Wednesday, August 07, 2013
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ မရမ်း-ဇွဲဘာ ပုစွန်ကန်၏ အပြင်ဘက် ပင်လယ်ရေ၀င်ရာရွံ့မြေများအား ၀ယ်ယူရန် လျှောက်ထားမှုများကို ကန့်ကွက်ကြောင်း ကျောက်တန်းမြို့နယ် ပုစွန်လုပ်ငန်းရှင်များက ပြောသည်။
သဘာဝပုစွန်များကိုပင်လယ်ရေ၀င်ပေါက်မှတစ်ဆင့်သွင်းကာ မွေးမြူခြင်းဖြစ်ပြီး ယင်းပင်လယ်ရေ၀င်၊ ထွက်ပေါက်က အဓိကကျရာ လုပ်ငန်းသဘာဝအရ ၀င်ပေါက်ပိတ်သွားမည်ဆိုပါက ပုစွန်များသွင်းခြင်း၊ ရေဖောက်ထုတ်ခြင်းများ ရပ်သွားကာ ပုစွန်လုပ်ငန်းများပါ ရပ်ဆိုင်းသွားနိုင်၍ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ယင်းတို့က ဆိုသည်။ကန့်ကွက်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်တိုင်းငါးလုပ်ငန်းဦးစီးဌာနတို့အား တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။
မရမ်း -ဇွဲဘာပုစွန်ဇုန်၏အပြင်ဘက်နေရာတွင် ရေကျချိန်တွင် ပေါ် လာသော မြေနုများအား ဒေသခံလုပ် ငန်းရှင်အချို့မှ နေပြည်တော်၊ ရန်ကုန် မြေစာရင်းရုံးများသို့ လျှောက်ထားခြင်းများကို ဇူလိုင်လကုန်ပိုင်းတွင်မှ သိရှိရပြီး ယခုကန့်ကွက်ရန် ကြိုးစားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုပါသည်။
မရမ်း-ဇွဲဘာပုစွန်ဇုန်မှ ဦးသက်နိုင်က“ မြေနေရာကို လာဦးထားတဲ့ သဘောပါ၊ မြေကလဲ ရွှံ့မြေနုတွေဖြစ်တော့ စိုက်ပျိုးလို့လည်း မရပါဘူး၊ အဲဒီနေရာတွေက ဒီရေတောတွေ စိုက်ပျိုးထိန်းသိန်းရမယ့် နေရာတွေပါ” ဟု ပြောသည်။
ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး ဦးမင်းမင်းမောင်က “လျှောက်ထားတဲ့သူတွေကို ခွင့်မပြုဘဲ ကျွန်တော်တို့ကို လုပ်ခွင့်ပေးဖို့ ပြောနေတာမဟုတ်ပါဘူး၊ ဒီနေရာကို ဘယ်လိုမှ လုပ်ခွင့်မပြုသင့်ပါဘူး”ဟု ပြောကြားသည်။
မုတ္တမပင်လယ်မှ ရေငန်များအား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မရမ်း - ဇွဲဘာတာတားထားပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ တာအပြင်ဘက်တွင် ရေငန်သဘောအရ လုပ်ကိုင်နိုင်သော ရေငန်ပုစွန်များ ကို ဇုန်အဖြစ် သတ်မှတ်ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မရမ်း - ဇွဲဘာပုစွန်ဇုန်တွင် လုပ်ငန်းရှင် ၄၀ ကျော်မှ ပုစွန်ကန်ဧက ၇၀၀၀ ကျော်အား လုပ်ကိုင်လျက်ရှိရာ ရေငန်ပုစွန်ကျား အများဆုံး ထွက်ရှိကြောင်း ဆိုသည်။
Mizzima News
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment