Thursday, August 8, 2013
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ စစ်တောင်းမြစ်ရေသည် မြစ်
အထက်ပိုင်း ဒေသများတွင် မိုးရေချိန် ရရှိမှု နည်းပါးခြင်းကြောင့် ဇူလိုင်လ ၇
ရက်နေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၃၀၄ စင်တီမီတာအထိ ကျဆင်း ခဲ့ရာ
နှစ်ပေါင်း ၄၅ နှစ်တွင်း စံချိန်တင် မြစ်ရေ ကျဆင်း ခဲ့ခြင်း ဖြစ်ကြောင်း
တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။
တောင်ငူခရိုင်တွင် ဇူလိုင်လ ရွာသွန်းမြဲ မိုးရေချိန်ထက် ကျော် လွန်
ရောက်ရှိ ခဲ့ပြီး မြစ်အထက်ပိုင်း ရေဝေရေလဲ ဒေသများတွင် ရွာသွန်း မြဲအောက်
လျော့နည်းခဲ့ရာ စစ်တောင်းမြစ်ရေ စံချိန်တင် ကျဆင်း ခဲ့ခြင်း ဖြစ်ကြောင်း
တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ခရိုင် ဦးစီးမှူး
ဦးမျိုးမြင့်အောင်က ပြောကြားသည်။ စစ်တောင်းမြစ်ရေသည် ၁၉၆၈
ခုနှစ်မှ စ၍ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ၄၅ နှစ်တာ ကာလအတွင်း စံချိန်တင် မြစ်ရေ
ကျဆင်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မြစ်ရေသည် တောင်ငူမြို့တွင် ယခုကဲ့သို့
ဆိုးဝါးစွာ ကျဆင်းခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
စစ်တောင်းမြစ်၏ တောင်ငူမြို့နယ် စိုးရိမ်ရေမှတ်သည် ၆၀၀ စင်တီမီတာ ဖြစ် ပြီး
စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့တွင် ၁၉၇၃ ခုနှစ် သြဂုတ်လတွင် ၇၂၃
စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ၆၂၅ စင်တီမီတာသို့
လည်းကောင်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ၅၈၄ စင်တီမီတာသို့
ရောက်ရှိခဲ့ကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာနိုင်ငံ
အလယ်ပိုင်းဒေသနှင့် မြောက်ဘက် ရှမ်းကုန်းမြင့် ဒေသများမှ မိုးရေချိန်များ
သည် ယခင် နှစ်ပေါင်း ၂၀ ခန့်တွင် ရွာသွန်းမြဲ မိုးရေချိန် ပြည့်မီအောင်
ရွာသွန်းခဲ့သော်လည်း ယခုအခါတွင်မူ အချို့ ဒေသများတွင် မိုးသည်းထန်စွာ
ရွာသွန်းခြင်းများ ရှိသကဲ့သို့ အချို့ ဒေသများတွင်
မိုးမရွာသွန်းခြင်းများကိုပါ ကြုံတွေ့လာကြောင်း မိုးလေဝသနှင့် ဇလဗေဒ
ညွှန်ကြားမှု ဦးစီးဌာနမှ အငြိမ်းစား အရာရှိကြီး တစ်ဦးက သုံးသပ် ပြောကြား
သည်။
“အရင်က မသိမသာ ခံစားတဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးဆက်ကို ခု သိသိသာသာ ခံစားလာ ရတဲ့ အခြေအနေပါ” ဟု ၎င်းက ရှင်းပြသည်။
စစ်တောင်းမြစ်ရေ စံချိန်တင် ကျဆင်းနေသော်လည်း မြစ်ကမ်းဘေး နေထိုင် သူများ
အနေနှင့် မြစ်ရေကြီးမှု အန္တရာယ်ကို သတိထားသင့်ကြောင်း၊ စစ်တောင်းမြစ်၏
ရေဝေရေလဲဒေသ မြစ်ညှာများတွင် တစ်ရက်အတွင်း မိုးရေချိန် ၇ လက်မမှ ၈ လက်မအထိ
စံချိန်တင် ရွာသွန်းလာပါက မြစ် လက်ခံနိုင်သည့် ရေ ပမာဏထက် ပိုမို
များပြားလာပြီး ရုတ်တရက် မြစ်ရေ ကြီးခြင်း ဘေးအန္တရာယ်ကို ခံစားနိုင်
ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သုံးသပ် ပြောကြားသည်။
တောင်ငူမြို့နယ်တွင် ၂၀၁၁ ခုနှစ် သြဂုတ်လက စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်
၆၀၀ စင်တီမီတာ အထက် ကျော်လွန် ရောက်ရှိခဲ့သဖြင့် ရပ်ကွက်၊ ကျေးရွာပေါင်း
၂၀ ကျော်မှ လူဦးရေ တစ်သောင်းကျော် ရေဘေး ဒုက္ခသည်စခန်း ၁၉ ခုတွင် ရက်ပေါင်း
၂၀ နီးပါး နေထိုင်ခဲ့ရကြောင်း ဒေသခံ အချို့၏ ပြောကြားချက်အရ သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် ရှမ်းကုန်းမြင့်ဒေသမှ မြစ်ဖျားခံ
စီးဆင်းလာသော စစ်တောင်းမြစ်သည် မိုင်ပေါင်း ၂၀၀ ကျော် ရှည်လျားပြီး
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်နှင့် ပဲခူး ခရိုင် စစ်တောင်းမြစ်ဝှမ်း
ဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း နှစ်သိန်းကျော်၊ လူဦးရေပေါင်း ၁၅
သိန်းခန့်နှင့် စပါးစိုက် ဧကပေါင်း နှစ်သိန်းနီးပါးကို အကျိုးပြုလျက်
ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ချက် အရ သိရှိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment