Thursday, August 15, 2013

နိုင်ငံတော်သမ္မတ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် စာနယ်ဇင်းကောင် စီ တွေ့ခွင့်တောင်းမည်

Thursday, August 15, 2013
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကရေးဆွဲသည့် သတင်းမီဒီယာဥပဒေကြမ်းကိုရှင်းပြရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်တို့ကိုတွေ့ဆုံခွင့်တောင်းမည် ဖြစ်ကြောင်း အဆိုပါကောင်စီက သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ကန့်ကွက်နေသည့် သတင်းမီဒီယာ ဥပဒေကြမ်းကို သမ္မတဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့ကို တွေ့ဆုံရှင်းပြမည် ဖြစ်ကြောင်း ယင်း ကြေညာချက် တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံရန် သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်သို့ သွားရောက်စဉ် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်နှင့် ယင်းပါတီဝင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် ပါ တစ်ပါတည်း တွေ့ဆုံခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကို စာနယ်ဇင်းကောင်စီက သီးခြားတွေ့ဆုံစဉ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့် သတင်းမီဒီယာ ဥပဒေကြမ်းတို့တွင် စာနယ်ဇင်းကောင်စီ နှင့် ပြန် ကြားရေး ဝန်ကြီးဌာနတို့အကြား သဘောထား ကွဲလွဲချက်များနှင့် စာနယ်ဇင်းကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်း ကို လွှတ်တော်သို့တင်သွင်းမည့် ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ယင်းကောင်စီ ကဆိုသည်။
“သတင်းမီဒီယာ ဥပဒေကြမ်းက တနင်္လာနေ့မှာ လွှတ်တော်တင်ဖို့ သဘောတူထားပြီးပြီ” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက အတည်ပြုသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သတင်းမီဒီယာ ဥပဒေကြမ်းသည် ပြည် သူလူထုအတွက် အကျိုးရှိမည် ဆိုပါက မိမိတို့ ပါတီဝင် လွှတ်တော်ကိုယ် စား လှယ်များကို ထောက်ခံ ဆွေးနွေးစေမည်ဟု သူရဦးရွှေ မန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကပြောကြားကြောင်းစာနယ်ဇင်းကောင်စီ၏အချက်၆ချက်ပါ ကြေညာချက် တွင် ဖော်ပြထားသည်။
The Voice Weekly

No comments:

Post a Comment

My Blog List