Thursday, August 8, 2013
ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏
တွန်းအားပေးမှုများကြောင့် မြန်မာ့တပ်မတော်မှ ကလေးစစ်မှုထမ်းများကို ၂၀၁၂
ခုနှစ်ကတည်းက ဆက်တိုက် နုတ်ထွက်ခွင့်ပြုခဲ့ရာ
ယခု သြဂုတ်လ ၇ ရက်နေ့တွင်လည်း ကလေးစစ်မှုထမ်း ၆၈ ဦးကို ထပ်မံနုတ်ထွက်ခွင့်
ပြုခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်သည်။
ယခုတပ်မတော်မှ တရားဝင် နုတ်ထွက်ခွင့် ပြုခြင်းသည်
စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ယခုအကြိမ်တွင် ကလေးစစ်မှုထမ်း အများဆုံးကို
နုတ်ထွက်ခွင့်ပြုခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော် အမြဲပြောတယ်၊ တပ်မတော်ဆိုတာ ကလေးတွေ ကြီးပြင်းတဲ့
နေရာမဟုတ်ဘူး။ အခု တပ်မတော်က ကလေးစစ်မှုထမ်းတွေ ဆက်တိုက် နုတ်ထွက်ခွင့်
ပြုခဲ့တာဆိုတော့ ကောင်းတဲ့အရွေ့ကို ဦးတည်လာတယ်လို့ ဆိုနိုင်တယ်” ဟု
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Ashok Nigam က
ပြောကြားသည်။
ကလေးစစ်မှုထမ်းများ စုဆောင်းနေသော
မြန်မာ့တပ်မတော်နှင့် အခြားလက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ၁၈ နှစ်
မပြည့်သေးသော ကလေးများ စစ်မှုထမ်းရန် စုဆောင်းခြင်းကို ချက်ချင်းရပ်တန့်ရန်
၎င်းကထပ်မံ တိုက်တွန်းသည်။
မြန်မာ့တပ်မတော်သည် ကလေးစစ်သား ပပျောက်ရေး
၁၈ လကြာ စီမံကိန်း ဆောင်ရွက်ရန်အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ
ယခုနှစ် သြဂုတ်လ ၇ ရက်နေ့အထိ ၁၇၆ ဦးကို တပ်မတော်မှ တရားဝင်
နုတ်ထွက်ခွင့်ပြုခဲ့သည်။
ကလေးအခွင့်အရေး အကြိမ်ကြိမ်
ကျူးလွန်ဖောက်ဖျက်သော လက်နက်ကိုင် တပ်ဖွဲ့စာရင်းတွင် တပ်မတော်နှင့်
ပြည်တွင်းရှိ အခြားလက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့တို့ကို ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ
နောက်ဆုံးအစီရင်ခံစာ၌ ယခုအချိန်ထိ ထည့်သွင်းထားလျက် ရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment