Monday, August 05, 2013
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တန်ဖိုးမျှတ အိမ်ရာများကို
ရောင်းချရာတွင် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ရောင်းချ ပေးသွားမည်
ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ အစီအစဉ်ဖြင့် ရောင်းချပေးမည့် တန်ဖိုးမျှတ အိမ်ရာများထဲမှ ဧရာဝဏ် အိမ်ရာနှင့် ရတနာအိမ်ရာ စီမံကိန်းတို့ကို
အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တွင်
စတင် အကောင်အထည်ဖော် တည်ဆောက်နေရာ ပိုင်ဆိုက်ခြင်း လုပ်ငန်းကို လုပ်ဆောင်
နေပြီ ဖြစ်ကြောင်း သိရသည်။၎င်းအိမ်ရာများ တည်ဆောက်မှု
ပြီးစီးသွားပါက တိုင်းဒေသကြီး အစိုးရအဖွဲ့အား လွှဲပြောင်း ပေးအပ် သွားမည်
ဖြစ်ပြီး တည်ဆောက်နေသည့် အိမ်ရာများမှာ အထပ် ၁၈ ထပ်ထိပါရှိမည် ဖြစ် ရာ
မြေညီထပ်မှ စတင်၍ အပေါ်ဆုံးထပ်ထိ ဈေးနှုန်း သတ်မှတ်ခြင်းနှင့် ရောင်းချခြင်း
များကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် လုပ်ဆောင်
သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်မှာ စီးပွားရေးမြို့
တော်တစ်ခု ဖြစ်သည်နှင့် အညီ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခြား
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက် အခြေချနေထိုင် လုပ်ကိုင် ခြင်း
များကြောင့် ရန်ကုန်မြို့ လူဦးရေမှာ နှစ်စဉ်တိုးမြင့် လာနေပြီး နေထိုင်စရာ
နေရာမလုံ လောက်မှုများ ဖြစ်ပေါ်နေသည့် အတွက် ရန်ကုန်မြို့တွင်
အိမ်ဈေးကြီးမြင့် လာရခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့  မြင့်တက် လာနေသည့်
အိမ်ဈေးနှုန်းများကြောင့် မြို့နေပြည်သူများမှာ အိုးအိမ်
ပိုင်ဆိုင်နိုင်ခြင်း မရှိဘဲ အိမ်ငှားဘဝဖြင့်သာ နေထိုင်ဖြတ်သန်း
နေရကြောင်း၊ ထိုကဲ့သို့ အိမ်ရာ လိုအပ်ချက်များ ကို ဖြည့်ဆည်း ပေးနိုင်ရန်
အတွက် တန်ဖိုးမျှတ အိမ်ရာများကို တည်ဆောက် ပေးခြင်းဖြင့်
မြို့နေပြည်သူများအတွက် အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည် ဆိုပါက လည်း
ဈေးနှုန်းထိန်း ချုပ်ရန် လည်း လိုကြောင်း ရန်ကုန်အိမ်ခြံမြေ လေ့လာ
သုံးသပ်သူများက ပြောကြားခဲ့သည်။
လက်ရှိ တည်ဆောက်နေသည့်
တန်ဖိုးသင့် အိမ်ရာများ၏ ဈေးနှုန်းမှာ ငွေကျပ် သိန်း ၂ဝဝ မှ ၂၈ဝ
ဝန်းကျင်ရှိပြီး ဆောက်လုပ်ပြီးစီးပါက အရစ်ကျ ပေးသွင်းခြင်း စနစ်ဖြင့်
လုပ်သက်ရင့် လစာနည်း ဝန်ထမ်းများအား ဦးစားပေး ရောင်းချသွားမည်
ဖြစ်ကြောင်း၊ တန်ဖိုး မျှတ အိမ်ရာများ ရောင်းချပေးခြင်းမှာ
အစိုးရဝန်ထမ်းများ အပါအဝင် ဝင်ငွေအလယ် အလတ်နဲ့ ဝင်ငွေနည်း ပြည်သူ
မိသားစုများ အိမ်ရာ ပိုင်ဆိုင်စေရန် အတွက် ရည်ရွယ်ကာ တည်ဆောက်
ထားခြင်းဖြစ်သည့် အတွက် စီးပွားရေး သမားများ ဝင်ရောက် ဈေးကစားခြင်း
မရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် လုပ်ဆောင်ရခြင်း
ဖြစ်ကြောင်း သိရသည်။
မြ၀တီ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment