ ပြည်ပတင်ပို့သော အထူးပြုကုမ္ပဏီများက ဆန်အိတ်ခြောက်သောင်းခန့်ကို သွားရောက် ထုတ်ရောင်းလျက်ရှိကြောင်း ဦးအောင်သန်းဦးက ဆက်ပြောသည်။
အဆိုပါအထူးပြုကုမ္ပဏီများဈေးကွက်အတွင်း ထုတ်ရောင်းလိုက်မှုကြောင့် ယခုအခါတွင် တစ်အိတ်လျှင် ငါးရာကျပ်ခန့် ကျဆင်းသွားပြီး ယခုလက်ရှိတွင် မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၁၀၀၀ ခန့်ရှိ ကြောင်း ၀ါးတန်းလမ်း အခြေစိုက် ဆန်ကုန်သည်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။
မဇ္ဈိမ

No comments:

Post a Comment

My Blog List