Wednesday, August 07, 2013
Sea Game Opening Activity Live Show ကို သြဂုတ် ၂၃ ရက်တွင်
အမျိုးသားကဇာတ်ရုံ၌ ၀င်ကြေးအခမဲ့ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ADMA Media မှ
တာဝန်ရှိသူက ဆိုသည်။
အဆိုပါဖျော်ဖြေပွဲ၌
ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် အသုံးပြုမည့် တေးသီချင်း ၁၅
ပုဒ်ကို မီဒီယာနှင့် ပြည်သူများအား အသိပေးမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ၎င်းက
ထပ်မံပြောဆိုလိုက်သည်။ ယင်းသို့ ရွေးချယ်ထားသည့် တေးသီချင်း ၁၅ပုဒ်နှင့်
အတူ ပြဇာတ်၊ ဟာသတစ်ခန်းရပ် အစီအစဉ်များကိုလည်း ယင်းပွဲတော်တွင် တင်ဆက်မည်
ဖြစ်သည်။
ADMA Media မှ ဦးဝေမင်းမောင်က “ဒီပွဲကတော့
ယဉ်ကျေးမှုဌာနအတွက် လုပ်ပေးတဲ့ သဘောပါပဲ။ ဆီးဂိမ်းအဖွင့်၊ အပိတ်
တေးသီချင်းတွေကို မီဒီယာတွေ၊ ပြည်သူတွေကို အသိပေးတဲ့ သဘောလည်း ပါတယ်။
ဘယ်သူမဆို လာရောက်ကြည့်ရှုလို့ရတယ်။ လာကြည့်ပြီး ပါဝင်ဆင်နွှဲစေချင်တယ်။
ပွဲအစမှာ ယဉ်ကျေးမှုဌာနက တာဝန်ယူထားတဲ့ သီချင်း ၁၅ ပုဒ်ကို အဆိုတော်တွေက
ဆိုမယ်။ ပြီးရင် တခြား အစီအစဉ်တွေ ဆက်လက်တင်ဆက်မှာပါ” ဟု ပြောပြသည်။
ယင်းသို့ ရွေးချယ်ထားသည့် တေးသီချင်း ၁၅ ပုဒ်ကို ဇော်ဝင်းထွဋ်၊
စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီး၊ ဘန်နီဖြိုး၊ မေခလာ၊ ယုဇန၊
ဖြူဖြူကျော်သိန်း၊ သီရိဆွေ၊ ချမ်းချမ်း၊ နေနေနှင့် နီနီခင်ဇော်တို့
သီဆိုမည် ဖြစ်သည်။
ယင်းဖျော်ဖြေပွဲတွင် ပါဝင်သည့် ပြဇာတ်ဖြစ်သော
“အနိုင်မခံ အရှုံးမပေး” ပြဇာတ်ကို ဒါရိုက်တာမောင်သီက စီစဉ်ညွှန်ကြားကာ
တင်ဆက်မည်ဖြစ်ပြီး မြင့်မြတ်၊ ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်နှင့်
အခြားလူရွှင်တော်များ ပါဝင်မည်ဖြစ်သည်။ ယင်းပြဇာတ်တွင်
အားကစားနှင့်ပတ်သက်သည့် ဟာသပြက်လုံးများဖြင့် တင်ဆက်မည်ဖြစ်ကာ
ဟာသတစ်ခန်းရပ် ပြဇာတ်တွင် ခင်လှိုင်၊ ဒိန်းဒေါင်နှင့်အတူ လူရွှင်တော်များလည်း
အားဖြည့်တင်ဆက်မည် ဖြစ်သည်။
“ADMA Media ကနေ ကျွန်တော့်ကို
ငှားတယ်။ ဆီးဂိမ်းဆိုတာက လည်း မြန်မာနိုင်ငံမှာ မလုပ်တာ ကြာပြီလေ။
အဲဒါကြောင့် ပါဝင်ဖြစ်တယ်။ ဒီလ ၁၇ ရက်ကစပြီး ပြဇာတ်အတွက် စတိုက်မယ်။
ပြဇာတ်ကတော့ တစ်နာရီခွဲ စာစီစဉ်ထားတယ်။ ဟာသတစ်ခန်းရပ်ကတော့ နာရီဝက်စာ
လုပ်ထားတယ်။ ပြက်လုံးတွေကတော့ အားကစားနဲ့ပတ်သက်တာတွေပဲ စီစဉ်ထားပါတယ်” ဟု
ဒါရိုက်တာမောင်သီက ပြောပြသည်။
Sea Game Opening Activity Live
Show ကို ညနေ ၆နာရီတွင် စတင်ကျင်းပမည်ဖြစ်ကာ Sky net မှတိုက်ရိုက်ထုတ်လွှင့်
ပြသမည်ဖြစ် သည်။ ယင်းဖျော်ဖြေပွဲသည် ADMA media မှ ဆီးဂိမ်းအကြိုအဖြစ်
ကျင်းပသည့် ၁၃ ပွဲမြောက်ဖျော်ဖြေပွဲ ဖြစ်သည်။
Mizzima News
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment