Monday, August 12, 2013
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးဝင်းမြင့်သည် စားသုံးသူ ကာကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီး
ထိန်းချုပ်ရေး ကိစ္စရပ်များဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် Mobile Team
(ရန်ကုန် ဆိပ်ကမ်း နယ်မြေ)မှ တာဝန် ရှိသူများအား ယနေ့နံနက် ၉ နာရီတွင်
ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်း၌ တွေ့ဆုံပြီး မြန်မာ တစ်နိုင်ငံလုံး
ကုန်သွယ်မှု ပမာဏ၏ ၈ဝ ရာခိုင်နှုန်းကို ပင်လယ် ရေကြောင်းမှ တစ်ဆင့်
ဆောင်ရွက်လျက် ရှိရာတွင် တရားမဝင် ကုန်သွယ်မှုများကို နည်းမျိုးစုံဖြင့်
လုပ်ဆောင် နေကြသည်ကို သိရပါသည်။ သို့ဖြစ်၍ ပထမဆုံး အနေဖြင့်
Mobile Team ဖြင့် ပင်လယ် ရေကြောင်းမှ တရားမဝင် ကုန်သွယ်မှု တားဆီးရေး
လုပ်ငန်းကို သြဂုတ် ၁၂ ရက် (တနင်္လာနေ့)တွင် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊
အခုလို ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များမှာ တရားဝင် ကုန်သွယ်မှု
လမ်းကြောင်းပေါ်သို့ ရောက်ရှိရေး၊ မှန်မှန် ကန်ကန် ဆောင်ရွက်သည့်
ကုန်သည်များနှင့် ကုန်ထုတ်လုပ်သူများ အတွက် အခွင့်အရေး တန်းတူရရှိရေး၊
စားသုံးသူ အကာအကွယ် ပေးရေးနှင့် နိုင်ငံတော်၏ အခွန် ဘဏ္ဍာများ
ဆုံးရှုံးမှုများကို ကာကွယ်ပေးရေး စသည်တို့ကို ဦးတည်ပြီး အောင်မြင်အောင်
ကြိုးပမ်းကြဖို့ လိုပါကြောင်း၊
ယခုလို ပထမဆုံး အကြိမ်
လုပ်ဆောင်ရသည့် လုပ်ငန်း ဖြစ်တဲ့အတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာမှာ
အခက်အခဲ အတားအဆီးများနှင့် စိန်ခေါ်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါကြောင်း၊
တွေ့ကြုံရသည့် အခြေအနေနှင့် သတင်း အချက်အလက် များကို တာဝန်ရှိသူများထံ
အချိန်နှင့် တစ်ပြေးညီ သတင်းပို့ကြရန် အထူး လိုအပ်ပါကြောင်း၊ အထူး မှာကြား
လိုသည်မှာ လက်တွေ့ တာဝန် ထမ်းဆောင်ကြသည့်အခါ လာဘ်ပေး လာဘ်ယူမှု
ကင်းရှင်းစွာဖြင့် ပေးအပ်ထားသော တာဝန်များကို အောင်မြင်အောင်
ထမ်းဆောင်ပြီး မိမိတို့ ဌာန၏ ဂုဏ်၊ နိုင်ငံတော်၏ ဂုဏ်တို့ကို
မြှင့်တင်ရန် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment