Monday, August 12, 2013
မန္တလေး ကုန်စည်ဈေးကွက်အတွင်း ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်နေ
မှုကြောင့် တောင်သူများ ဈေးကွက် စောင့်ကြည့်ကာ ကြက်သွန်နီများ ကို
လှောင်ထားဆဲ ဖြစ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် ကြက်သွန် ပွဲရုံများထံမှ စုံစမ်း သိရှိရသည်။
မန္တလေးမြို့တော် ကြက်သွန်နီ ဈေးကွက်တွင် ပြီးခဲ့သည့် ဇူလိုင် လဆန်း က
မြင်းခြံ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ၄၈၀ကျပ်၊ အလတ် ၄၅၀ ကျပ်၊ အလတ်
(သေး) ၄၀၀ကျပ်၊ မုံရွာ ကြက်သွန်နီ တစ်ပိဿာ လျှင် အောက်စ ၃၆၀ကျပ်၊ အကြီး
၄၂၀ကျပ်၊ ရှယ် ၄၅၀ ကျပ်သာ ပေါက်ဈေး ရှိခဲ့ပြီး သြဂုတ်လ ဒုတိယပတ်ခန့်တွင်
မြင်းခြံ ကြက်သွန်နီ ထိပ်စ တစ်ပိဿာ လျှင် ၆၅၀ကျပ်၊ အလတ် ၆၂၀ ကျပ်၊ အလတ်
(သေး) ၅၈၀ ကျပ်နှင့် အသေး ၅၅၀ ကျပ်ခန့်ထိ ဈေးနှုန်း မြင့်တက်သွားသောကြောင့်
တောင်သူ များ ဈေးကွက်ကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ယင်းပွဲရုံ
လုပ်ငန်းရှင်များ က ပြောကြားသည်။ “ပုံမှန် ဆိုရင်တော့ တောင်သူတွေက
ကြက်သွန် ရာသီကုန် တဲ့ အောက်တိုဘာလအထိ စောင့်လေ့ရှိတယ်။ အခုက
ဈေးကောင်းနေပြီ ဆိုပေမယ့် တောင်သူတွေကတော့ သိပ်မကြိုက်လောက်သေးဘူး။
ပြီးတော့ ဒီဈေးတွေ ဖြစ်သွားတာလည်း တစ်ပတ်လောက်ပဲ ရှိသေးတော့ ဆက်ပြီး
စောင့်ကြည့် နေတာ ဖြစ်နိုင်တယ်” ဟု အောင် ကြက်သွန်ပွဲရုံ လုပ်ငန်းရှင်က
မှတ်ချက်ပြု ပြောဆိုသည်။
ယခုနှစ်၏ ကြက်သွန် ထွက်ရှိနှုန်းသည်
ပြီးခဲ့သည့်နှစ် ထွက်နှုန်းထက် ၂၀ ရာခိုင်နှုန်း ပိုမို အထွက်တိုး
ခဲ့သည့်အပြင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ လခန့်က ကြက်သွန်နီ တစ်ပိဿာလျှင်
၈၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ ဖူးသည့်အတွက် တောင်သူများက ယခုကဲ့သို့ ဈေးကွက်
စောင့် ကြည့်နေခြင်း ဖြစ်ကြောင်း ကြက်သွန်နီ ထွက်ရှိရာ ဒေသဖြစ် သည့်
မြင်းခြံဒေသမှ တောင်သူများထံမှ စုံစမ်း သိရှိရသည်။
“တောင်သူ
အနေနဲ့ကတော့ ဒီဈေးက မဆိုးပေမယ့် အရင်း ရရုံလောက် ပဲ ရောင်းထားသေးတယ်။
အထွက်နှုန်း ကောင်းထားတော့ ပစ္စည်းကလည်း များတယ်။ ရာသီကုန်ဖို့ကလည်း
နှစ်လလောက်တောင် လိုသေးတယ် ဆိုတော့ လက်ထဲမှာ အေးအေးဆေးဆေး လှောင်ထားလို့
ရသေးတယ်။ ကြိုက်ဈေးကတော့ အထိုင်ဈေးကို တစ်ပိဿာ ၈၀၀၊ ၁၀၀၀ လောက်ပေါ့။
အဲဒီဈေးလောက် ရောက် တဲ့အထိ စောင့်ဦးမယ်။ ဒီနယ်က တောင်သူတွေ အကုန်လုံး
ဒီလိုပဲ။ ထုတ်မရောင်းကြသေးဘူး။ ကြက်သွန် တောင်သူဆိုတာ အာမခံ ရဲတယ်။
ကြိုက်ဈေး မရလို့ကတော့ မရောင်းဘဲ လွှင့်ပစ်တတ် ကြတယ်” ဟု မြင်းခြံခရိုင်
ဘုရားလှ ကျေးရွာမှ ကြက်သွန်စိုက် တောင်သူ ဦးနိုင်မြင့်က ဆိုသည်။
ယင်းကဲ့သို့ ကြက်သွန်ဈေး မြင့်တက်ရခြင်းမှာ ကုန်သည်များက ဈေး
တိုးပေးသော်လည်း တောင်သူများ ထုတ်မရောင်းခြင်းကြောင့် တစ်ဆင့်ပြီး တစ်ဆင့်
ဈေးတိုးပေးရာမှ လက်ရှိ ဈေးနှုန်းသို့ ရောက်ရှိ သွားခြင်း ဖြစ်ပြီး
သြဂုတ်လအတွင်း ကြက်သွန်ဈေးနှုန်းသည် တစ်ပိဿာလျှင် ၈၀၀ ကျပ် နီးပါးအထိ
မြင့်တက်သွားနိုင်ကြောင်း ဦးနိုင်မြင့်က သုံးသပ် ပြောကြားသည်။
“ကုန်သည်တွေ ဘက်ကနေ ၅၀၊ ၁၀၀ တိုးပေးလည်း တောင်သူက ခပ်တင်းတင်းပဲ။
ထုတ်မရောင်း ဘူး။ ဟိုးအရင် နှစ်တွေတုန်းကလို တစ်ထောင်လောက်ထိ မရောက်ဘူး
ဆိုရင်တောင် ဒီလထဲမှာကို တစ်ပိဿာ ၈၀၀ နီးပါးလောက် ဖြစ်သွားနိုင်တယ်” ဟု ၎င်းက
ဆိုသည်။
မန္တလေး ကြက်သွန်နီ ဈေးကွက်သို့ မြင်းခြံနယ်နှင့် မုံရွာ
မြို့နယ်တို့မှ ကြက်သွန်နီများ အဓိက ဝင်ရောက်နေပြီး မြန်မာပြည် အထက်ပိုင်း
မြစ်ကြီးနား၊ ရွှေဘို၊ လက်ပံလှ၊ သပိတ်ကျင်း နယ်များသို့ အဓိက တင်ပို့
ရောင်းချရကြောင်း အဆိုပါဈေးကွက် အခြေစိုက် ကြက်သွန်နီ ပွဲရုံ
လုပ်ငန်းရှင်များက ပြောကြားသည်။
“တောင်သူတွေက ကြက်သွန်နီ
ဈေးကောင်းတယ်ဆိုရင် ထုတ်မရောင်းကြ ဘူး။ လှောင်ထားကြတယ်။ ဈေးထပ်
တက်ဦးမလားဆိုပြီး စောင့်ကြတာ။ အခုချိန်က ဈေးတက်တုန်း တောင်သူတွေက
ထုတ်မရောင်းတော့ ဈေးကွက် ထဲမှာ ပစ္စည်းတော့ သိပ်မရှိဘူး။ အရောင်းလည်း
အေးတယ်” ဟု ကိုင်းတန်းဈေးရှိ ကြက်သွန်ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ကြက်သွန်နီ ဈေးကွက်သည် လက်ရှိကာလတွင် ပုံမှန် အရောင်း အဝယ်အေးလေ့
ရှိတတ်သော်လည်း လက်ရှိနှစ်တွင် သင်္ကြန်ကာလ မတိုင်မီ ကပင် အရောင်းအဝယ်
အေးနေခဲ့ခြင်း ဖြစ်ကြောင်း ပွဲရုံ လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment