Monday, August 05, 2013
မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ တောင်းဆိုချက်အရ အရေးပေါ် လူနာတင်ယာဉ်ကို
ဆက်သွယ် ခေါ်ယူနိုင်မည့် ဖုန်း နံပါတ်များ၏ ဂဏန်း အရေအတွက်ကို ခေါ်ရလွယ်သည့်
နံပါတ် သုံးလုံး သို့မဟုတ် လေးလုံး ထိ လျှော့ချသွားမည် ဖြစ်ကြောင်း
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဦးသောင်းတင် က ပြောကြားသည်။
အသက် အန္တရာယ်နှင့်
ကြုံတွေ့ချိန်တွင် အရေးပေါ် လူနာတင်ယာဉ်ကို ဆက်သွယ် ခေါ်ယူရမည့် ဖုန်းနံပါတ်
ဂဏန်း အရေအတွက် များပြားနေ၍ အလွယ်တကူ သိရှိ ခေါ်ယူရန် ခက်ခဲခြင်းကြောင့်
ဂဏန်း အရေအတွက် လျှော့ချရန် မြန်မာနိုင်ငံ ဆရာဝန် အသင်းက တောင်းဆို
ထားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ ဆေးရုံ၊ ဆေးခန်းနှင့် အသင်းအဖွဲ့ အသီးသီးတွင်
အသုံးပြုနေသည့် အရေးပေါ် လူနာတင် ယာဉ်များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ
ဂဏန်း ခြောက်လုံးအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
“ဒီနေ့ပဲ ရန်ကုန်က
အင်ဂျင်နီယာချုပ်ကို ဆရာဝန် အသင်းကို လွှတ်ထားပါ တယ်။ နည်းပညာပိုင်း
ဆိုင်ရာတွေ ဖြေရှင်းပြီးရင် ဂဏန်း သုံးလုံး သို့မဟုတ် လေးလုံး ဖြစ်မှာပါ”
ဟု ဦးသောင်းတင်က ဆိုသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံ ဆရာဝန်များအသင်းသို့ လာရောက်စဉ် အရေးပေါ်
လူနာတင်ယာဉ်အတွက် Hotline နံပါတ် နှစ်ခု ပေးမည်ဟု ပြောကြား ခဲ့ကြောင်း
မြန်မာနိုင်ငံ ဆရာဝန်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မြင့်သောင်းက
ပြောကြားသည်။
“ဆက်သွယ်ရေး အင်ဂျင်နီယာချုပ်က နံပါတ်ပေးမယ် ဆိုတာပဲ ပြောသွား တယ်။ အသေးစိတ်တော့ ဘာမှ မသိရသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ ဆရာဝန် အသင်းတွင် လက်ရှိ အရေးပေါ် လူနာတင်ယာဉ် ငါးစီး
ရှိနေပြီး အခြား ပုဂ္ဂလိက ဆေးရုံနှင့် လူမှု ကူညီရေး အသင်းများတွင် အရေးပေါ်
လူနာတင်ယာဉ်များ များစွာ ရှိနေသော်လည်း ယင်းတို့ထံ ဆက်သွယ်ရန်မှာ
ဖုန်းနံပါတ်များသည် သီးခြားစီ ဖြစ်နေကြောင်း ၎င်း၏ အဆိုအရ သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနက ရေးဆွဲနေသည့် Emergency Law အတည်ပြု
ပြဋ္ဌာန်းပြီးနောက်တွင်သာ အရေးပေါ် လူနာတင်ယာဉ်များ အတွက် Hotline နံပါတ်ကို
အတည်ပြု ရရှိနိုင်မည်ဖြစ်ပြီး ယင်းဥပဒေ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံ ကျင်းပမည့် SEA GAMES မတိုင်မီ ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း
မြန်မာနိုင်ငံ ဆရာဝန်အသင်းထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment