ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ ခါ့ရ်ခရဆော်ရီ မြို့နယ်တွင်
နေထိုင်သည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ ဘင်္ဂါလီများ က
တိုက်ခိုက်မှုကြောင့် ၁၅၀၀ ဦးခန့် အိန္ဒိယနိုင်ငံ နယ်စပ် ထရိပူရ ဒေသ
များသို့ ထွက်ပြေး ခိုလှုံနေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်
မြို့နယ်ရှိ အာတီဗာသိ အဖွဲ့မှ အတွင်းရေးမှူး ဦးဦးထွန်းလှက The Voice သို့
ပြောကြားသည်။
ဘင်္ဂါလီ အမျိုးသား ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို
ရခိုင် တိုင်းရင်းသား များက ပြန်ပေးဆွဲထားသည်ဟု ကောလာဟလ သတင်း
ထွက်ပေါ်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ရခိုင် တိုင်းရင်းသား
မျိုးနွယ်စုဝင်များ ဖြစ် သည့် မရာမာ၊ သက်၊ ဒိုင်းနက် မျိုးနွယ်စုဝင် အချို့
သတ်ဖြတ်ခံရပြီး နေအိမ် များ မီးရှို့ခံခဲ့ရကြောင်း ၎င်းက ဆိုသည်။ယင်းတိုက်ခိုက်မှုတွင်
ကျေးရွာ ၃ ရွာခန့် မီးရှို့ ဖျက်ဆီးခံရပြီး အိမ်ခြေ ၆၀ ခန့် ပျက်စီးသွားကာ
လူ ၁၅၀၀ ကျော် အိန္ဒိယနယ်စပ် ကျေးရွာများတွင် ထွက်ပြေး ခိုလှုံနေကြာင်း
ဦးဦးထွန်းလှက ထပ်မံပြော ကြားသည်။
ခါ့ရ်ခရဆော်ရီ မြို့နယ်အတွင်း
ကျန်နေသော ဌာနေ တိုင်းရင်းသား ကျေးရွာ များမှာလည်း ဆက်လက် မနေထိုင်ရဲသဖြင့်
အိန္ဒိယနိုင်ငံတွင် ခိုလှုံ နေထိုင်ခွင့် တောင်းခံနေကြကြောင်း အာတီးဗာသိ
(မွတ်ဆလင် မဟုတ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်သည့် ဌာနေ
တိုင်းရင်းသား များ အဖွဲ့) အဖွဲ့ထံမှ သိရှိရသည်။
တိုက်ခိုက်မှုများသည် သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ သုံးရက် ကြာ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့မှ သိရှိရသည်။
ဆိုင်ကယ်
ကယ်ရီသမား ပြန်ပေးဆွဲခံရသည် ဆိုသည့်သတင်း မဟုတ်မှန်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ
သတင်း မီဒီယာများတွင် ဖော်ပြခဲ့ကြောင်း ဖလောင်းချိတ် မြို့တွင် နေထိုင်သူ
ဦးနိုင်နိုင်မှ ဆိုသည်။
ယင်းတိုက်ခိုက်မှုများကို တားဆီးပေးရန်
သြဂုတ်လ ၅ ရက်နေ့က ပျက်စီး ဆုံးရှုံးသွားသည့် နေအိမ်များ နှင့် ပျက်စီး
ဆုံးရှုံးမှုများကို အစိုးရ က ဖြေရှင်းပေးရန်၊ ယခင် ဆုံးရှုံးထားသည့်
လယ်ယာမြေများကို ပြန်ပေးရန် ဖလောင်းချိတ်မြို့တွင် ရခိုင်
တိုင်းရင်းသားများ ဆန္ဒပြခဲ့ကြကြောင်း ဖလောင်းချိတ် ဒေသခံများက ပြောကြားသည်။
ခင်မောင်အေး
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment