Friday, August 16,2013
သြစတြေးလျနိုင်ငံမှာရွေးကောက်ပွဲမတိုင်ခင်ရွေးကောက်ပွဲမှာဘယ်သူအနိုင်ရမလဲဆိုတဲ့ကြိုတင်ကောက်တမ်းတွေ ကို ပြုလုပ်လေ့ရှိပြီး ကောက်တမ်းတွေအရ အတိုက်အခံပါတီခေါင်းဆောင် တိုနီအာဘော့တ်ကို ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ထက် ပထမဆုံးအကြိမ် ကြိုက်နှစ်သက်မှုက ပိုများနေပါတယ်။
အရင် တုန်းက ပြုလုပ်တဲ့ ကောက်တမ်း တိုင်းမှာ လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကို ပိုမို ကြိုက်နှစ်သက် ကြကြောင်း ပြသလေ့ရှိပေမယ့် ဒီတချီမှာတော့ လက်ရှိ ဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှုက ၄၁% သာရှိပြီး အတိုက်အခံ ခေါင်းဆောင် တိုနီအာဘော့တ်ကို ကြိုက်နှစ်သက် မှုနှုန်းက ၄၇ % ရှိနေပါတယ်။
Newspoll ကောက်တမ်းမှာ အတိုက်အခံပါတီခေါင်းဆောင်ကို ကြိုက်နှစ်သက်မှု ပိုများတယ်လို့ ဖော်ပြ ခဲ့ပေမယ့် National ကောက်တမ်းမှာတော့ လက်ရှိဝန်ကြီးချုပ်ကို ကြိုက်နှစ်သက်မှု ပိုများကြောင်း ဖော်ပြ ထားပါတယ်။
သြစတြေးလျနိုင်ငံက သက်ကြီးရွယ်အိုတွေအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ကတော့ သြစတြေးလျနိုင်ငံ က ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ လေဘာပါတီနဲ့ အတိုက်အခံခေါင်းဆောင် တိုနီအာဘော့တ် ဦးဆောင်တဲ့လစ်ဘရယ်ပါတီနှစ်ခုစလုံးက သက်ကြီးရွယ်အိုတွေ သူတို့ပါတီကို မဲပေးလာအောင်လုပ်ဆောင် တာ မတွေ့ရဘူးလို့ ပြောပါတယ်။ သက်ကြီးရွယ်အိုတွေက စီးပွားရေး ကောင်းမွန်ဖို့၊ နေထိုင်စရိတ်သက် သာဖို့နဲ့ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်တဲ့ပေါ်လစီကိုဘယ်အဖွဲ့ကချမှတ်မလဲဆိုတာကိုအဓိက စောင့် ကြည့်နေပေမယ့် ခုချိန်ထိ ဘယ်ပါတီကမှာ ကောင်းမွန်တဲ့ အဖြေမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံက မဲပေးနိုင်သူ စုစုပေါင်း လူဦးရေရဲ့ ၄၇% ဟာ အသက် ၅၀ အထက်ရှိသူတွေဖြစ်တဲ့ အတွက် အစိုးရဖြစ်ချင်တဲ့ ပါတီတွေအနေနဲ့ အလေးထားရမယ့် လူအုပ်စု ဖြစ်ကြောင်းလည်း ထောက်ပြ ကြပါတယ်။လောလောဆယ်နိုင်ငံရေးပါတီတွေအကြားအပြိုင်အဆိုင် ပြောဆိုနေကြတာကတော့စီးပွားရေး

ကောင်း မွန်အောင် ပြုလုပ်ဖို့နဲ့ လှေတွေနဲ့ ခိုးဝင်လာတဲ့ ကိစ္စ
ဖြေရှင်းဖို့သာဖြစ်ပါတယ်။
အစိုးရပါတီရော အတိုက်အခံပါတီပါ လှေတွေနဲ့ ခိုးဝင်လာကြသူတွေရဲ့ ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေ ရှင်းမယ်ဆိုတာ ပြောဆိုနေကြတုန်းမှာပဲ အလည်အလတ် အင်အားရှိတဲ့ Katters Australian Party ကတော့သူတို့သာအာဏာရမယ်ဆိုရင်လှေတွေနဲ့ခိုးဝင်လာမှုတွေလုံးဝမရှိအောင် လုပ်မယ်လို့ ပြောပါတယ်။
အစိုးရပါတီရော အတိုက်အခံပါတီပါ ငွေရေးကြေးရေး အင်အား၊ လူအင်အား အပြည့်ရှိတဲ့ကြားက ဒီပြဿ နာကို မဖြေရှင်းနိုင်ပေမယ့် သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောပါတယ်။
သူတို့ပါတီရဲ့ ပေါ်လစီအသေးစိတ်ကို လာမယ့်တစ်ပတ်မှာ ထုတ်ပြန်သွားပြီး ဘယ်လို လုပ်ဆောင်မယ် ဆိုတဲ့ နည်းလမ်းတွေ ပြသသွားမယ်လို့ ပြောပါတယ်။

No comments:
Post a Comment