Tuesday, August 06, 2013
စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ကို ၎င်းတို့၏
မွေးစားဖခင်ဖြစ်သူက အဓမ္မကျင့်ရန် ကြံသည်ဟုဆိုကာ တိုင်တန်းမှုတစ်ခု
သန်လျင်ရဲစခန်းတွင် သြဂုတ် ၄ ရက်ကအမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်
သူ့ညီမများဖြစ်သည့် အသက် ၁၂ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးနှစ်ဦး
စုစုပေါင်းသုံးဦးကို သန်လျင်မြို့နယ်ရှိ ကျေးရွာတစ်ခုမှ အသက် ၄၅ နှစ်အရွယ်
အမျိုးသားကြီးတစ်ဦးက မွေးစားထားခဲ့ရာမှ ယခုအခါ ထိုကဲ့သို့ အဓမ္မကြံ
စည်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ အဆိုပါ
အမျိုးသားကြီးသည် သြဂုတ် ၂ ရက် ညက စိတ်ဝေဒနာရှင် အမျိုးသမီးကို အဓမ္မပြုရန်
ကြံစည်ခဲ့သလို၊ လွန်ခဲ့သော ၁၀ ရက်ကျော်ကာလကလည်း ၎င်းမွေးစားထားသည့် အသက် ၁၂
အရွယ် ကလေးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခဲ့သေးသည်ဟု ယင်းအမှုကို တိုင်တန်းသည့်
တရားလိုက ရဲစခန်းတွင် ထွက်ဆိုသည်။
သို့သော် ယခုအမှုကို
တိုင်တန်းသည့် တရားလိုကို ရဲစခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။
ယခုကိစ္စကို သန်လျင်ရဲစခန်းက အမှုအမှတ် (ပ) ၇၂၁/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး
ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲဆိုရန် ကနဦးလျာထားပြီး
စွပ်စွဲခံရသူ အမျိုးသားကြီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်သည်ဟု ရဲဌာနက
ထုတ်ပြန်သည်။
ဇော်ဇော်ထွေး
မဇ္ဈိမ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment