Thursday, August 15, 2013

မလေးရှားနိုင်ငံမှ ပိုးကောင်ဟင်းနှင့် ခံတွင်းမြိန်သူများ

Thursday, August 15, 2013
မလေးရှားလူမျိုးတို့သည် ကောင်းသော၊ အရသာရှိသော အစားအသောက်ကို အလွန်ခုံမင် တတ်ကြသည်။ ထိုသူများ အထဲမှပင် အများ တကာထက် အကောင်းကြိုက်သူ များသည် ပိုးကောင်များဖြင့် ကြော်လှော် ချက်ပြုတ် ထားသော ဟင်းများကို နှစ်သက်စွာ စားသုံးကြသည်ဟု ဆိုသည်။
ပိုးကောင်ဟင်းတို့မှာ အာဟာရ တန်ဖိုးနှင့်လည်း ပြည့်စုံသည်ဆို ပြန်၏။ ပင့်ကူဟင်းဆိုပါက ဝါးစားလိုက်သည့် အခါ ကြိုးကြိုးကြွပ်ကြွပ်နှင့် အရသာ ရှိလှသည်ဟု စားဖူးသူတို့က ဆိုကြသည်။ သူတို့ကရိုးရိုး သားငါးဟင်းများနှင့်မတူသော အရသာကိုခံစားကြ၏။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAOသည် ထိုကဲ့သို့သော ဟင်းလျာများကို သူတို့၏ နေ့စဉ် အစား အသောက် များ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ကြိုဆိုကြရန် တောင်းဆိုခဲ့သည်။
မလေးရှားဟင်းလျာ စာရင်းတွင် ပိုးကောင်ဟင်းလျာများ ပါရှိမည်ဟု မထင်ရပေ။ မလေးရှားနိုင်ငံ၏ ပထမ ဆုံး အမျိုးသမီး ရွှေတံဆိပ် ဆုရ ကိုယ်ကာယ ဗလမယ် အသက် ၄၁နှစ်ရှိပြီ ဖြစ်သော လီလီယံတန်သည် ယခုအချိန်မှာ ထုတ်မပြောဘဲ လျှိုထားဖို့ မရှိပါဘူးဟုဆိုပြီး ပရိုတိန်းဓာတ် မြင့်မားသော ဓာတ်စာဖြစ်သည့် တီကောင်များကို နေ့စဉ်ပန်းကန်လုံး တစ်လုံး စားသုံးပါကြောင်း ပြောကြား သွားခဲ့သည်။ ပရိုတိန်းဓာတ် အထူးကြွယ်ဝသော အစားအစာမှာ ပိုးကောင် ဟင်းလျာများ ဖြစ်နေကြောင်း အမှတ်မထင် တွေ့ရှိသွားခဲ့ သည်ဟု သူကဆိုသည်။
Photo: မလေးရှားနိုင်ငံမှ ပိုးကောင်ဟင်းနှင့် ခံတွင်းမြိန်သူများ 
Thursday, August 15, 2013

မလေးရှားလူမျိုးတို့သည် ကောင်းသော၊ အရသာရှိသော အစားအသောက်ကို အလွန်ခုံမင် တတ်ကြသည်။ ထိုသူများ အထဲမှပင် အများ တကာထက်  အကောင်းကြိုက်သူ များသည် ပိုးကောင်များဖြင့် ကြော်လှော် ချက်ပြုတ် ထားသော ဟင်းများကို နှစ်သက်စွာ စားသုံးကြသည်ဟု ဆိုသည်။

ပိုးကောင်ဟင်းတို့မှာ အာဟာရ တန်ဖိုးနှင့်လည်း ပြည့်စုံသည်ဆို ပြန်၏။  ပင့်ကူဟင်းဆိုပါက ဝါးစားလိုက်သည့် အခါ ကြိုးကြိုးကြွပ်ကြွပ်နှင့် အရသာ ရှိလှသည်ဟု စားဖူးသူတို့က ဆိုကြသည်။ သူတို့ကရိုးရိုး သားငါးဟင်းများနှင့်မတူသော အရသာကိုခံစားကြ၏။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAOသည် ထိုကဲ့သို့သော ဟင်းလျာများကို သူတို့၏ နေ့စဉ် အစား အသောက် များ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ကြိုဆိုကြရန် တောင်းဆိုခဲ့သည်။

မလေးရှားဟင်းလျာ စာရင်းတွင် ပိုးကောင်ဟင်းလျာများ ပါရှိမည်ဟု မထင်ရပေ။ မလေးရှားနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ရွှေတံဆိပ် ဆုရ ကိုယ်ကာယ ဗလမယ် အသက် ၄၁နှစ်ရှိပြီ ဖြစ်သော လီလီယံတန်သည် ယခုအချိန်မှာ ထုတ်မပြောဘဲ လျှိုထားဖို့ မရှိပါဘူးဟုဆိုပြီး ပရိုတိန်းဓာတ် မြင့်မားသော ဓာတ်စာဖြစ်သည့် တီကောင်များကို နေ့စဉ်ပန်းကန်လုံး တစ်လုံး စားသုံးပါကြောင်း ပြောကြား သွားခဲ့သည်။ ပရိုတိန်းဓာတ် အထူးကြွယ်ဝသော အစားအစာမှာ ပိုးကောင် ဟင်းလျာများ ဖြစ်နေကြောင်း အမှတ်မထင် တွေ့ရှိသွားခဲ့သည်ဟု သူကဆိုသည်။

အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သော ဆာရာဝက်ကျွန်းသား ဘရင်ဒန်လိုရစ်က ''သူစားသောက်ရမည့် အစားအသောက် ထဲမှာ ပိုးကောင်တွေ ပါနေလို့ကတော့ စိတ်မဆိုးပါဘူးဗျာ၊ ဘယ်လို အရသာမျိုးလဲဆိုပြီး မြည်းစမ်းရင်းက အမြဲတမ်း အံ့သြ နေတာပဲ ရှိပါတယ်''ဟု ဆိုသည်။

ဘွဲ့လွန်သင်တန်းသား တစ်ယောက်က ပြောရာတွင် ပိုးကောင်ဟင်းသည် ကြိုးကြိုး ကြွပ်ကြွပ်နှင့် ဝါးစားရသည့် ခံစားမှု မှာ အလွန်ကောင်းသည်။ တစ်ခါတစ်ရံ အလှမွေးသည့် ရွှေငါးကလေးတွေကို စားကြည့်တော့ ပိုပြီး အရသာရှိသေးသည် ဟု ဆိုသည်။

ကထိက မဲလ်ဆော်ဟိုင်း မီဖက်ဇေးလ်က ''မလေးရှားတို့ အနေနဲ့ တခြားစားစရာ မရှိဘူးဆိုရင်တော့ ပိုးကောင်တွေကို မဖြစ်မနေ စားရတော့မှာပေါ့'' ဟုဆိုသည်။ ''လူအများရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်ပြီး အသက်ရှင်ဖို့ အတွက်တော့ ဒါတွေကိုမစားပါဘူး''ဟု ပြောသူက ပြောသည်။ အစာစားခြင်းသည် ဗိုက်အဆာပြေအောင် ဖြည့်တင်းခြင်း သက်သက် ထက် ပို၍ နက်ရှိုင်းသော အဓိပ္ပာယ်ရှိသည်။ တကယ်တော့ ကျန်းမာရေးနှင့် ညီညွတ်သော  အာဟာရဖြစ်သည့်  အစား အစာ များကိုသာ ကျွန်တော်တို့၏ ပါးစပ်ထဲ ထည့်သင့်ကြပါသည် ဟူ၍ ပြောသည်။

အလွန်အမင်းဆင်းရဲ မွဲတေသူများသာ သူတို့ဗိုက်ပြည့်ပြီးရော ဟူသော သဘောမျိုးထားကာ စားတတ်ကြကြောင်း၊ အသား များကို ပြုတ်ကြော် သဘောမျိုး လုပ်ပြီးချက်သည့်အခါ ဟင်းခတ် အမွှေးအကြိုင်များကို ထည့်ပြီး အရသာ ရှိအောင်၊ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ် စားသောက်ကြရသည်။ မလေးရှား တက္ကသိုလ် မနုဿဗေဒနှင့် လူမှုရေး ဗေဒဌာန ကထိက ကာမဲလ်ဆောဟိုင်းမိသည် တိုင်းရင်းသား လူမျိုးများနှင့် သူတို့၏ ဓလေ့များကို သုတေသန လုပ်ထား သည် ဆို၏။

ရွံစရာကောင်းသည်ဟု ထင်မြင်၍ အပြစ်တင် နေခြင်းသည် အာဟာရ စွမ်းအားကို တိုးပွားစေသော အနှီပိုးကောင် အစား အစာများကို  ကျွန်ုပ်တို့ ပစ်ပယ်ရာကျနေသည်ဟုဆို၏။

ကျွန်ုပ်တို့ ပိုးကောင်တွေကို တကယ် စားမှဖြစ်မည်။ မစားလျှင် လုံးဝမဖြစ်ဘူးဆိုသော အခြေအနေမျိုးနှင့် ကြုံလာပါက ရွံစရာ ကောင်းသည်ဆိုသော စိတ်ကို ကျော်လွှားပြီး စားသုံးနိုင်ရမည်ဟုဆို၏။ ဥပမာပြရလျှင် မလေးရှား တို့သည် ငါးခေါင်းချဉ်ရေစသည့် ငါးခေါင်းနှင့် ချက်ပြုတ်ထားသည့် ငါးခေါင်းဟင်းကို အလွန်နှစ်သက်စွာ စားသုံးကြသည်။ သို့သော် အမေရိကန် များက ငါးခေါင်းသည် အလွန်ရွံရှာဖွယ်ရာ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိ သွားသည်ဟုဆို၏။

ကြောက်စရာကောင်းသည်။ အရသာရှိသည်ဟူ၍ သတ်မှတ်သည်မှာ လူမှုရေး ဆိုင်ရာ အလွှာဖွဲ့စည်းမှု နှင့်လည်း ဆိုင်သည်။ အကယ်၍ ကျွန်ုပ်တို့ ပိုးကောင်တွေကို ရွံစရာကောင်းသည်၊ မကောင်းဘူး ဆိုသည့်  အတွေးအခေါ် အယူ အဆများကို ကျော်လွှားနိုင်မှသာ ရပါမည်။ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းရပ်ကြီး တစ်ခုလုံး (အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရ ဌာနများနှင့် အေဂျင်စီများ)က ပိုးကောင်များကို အများပြည်သူ စားချင်စဖွယ် ဖြစ်အောင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် အဆင့်မြင့်ပြုပြင်ပြီး ထုတ်လုပ်သွား မည်ဆိုပါက စားသုံးရန် ဟင်းအမည်သစ် တိုးလာပြီး စားသုံးသူများ ကလည်း လက်ခံ မှာပါဟုဆို၏။

FAO၏ အစီရင်ခံစာကို လက်ခံ သင့်သည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ပိုးကောင်များကို စားသုံးလာသည့် အချိန်ကာလ ကြာမြင့် လာခြင်း နှင့်အတူ ကျွန်ုပ်တို့ ယဉ်ကျေးမှု၊ ဘာသာရေး ယုံကြည်မှုများ နှင့်လည်း မဆန့်ကျင်ဘူးဟု ဆိုလျှင် ဖြစ်နိုင် ပါသည်ဟု ဆို၏။ လူအများက ယဉ်ကျေးမှု အသစ်ကို အမြဲတမ်းလက်ခံ လေ့ရှိသည့် အပြင် လူမှုရေး ဖွဲ့စည်း တည်ဆောက်မှုကလည်း အမြဲပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။

တချို့က ''ပိုးကောင်တွေကို ဘာဖြစ်လို့ မစားချင်ကြတာလဲ'' ဟု မေးခွန်းထုတ်သူက ထုတ်၏။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်ဖြင့် ပြောမည်ဆိုလျှင် အသီးအရွက်များကို ပိုမိုစားသုံးခြင်းကဲ့သို့သော အယူအဆမှာ လက်တွေ့ ကျပြီး  ဒေသခံ လယ်ယာ လုပ်ကိုင်သူများကို အထောက်အကူပြုသော်လည်း အသေးစား တစ်ပိုင်တစ်နိုင် မွေးမြူရေး သမားများကို သိပ်အထောက်အကူ မပြုပါပေ။

ပြဿနာက အစားအသောက်က အရင်းအမြစ်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့အတွက် စားရေရိက္ခာ စဉ်ဆက်မပြတ် ထုတ်လုပ် ပေးနေသည့် ယာသမား များကို ပြန်ကြည့်မည်ဆိုလျှင် နေ့စဉ်အစားအသောက် စာရင်း၌ ပိုးကောင်ဟင်း ထည့်သွင်း စားသုံးရေးကို သိပ်အားမပေးလို ဖြစ်သည်ဟုဆို၏။

FAO ၏ အစီရင်ခံစာထိရောက်မှု ပရိသတ်ကိုကြည့်လျှင် ပိုးကောင်ဟင်းသည် အဓိက အစားအသောက် အမည်ကြီးထဲ တွင် မပါဝင် နိုင်သော်လည်း လူကြိုက်များလာသော အစားအသောက်တစ်မျိုးတော့ ဖြစ်နိုင်သည်ဟုဆိုသည်။ အသားစား သူက အသီးအရွက် စားသူ (သက်သတ်လွတ် စားသူ) မည်သို့ဗိုက်ဝ သွားသည်ကို နားလည်သဘော မပေါက်နိုင်ပါ။ သူထင်ထားသည်မှာ ဘယ်လောက်ပဲစားစား  စိတ်ထဲက ဗိုက်ပြည့်သော်လည်း အာသာမပြေသေးဟု ဆိုလိုခြင်းဖြစ် သည်။

ဆာရာဝက်တွင် တချို့ တိုင်းရင်းသားများ တီကောင်ကို စားကြသည်။ သူတို့က အရသာရှိ၍စားသည် ဟုဆို၏။  အဓိက အစားအသောက် အမည် စာရင်းဝင် မဟုတ်ဟုတော့ ထင်သည်။ အဘယ်ကြောင့် တိုင်းရင်းသားများသည် အာဟာရ ဖြစ်ရန်အတွက် ပိုးကောင်များ အပေါ်၌  မှီခိုနေရသနည်း။ သူတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင်  ဟင်းသီးဟင်းရွက်များ နှင့် စားသုံးနိုင်သော အသီးအနှံအပင်များ မြောက်မြားစွာရှိနေပါလျက် ပိုးကောင်များကို ဘာကြောင့် စားသုံးရသနည်းဟု စဉ်းစားမိသည် ဆို၏။

ယခုဆိုလျှင် သက်ကြီးပိုင်း တိုင်းရင်းသားများ သာလျှင်  တီကောင်များကို စားသုံးကြပြီး မလေးကျွန်းဆွယ်၏ မြောက်ပိုင်း ဝေးလံခေါင်းပါးသော လယ်ယာမြေသစ်များ၌ နေထိုင်ကြသော ကျေးရွာသားများသည်  ၁၉၆ဝ  ပြည့်နှစ် အလွန်လောက် က နှံကောင်ငယ် လေးများကို စားသုံးခဲ့ကြပြီး  အော်ရန်အစလိုတို့က ပိုးကောင်များကို စားသုံးခြင်း မပြုကြချေ။   မလေးရှား အစားအသောက် အသင်းကြီး၏ ဥက္ကဋ္ဌ ပါမောက္ခ ဝင်နီချီးက ''ပိုးကောင်တွေမှာ ယေဘုယျအားဖြင့် အသား ဓာတ်နဲ့ ကယ်လိုရီဓာတ်တွေပဲ ပါတာပါ'' ဟုဆို၏။

ဥပမာဆိုရလျှင် ပုရစ် ၁ဝဝဂရမ်တွင် ကယ်လိုရီ ၁၂၁ဂရမ်ပါဝင်ပြီး အဆီ ၅ဝဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၅ဂရမ်၊ ပရိုတိန်းဓာတ် ၁၂ ဂရမ် ပါဝင်၍ တချို့ ပိုးကောင်များတွင် သံဓာတ်နှင့် အခြားသတ္တုဓာတ်များ ပါဝင်သည်ဟု ဆိုသည်။

သူကဆက်၍ ပြောရာတွင် ''ပိုးကောင်များကို ဆင်းရဲမွဲတေသည့် နိုင်ငံများတွင် ဆာလောင်မွတ်သိပ်မှုကို ဖြေဖျောက်ရန် အတွက် စားသုံးကြခြင်း ဖြစ်သည်။ အာဟာရ ချိုတဲ့သော နေရာများနှင့် သမားရိုးကျ အစားအသောက်များ ရှားပါးသည့် နိုင်ငံ များတွင်သာ ပိုးကောင်များကို စားသုံးကြခြင်း ဖြစ်၍ မလေးရှားတွင် ပိုးကောင်များကို စားသုံးရန် မလိုအပ်သဖြင့် စားရန် အကြံမပြု''ဟုဆို၏။

ကမ္ဘောဒီးယားတွင် ဆီပူထဲ၌ ကြွပ်နေအောင် ကြော်ထားသည့် ပင့်ကူများနှင့် ရေနွေးပွက်ပွက်ဆူသည့် အထဲတွင် ပြုတ် ထားသော ပက်ကျိများ၊ ထိုင်းနိုင်ငံမှ အခြောက်လှန်းထားသော နှံကောင်များ၊ တီကောင်များနှင့် ပိုးကောင်များ အခြား မလေးရှား လူမျိုးများအဖို့ ပိုးကောင် စားသုံးခြင်းသည် မည်မျှအဓိပ္ပာယ်နှင့် ပြည့်စုံပါစေ၊ ကျွန်တော့အတွက် ပိုးကောင် ဟင်းသည် မလေးရှား အမျိုးသား အစားသောက်အမည် စာရင်းတွင် မထည့်သွင်း သင့်ပါကြောင်း ပါမောက္ခ ဝင်နီချီးက သူ၏သ ဘောထားကို ပြောကြားခဲ့ ပါကြောင်း...။    ။

ဆောင်းပါးရှင်(ကိုကိုဟန်)

မြ၀တီ
အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သော ဆာရာဝက်ကျွန်းသား ဘရင်ဒန်လိုရစ်က ''သူစားသောက်ရမည့် အစားအသောက် ထဲမှာ ပိုးကောင်တွေ ပါနေလို့ကတော့ စိတ်မဆိုးပါဘူးဗျာ၊ ဘယ်လို အရသာမျိုးလဲဆို ပြီး မြည်းစမ်းရင်းက အမြဲတမ်း အံ့သြ နေတာပဲ ရှိပါတယ်''ဟု ဆိုသည်။
ဘွဲ့လွန်သင်တန်းသား တစ်ယောက်က ပြောရာတွင် ပိုးကောင်ဟင်းသည် ကြိုးကြိုး ကြွပ်ကြွပ်နှင့် ဝါးစားရ သည့် ခံစားမှု မှာ အလွန်ကောင်းသည်။ တစ်ခါတစ်ရံ အလှမွေးသည့် ရွှေငါးကလေးတွေကို စားကြည့်တော့ ပိုပြီး အရသာရှိသေးသည် ဟု ဆိုသည်။
ကထိက မဲလ်ဆော်ဟိုင်း မီဖက်ဇေးလ်က ''မလေးရှားတို့ အနေနဲ့ တခြားစားစရာ မရှိဘူးဆိုရင်တော့ ပိုးကောင်တွေကို မဖြစ်မနေ စားရတော့မှာပေါ့'' ဟုဆိုသည်။ ''လူအများရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင်ပြီး အသက်ရှင်ဖို့ အတွက်တော့ ဒါတွေကိုမစားပါဘူး''ဟု ပြောသူက ပြောသည်။ အစာစားခြင်းသည် ဗိုက်အ ဆာပြေအောင် ဖြည့်တင်းခြင်း သက်သက် ထက် ပို၍ နက်ရှိုင်းသော အဓိပ္ပာယ်ရှိသည်။ တကယ်တော့ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရဖြစ်သည့် အစား အစာ များကိုသာ ကျွန်တော်တို့၏ ပါးစပ်ထဲ ထည့်သင့်ကြပါသည် ဟူ၍ ပြောသည်။
အလွန်အမင်းဆင်းရဲ မွဲတေသူများသာ သူတို့ဗိုက်ပြည့်ပြီးရော ဟူသော သဘောမျိုးထားကာ စားတတ် ကြကြောင်း၊ အသား များကို ပြုတ်ကြော် သဘောမျိုး လုပ်ပြီးချက်သည့်အခါ ဟင်းခတ် အမွှေးအကြိုင် များကို ထည့်ပြီး အရသာ ရှိအောင်၊ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ် စားသောက်ကြရသည်။ မလေးရှား တက္ကသိုလ် မနုဿဗေဒနှင့် လူမှုရေး ဗေဒဌာန ကထိက ကာမဲလ်ဆောဟိုင်းမိသည် တိုင်းရင်းသား လူမျိုး များနှင့် သူတို့၏ ဓလေ့များကို သုတေသန လုပ်ထား သည် ဆို၏။ ရွံစရာကောင်းသည်ဟု ထင်မြင်၍ အပြစ် တင်နေခြင်းသည် အာဟာရ စွမ်းအားကို တိုးပွားစေသော အနှီပိုးကောင် အစား အစာများကို ကျွန်ုပ်တို့ ပစ်ပယ်ရာကျနေသည်ဟုဆို၏။
ကျွန်ုပ်တို့ ပိုးကောင်တွေကို တကယ် စားမှဖြစ်မည်။ မစားလျှင် လုံးဝမဖြစ်ဘူးဆိုသော အခြေအနေမျိုးနှင့် ကြုံလာပါက ရွံစရာ ကောင်းသည်ဆိုသော စိတ်ကို ကျော်လွှားပြီး စားသုံးနိုင်ရမည်ဟုဆို၏။ ဥပမာပြရလျှင် မလေးရှား တို့သည် ငါးခေါင်းချဉ်ရေစသည့် ငါးခေါင်းနှင့် ချက်ပြုတ်ထားသည့် ငါးခေါင်းဟင်းကို အလွန်နှစ်သက်စွာစားသုံးကြသည်။သို့သော်အမေရိကန်များကငါးခေါင်းသည်အလွန်ရွံရှာဖွယ်ရာ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိ သွားသည်ဟုဆို၏။
ကြောက်စရာကောင်းသည်။ အရသာရှိသည်ဟူ၍ သတ်မှတ်သည်မှာ လူမှုရေး ဆိုင်ရာ အလွှာဖွဲ့စည်း မှု နှင့်လည်း ဆိုင်သည်။ အကယ်၍ ကျွန်ုပ်တို့ ပိုးကောင်တွေကို ရွံစရာကောင်းသည်၊ မကောင်းဘူး ဆိုသည့် အတွေးအခေါ် အယူ အဆများကို ကျော်လွှားနိုင်မှသာ ရပါမည်။ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်း ရပ်ကြီး တစ်ခုလုံး (အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရ ဌာန များနှင့် အေဂျင်စီများ)က ပိုးကောင်များကို အများပြည်သူ စားချင်စဖွယ် ဖြစ်အောင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် အဆင့်မြင့်ပြုပြင်ပြီး ထုတ်လုပ်သွား မည်ဆိုပါက စားသုံးရန် ဟင်းအမည်သစ် တိုးလာပြီး စားသုံးသူများ ကလည်း လက်ခံ မှာပါဟုဆို၏။
FAO၏ အစီရင်ခံစာကို လက်ခံ သင့်သည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ ပိုးကောင်များကို စားသုံးလာသည့် အချိန်ကာလ ကြာမြင့် လာခြင်း နှင့်အတူ ကျွန်ုပ်တို့ ယဉ်ကျေးမှု၊ ဘာသာရေး ယုံကြည်မှုများ နှင့်လည်း မဆန့်ကျင်ဘူးဟု ဆိုလျှင် ဖြစ်နိုင် ပါသည်ဟု ဆို၏။ လူအများက ယဉ်ကျေးမှု အသစ်ကို အမြဲတမ်း လက်ခံလေ့ရှိသည့်အပြင်လူမှုရေးဖွဲ့စည်းတည်ဆောက်မှုကလည်းအမြဲပြောင်းလဲနေခြင်းကြောင့် ဖြစ်သည်။
တချို့က ''ပိုးကောင်တွေကို ဘာဖြစ်လို့ မစားချင်ကြတာလဲ'' ဟု မေးခွန်းထုတ်သူက ထုတ်၏။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်ဖြင့် ပြောမည်ဆိုလျှင် အသီးအရွက်များကို ပိုမိုစားသုံးခြင်းကဲ့သို့သော အယူအဆမှာ လက်တွေ့ ကျပြီး ဒေသခံ လယ်ယာ လုပ်ကိုင်သူများကို အထောက်အကူပြုသော်လည်း အသေးစား တစ်ပိုင်တစ်နိုင် မွေးမြူရေး သမားများကို သိပ်အထောက်အကူ မပြုပါပေ။
ပြဿနာက အစားအသောက်က အရင်းအမြစ်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့အတွက် စားရေရိက္ခာ စဉ်ဆက် မပြတ် ထုတ်လုပ် ပေးနေသည့် ယာသမား များကို ပြန်ကြည့်မည်ဆိုလျှင် နေ့စဉ်အစားအသောက် စာရင်း၌ ပိုးကောင်ဟင်း ထည့်သွင်း စားသုံးရေးကို သိပ်အားမပေးလို ဖြစ်သည်ဟုဆို၏။
FAO ၏ အစီရင်ခံစာထိရောက်မှု ပရိသတ်ကိုကြည့်လျှင် ပိုးကောင်ဟင်းသည် အဓိက အစားအသောက် အမည်ကြီးထဲတွင်မပါဝင်နိုင်သော်လည်းလူကြိုက်များလာသောအစားအသောက်တစ်မျိုးတော့ ဖြစ်နိုင်သည် ဟုဆိုသည်။ အသားစားသူက အသီးအရွက် စားသူ (သက်သတ်လွတ် စားသူ) မည်သို့ဗိုက်ဝ သွားသည်ကို နားလည်သဘော မပေါက်နိုင်ပါ။ သူထင်ထားသည်မှာ ဘယ်လောက်ပဲစားစား စိတ်ထဲက ဗိုက်ပြည့်သော် လည်း အာသာမပြေသေးဟု ဆိုလိုခြင်းဖြစ် သည်။
ဆာရာဝက်တွင် တချို့တိုင်းရင်းသားများ တီကောင်ကိုစားကြသည်။ သူတို့က အရသာရှိ၍စားသည် ဟုဆို ၏။ အဓိကအစားအသောက်အမည်စာရင်းဝင်မဟုတ်ဟုတော့ထင်သည်။ အဘယ်ကြောင့် တိုင်းရင်းသား များသည် အာဟာရဖြစ်ရန်အတွက်ပိုးကောင်များအပေါ်၌မှီခိုနေရသနည်း။ သူတို့နေထိုင်သည့်ပတ်ဝန်းကျင် တွင်ဟင်းသီးဟင်းရွက်များနှင့် စားသုံးနိုင်သောအသီးအနှံအပင်များမြောက်မြားစွာရှိနေပါလျက် ပိုးကောင် များကို ဘာကြောင့် စားသုံးရသနည်းဟု စဉ်းစားမိသည် ဆို၏။
ယခုဆိုလျှင် သက်ကြီးပိုင်း တိုင်းရင်းသားများ သာလျှင် တီကောင်များကို စားသုံးကြပြီး မလေးကျွန်းဆွယ် ၏ မြောက်ပိုင်း ဝေးလံခေါင်းပါးသော လယ်ယာမြေသစ်များ၌ နေထိုင်ကြသော ကျေးရွာသားများသည် ၁၉၆ဝ ပြည့်နှစ် အလွန်လောက်က နှံကောင်ငယ်လေးများကိုစားသုံးခဲ့ကြပြီး အော်ရန်အစလိုတို့ကပိုးကောင် များကို စားသုံးခြင်း မပြုကြချေ။ မလေးရှား အစားအသောက် အသင်းကြီး၏ ဥက္ကဋ္ဌ ပါမောက္ခ ဝင်နီချီးက ''ပိုးကောင်တွေမှာ ယေဘုယျအားဖြင့် အသား ဓာတ်နဲ့ ကယ်လိုရီဓာတ်တွေပဲ ပါတာပါ'' ဟုဆို၏။
ဥပမာဆိုရလျှင် ပုရစ် ၁ဝဝဂရမ်တွင် ကယ်လိုရီ ၁၂၁ဂရမ်ပါဝင်ပြီး အဆီ ၅ဝဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၅ဂရမ်၊ ပရိုတိန်းဓာတ် ၁၂ ဂရမ် ပါဝင်၍ တချို့ ပိုးကောင်များတွင် သံဓာတ်နှင့် အခြားသတ္တုဓာတ်များပါဝင်သည်ဟု ဆိုသည်။ သူကဆက်၍ ပြောရာတွင် ''ပိုးကောင်များကို ဆင်းရဲမွဲတေသည့် နိုင်ငံများတွင် ဆာလောင် မွတ်သိပ်မှုကို ဖြေဖျောက်ရန် အတွက် စားသုံးကြခြင်း ဖြစ်သည်။ အာဟာရ ချိုတဲ့သော နေရာများနှင့် သမားရိုးကျ အစားအသောက်များ ရှားပါးသည့် နိုင်ငံ များတွင်သာ ပိုးကောင်များကို စားသုံးကြခြင်း ဖြစ်၍ မလေးရှားတွင် ပိုးကောင်များကို စားသုံးရန် မလိုအပ်သဖြင့် စားရန် အကြံမပြု''ဟုဆို၏။
ကမ္ဘောဒီးယားတွင် ဆီပူထဲ၌ ကြွပ်နေအောင် ကြော်ထားသည့် ပင့်ကူများနှင့် ရေနွေးပွက်ပွက်ဆူသည့် အထဲတွင် ပြုတ် ထားသော ပက်ကျိများ၊ ထိုင်းနိုင်ငံမှ အခြောက်လှန်းထားသော နှံကောင်များ၊ တီကောင်များနှင့် ပိုးကောင်များ အခြား မလေးရှား လူမျိုးများအဖို့ ပိုးကောင် စားသုံးခြင်းသည် မည်မျှ အဓိပ္ပာယ်နှင့် ပြည့်စုံပါစေ၊ ကျွန်တော့အတွက် ပိုးကောင် ဟင်းသည် မလေးရှား အမျိုးသား အစားသောက် အမည် စာရင်းတွင် မထည့်သွင်း သင့်ပါကြောင်း ပါမောက္ခ ဝင်နီချီးက သူ၏သ ဘောထားကို ပြောကြားခဲ့ ပါကြောင်း...။ ။

ဆောင်းပါးရှင်(ကိုကိုဟန်)

No comments:

Post a Comment

My Blog List